တာချီလိတ်တွင် ဗုံးသီး ဟောင်း ထုရာမှ အမျိုးသမီး တဦး ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်း ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် မိန်း (ကီလို) ရောင်းဝယ်ရေးဆိုင် တွင် ယနေ့ မနက် ၁၁နာရီ ခွဲခန့်တွင် ဗုံးသီးဟောင်း ကို ထုရာမှ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo by Ko Hla Moe(တာချီလိတ်နာရေးကူညီရေးအသင်း)၊ ဗုံးသီးဟောင်းထုရာမှ ဒဏ်ရာရသည့် အမျိုးသမီးပုံ

ဖြစ်စဉ်မှာ ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် (ကီလိုဆိုင်) တွင် သံ၊သတ္တုများကို ပြားအောင်ပြုလုပ်ရာ ဗုံးသီးဟောင်းကို သွားထုမိသဖြင့် အသက် ၄၃ နှစ် အရွယ် အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ် မြို့ မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တဦးကပြောသည်။

“ အမျိုးသမီးက ဗုံးသီးဟောင်းဆိုတာ မသိဘူး။ သူက သာမာန် သံ၊သတ္တုထင်ပြီး ထုတာ။ အဲ့ဒါနဲ့ ပေါက်ကွဲသွားတာ” ဟု ရဲတပ်ဖွဲ့ဝင် က ပြောသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် အဆိုပါ အမျိုးသမီးသည် မျက်နှာ၊ ဆီးခုံ၊ ပေါင်နှင့် ခြေထောက်တို့ ဒဏ်ရာရရှိခဲ့ကြောင်း လက်ရှိမှာ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြောင်းလည်း ရဲတပ်ဖွဲ့ဝင် ရဲသား က ဆိုသည်။

Photo by Ko Hla Moe(တာချီလိတ်နာရေးကူညီရေးအသင်း)၊ ဗုံးသီးဟောင်းထုရာမှ ဒဏ်ရာရသည့် အမျိုးသမီးပုံ

“ အသံကတော့ ကျယ်တယ်။ လန့်တောင်လန့်သွားတယ်။ ဗုံးပေါက်ကွဲမှုဆိုတာတော့သိတယ်။ ဒါပေမယ့် ဗုံးသီးဟောင်းလို့မထင်ဘူး။ တယောက်ယောက်က လာထောင်ထားလို့ပေါက်ကွဲတယ်ထင်နေတာ” ဟု တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်နေထိုင်သည့် ကိုမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ပေါက်ကွဲသည့် ဗုံးသီးဟောင်းသည် M6 60 ဗုံးသီးဖြစ်ပြီး၊ အဆိုပါ ဗုံးသီးဟောင်း မည်သို့ရလာသည်ကို စုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...