Tuesday, January 27, 2026

မူဆယ်မြို့လယ်ခေါင် ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဈေးရပ်ကွက် မြို့လယ်ခေါင်တွင် တရုတ်ငွေလဲသည့်နေရာတွင် ယနေ့ မနက်(၆နာရီခွဲ)တွင် အမည်မသိ အမျိုးသား ၄ဦးက လာရောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Photo by ထုန့်ဟွေ့လီ/ မြို့လယ်ခေါင် တွင် တရုတ်ငွေလဲသည့် အမျိုးသမီးများပုံ

ယနေ့ ( ဖေဖော်ဝါရီ ၂၆) ရက် မနက် ၆နာရီခွဲ အချိန်တွင် တရုတ်ငွေလဲသည့် အမျိုးသမီး ၂ဦးထံ အမည်မသိ အမျိုးသား ၄ဦး ကားဖြင့် မောင်းလာကာ ကျပ်သိန်း ၁၀၀ ကျော် ဓားပြတိုက် သွားကြောင်း မျက်မြင်သက်သေ အမျိုးသမီး နန်းမေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အမျိုးသား ၄ဦး ကားမောင်းလာတယ်။ ၃ဦးကတော့ ကားပေါ်ကနေ ဆင်းလာတယ်။ ကျမတို့က ငွေလဲမယ်ပဲထင်တာ။ ကျမတို့ နားရောက်တော့ ငွေထုတ် တန်းလုသွားတယ်၊ ဓားတွေပါလာတယ်” ဟု နန်းမေ က ပြောသည်။

အဆိုပါ ဓားပြတိုက် ၄ဦးသည် အဖြူရောင် တရုတ်ကားကို မောင်းလာပြီး၊ ငွေထုတ်လုပြီးနောက် “ မင်္ဂလာမူဆယ်” ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ငွေများကို ဓားပြတိုက် လုယူသွားချိန်တွင် ဘေးပတ်ဝန်းကျင်၌ ကားသမားများ၊ အခြား ပြည်သူများ ရှိနေသော်လည်း တစုံတရား ကူညီပေးခြင်း မရှိကြောင်း၊ ထို ဓားပြတိုက်ခံရကြောင်တွင် ကြောက်စိတ်ကြောင့် ဓားပြ များကို တုန့်ပြန်မှု မရှိခဲ့ကြောင်းလည်း နန်းမေ က ပြောသည်။

“ တကယ်တော့ ကျမတို့ ၂ယောက်ထိုင်နေတာ။ သူတို့က ၂ယောက်စလုံး ရဲ့ ငွေအိတ်လုဖို့ ကြိုးစားတယ်။ ကျမရဲ့ ဘေးမှာ ထိုင်တဲ့ ပီမီးငွေပဲ လုလို့ ရသွားတယ်” ဟု နန်းမေ က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျသည့် ရဲတဦးက က “ ငွေလဲတဲ့ အမျိုးသမီး ငွေလုခံရတာ ဟုတ်ပါတယ်။ ကျနော်တို့ အခု တရားခံကို လိုက်လံ ဖမ်းဆီးနေပါတယ်။ ခုထိတော့ တရားခံ မရသေးဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။


Photo by ထုန့်ဟွေ့လီ/ မြို့လယ်ခေါင် တွင် တရုတ်ငွေလဲသည့် အမျိုးသမီးများပုံ

ဓားပြတိုက်သည့် အမျိုးသား ၄ဦး “ မင်္ဂလာမူဆယ်” ဘက်သို့ဆင်းသွားပြီးနောက် သက်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့များ ရောက်လာပြီး၊ အမှုဖွင့်ထားကြောင်းလည်း ငွေလှဲသည့် အသိုင်းအဝန်းက ပြောသည်။

“ ရဲတွေကတော့ ဓားပြ တွေပြန်မှ သူတို့ရောက်လာတယ်။ နောက် အမှုဖွင့်ပေးတယ်လို့ပြောတာပဲ။ ကျမတို့လည်း ဓားပြတဲ့သူပုံစံ သေချာမမြင်လိုက်ရဘူး။ ကားနံပတ်လည်း မကြည့်လိုက်ဘူး” ဟု ငွေလဲသည့် အမျိုးသမီး နန်းဆာ က ပြောသည်။

မူဆယ်မြို့တွင် တရုတ်ငွေလဲသည့် အမျိုးသမီးများကို မကြာခဏ ငွေလုယက်မှု၊ ဓားပြတိုက်မှု ရှိခဲ့သော်လည်း တရားခံကို တကြိမ်တခါမှ မဖမ်းမိခဲ့ကြောင်း လည်း နန်းဆာ က ပြောသည်။

“ ကျမတို့ငွေလဲတဲ့ အမျိုးသမီးတွေ က အရာရာကို ကြောက်နေရတယ်။ ကိုယ့်လုံခြုံရေးကို တာဝန်ယူရတယ်။ အခုက ၆နာရီခွဲဆိုတာ မိုးလင်းနေပြီ။ မူဆယ်မြို့ ကတော်တော် ကြောက်စရာကောင်းလာတယ်” ဟု နန်းဆာ က ဆိုသည်။

တရုတ် နယ်စပ် မူဆယ်မြို့တွင် တရုတ်ငွေလဲသူများအနက် ၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့တွင် ပြည်သူ့စစ်များ၊ လောင်းကစားရုံများ၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားသည့်နေရာ တခုဖြစ်ပြီး လုယက်သမား၊ ဒုစရိုက်သမားများ များပြားသည့်နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။