Monday, May 6, 2024

ငွေလဲသည့် အမျိုးသမီး

မူဆယ်မြို့ တရုတ်ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ယနေ့ (ဒီဇင်ဘာ ၂၇)ရက် ည ၇နာရီ၌ တရုတ်ငွေလဲသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သည့် တရုတ်ငွေလဲသည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲနေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

မူဆယ်မြို့လယ်ခေါင် ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဈေးရပ်ကွက် မြို့လယ်ခေါင်တွင် တရုတ်ငွေလဲသည့်နေရာတွင် ယနေ့ မနက်(၆နာရီခွဲ)တွင် အမည်မသိ အမျိုးသား ၄ဦးက လာရောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။   ယနေ့ ( ဖေဖော်ဝါရီ ၂၆) ရက် မနက် ၆နာရီခွဲ အချိန်တွင် တရုတ်ငွေလဲသည့် အမျိုးသမီး ၂ဦးထံ အမည်မသိ...

Latest news