Saturday, April 27, 2024

ကျိုင်းတုံဟော်နန်း မြေနေရာ ပြန်ပေးဖို့ ငြင်းပယ်ခြင်းဟာ တိုင်းရင်းသားအခွင့်အရေးကို မျက်ကွယ်ပြုရာ ကျတယ်  

Must read

(ဆောင်းပါးရှင်- အားဂျန် ပစ်ပါး)

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံဟော်နေရာကို လူမှုအဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကို မကြာသေးမီက မြန်မာအစိုးရကနေ ငြင်းပယ် လိုက်ခြင်းဟာ အမျိုးသားရင်ကြားစေ့ရေး ကို အားပေးမယ်ဆိုတဲ့ ကြွေး ကြော် ထားချက်ကို ဖြောင်လိမ်ချက် အဖြစ် တိုက်ရိုက်ဖေါ်ပြလိုက်တာဖြစ်တယ်။

Photo Credit- န၀တ ဖျက်ဆီးလိုက်သည့် ကျိုင်းတုံဟော်နန်း

ယမန်နှစ် သြဂုတ်လမှာ ကျိုင်းတုံရှိ မြို့မိမြို့ဖများ ဖွဲ့ထားတဲ့  “ကျိုင်းတုံဟော်လုံ ဖေါ်ဆောင်ရေး ကော်မတီ” က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ထံသို့ လူရာနဲ့ချီရေးထိုးထားတဲ့ လက်မှတ်နဲ့ အတူ မြေကွက် ပြန်လည်ရရှိရန် အသနားခံစာ တင်သွင်းခဲ့တယ်။ စာမှာ ၁၉၉၁ ခုနှစ်က စစ်အာဏာရှင်တို့ ဖြိုဖျက်ခဲ့သော ဟော်နန်းကို မူလအတိုင်း ပြန်ဆောက်ပြီး ပြတိုက်ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။

အဲဒီအတွက် ၂၀၂၀ ဖေဖော်ဝါရီလ  ၃ ရက်က  အထက်လွှတ်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတထံကနေ မဟုတ်ဘဲ အငယ်တန်းဝန် ကြီးတဦးက အမျိုးသားလွှတ်တော် ကျိုင်းတုံကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ် ထံပြန်ကြားခဲ့တယ်။ သူက ယခင်ဟော်နန်းဓါတ်ပုံများ၊  လူထုက အလေးထားသည့် ယဉ်ကျေးမှု မှတ်တိုင် တို့ကို ပြသခဲ့တယ်။

သို့သော်ဟော်တယ်နှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး ဦးတင်လတ် ရဲ့ ငြင်းပယ်မှုကို စိတ်ညစ်ငြူးဖွယ် ခံရပါတယ်။ ဟော်နန်းအဆောက်အဦးဟာ “ကိုလိုနီခေတ်ပုံစံ” ဖြစ်ပြီး ဘက်စုံ ယိုယွင်း နေပြီလို့ အကြောင်းပြပြီးတော့ ဟော်နန်းကိုဖြိုချခဲ့တယ်။ မြေကို အငှါး ချထားတဲ့ ဟော်တယ် နှစ်လုံးသက်တမ်း နှစ် ၇၀ ပြည့်မှသာ လွှဲပြောင်းဖို့ စဉ်းစားပေးနိုင်မယ်လို့ဆိုပါတယ်။  စာချုပ်အရ မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မီရှင် က ရန်ကုန် အခြေစိုက် ပုဂ္ဂလိကလုပ်ငန်းရှင် နှစ်ဦးကို တဦးလျှင် သန်း ၂၀၀ ကျပ် ၊ ကျပ်၂၅ သန်း နဲ့ အငှါးချထားတယ်လို့ သူက အထူးပြု ‌ပြောဆိုသွားပါတယ်။

အတိုချုပ်အားဖြင့် သမိုင်းအမွေအနှစ်နေရာကို ဖျက်ဆီးမှုအတွက် တစက်ကလေးမျှ စိတ်မကောင်း မဖြစ်သည့် အပြင် ရှမ်းယဉ်ကျေးမှုထိမ်းသိမ်းရေးကိုလည်း ဂရုမစိုက်ခဲ့ပါဘူး။ ကျိုင်းတုံလူထု ထံကနေ ဟော်နန်းကို စစ်တပ်က သိမ်းယူပြီး ဗဟို အစိုးရက အငှါးချထားခဲ့တာဖြစ်ပါတယ်။

ရင်ကြားစေ့ရေး အတွက် တိုင်းရင်းသားများအနေနှင့် ဝမ်းနည်းစရာနေ့ပါ။

ဒီအဖြစ်အပျက်ရဲ့ နောက်ခံ အကြောင်းကို  – ၁၉၉၄ ခုနှစ်က ထိုင်းနိုင်ငံ နေးရှင်းသတင်းစာမှာ ကျမရေးခဲ့တာကို ပြန်‌ပြောပါရစေ။

ဟော်နန်းကို အဓိပ္ပါယ်မဲ့ ဖြိုဖျက်တုန်းက ရှမ်းလူမျိုးတွေခံစားချက်နည်းတူ  ကျမလည်း ဒေါသဖြစ်မိပါတယ်။ ပုဂ္ဂိုလ်ရေး အရလည်း ပတ်သက်နေလို့ပါ။ ဒီ ကျိုင်းတုံ ဟော်နန်းကိုစိုးစံခဲ့တဲ့ အပါး ၄၀ ယောက်မြောက်စော်ဘွား ကျမ ရဲ့ အဘေးဖြစ်တဲ့  စဝ်ကွန်ကျောက် အင်းတာလှိုင်က တည်ဆောက်ခဲ့တာပါ။

အရင် ရှမ်း စော်ဘွားနယ် ၃၀ ကျော်ထဲမှာ  သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျိုင်းတုံနယ်ဟာဆိုရင် ဧရိယာ ၁၂၀၀၀ စတုရန်းမိုင်နဲ့ အကျယ်ဝန်းဆုံး နယ်ကြီးဖြစ်ပါတယ်။ ကျိုင်းတုံဟာ သမိုင်းအစဉ်အလာကြီးမားတယ်၊ ကိုယ်ပိုင်အုပ်ချုပ်တဲ့နယ်ဖြစ်တယ်။ ၁၈၈၀ ပြည့်လွန်နှစ်တွေမှာဆိုရင် မြန်မာနိုင်ငံဟာ ဗြိတိသျှ လက်အောက်ကျရောက်ပေမယ့်    ရှမ်းပြည်က တခြားစော်ဘွား တွေလိုဘဲ ကျိုင်းတုံနယ်ကစော်ဘွားကိုလည်း လွတ်လပ်စွာနဲ့ ဆက်လက်အုပ်ချုပ် ခွင့်ပြုခဲ့ပါတယ်။

ကျိုင်းတုံဟော်ကို ထိုအချိန်က တည်ဆောက်ခဲ့ ပါတယ်။ ၁၉၀၃ ခု မှာ စဝ်ကွန်ကျောက်က ဒေလီမှာ ဒါဘာတက်တော့ အိန္ဒိယ မဟာရာဂျာရဲ့ နန်းတော်ကို သဘောကျပြီး ကျိုင်းတုံပြန်ရောက်တော့ အိန္ဒိယ ဗိသုကာ တွေနဲ့ ဟော်နန်းအသစ်ကို ဆောက်စေခဲ့တယ်။ ၁၉၀၆ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။  ရှမ်းပြည်နယ်မှာ အကြီးဆုံးနဲ့  အခန်းနားဆုံး ဟော်နန်းတခုဖြစ်ခဲ့ပါတယ်။

ကျယ်‌ပြောတဲ့ နယ်ပယ်ကို ဒီဟော်နန်းကနေ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်။ ၁၉၅၉ ခုနှစ်မှာ နောက်ဆုံး ကျိုင်းတုံ စော်ဘွားဖြစ်တဲ့   ကျမ ဦးလေး စဝ်စိုင်းလုံ က ရွေးကောက်ခံ ရှမ်းပြည်နယ် အစိုးရ ကိုလွှဲပေးလိုက် တယ်။ ၁၉၆၂ ခု မြန်မာစစ်တပ်က အာဏာသိမ်းတော့ ဟော်နန်းကိုပါ သိမ်းတယ်။ စဝ်စိုင်းလုံလည်း တခြားစော်ဘွား တွေနည်းတူ အင်း စိန်ထောင်မှာ ၆ နှစ် ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ပြန်လွှတ်လာတော့လည်း သူ့နေရပ်ကိုပြန်နေခွင့် မပေးတော့ဘူး။

ကျိုင်းတုံဟော်နန်းကိုလည်း စစ်အာဏာပိုင်တွေက အုပ်ချုပ်ရေးရုံးအဖြစ် အသုံးပြုခဲ့တယ်။  ၁၉၉၁  မှာ ဟော်ကို ဖြိုဖျက်ချလိုက်တော့ ရှမ်းပြည် တခွင် ကဒေသခံလူထုတွေ မကျေမနပ်ဖြစ်ခဲ့ကြတယ်။

“သူတို့ ဖြိုခွင့် မရှိဘူး။ဒါက ကျိုင်းတုံ ပြည်သူတွေ ပိုင်တာ၊ စော်ဘွားတွေက လူထုဆီက ငွေကောက်ပြီး ဆောက်ထားတာ” လို့ ၁၉၉၄ မဆလ ခေတ်တုန်းက ကျိုင်းတုံ တရားသူကြီးတဦးဖြစ်တဲ့ စိုင်ဆာမ်တစ်  ကပြောပါတယ်။

စိုင်းဆမ်တစ်နဲ့ သူ့မိတ်ဆွေ ၂ ဦးဟာ ဟော်နန်းဖြိုဖျက်တုန်းက ကန့်ကွက်စာတွေ ဖြန့်ဝေတဲ့ စွဲချက်နဲ့ ထောင် ၄၆ ရက်ချခံခဲ့ရပါတယ်။ နောက်တော့ အထောက်အထား မခိုင်လုံလို့  ပြန်လွှတ်ပေး လိုက်ပါတယ်။

သူက “ ထောက်လှမ်းရေးက ‌ပြောတယ်။ အဆောက်အဦးတွေက သိပ်ဟောင်းနေတော့ ဖြိုချပစ်ရတော့မယ်။ နံရံတွေက သိပ်ထူတော့ တင့်ကားတွေ၊ ချိန်းကြိုးတွေနဲ့ တလလောက် ဖြိုရမယ်တဲ့။”- လို့ပြောပါတယ်။

အဲဒီအချိန်တုန်းက တာချီလိတ်က  ကျောင်းထိုင်ဆရာတော် နှစ်ပါးကလည်း ကျိုင်းတုံဟော်နန်းကို မဖြိုချဖို့  အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်တဲ့ ဗိုလ် ချုပ် မောင်အေးကို   သွား‌ပြောပါသေးတယ်၊ ဘာမှအကျိုးမရှိခဲ့ပါဘူး။

ဟော်ကို ဖျက် တုန်းကလည်း ရှမ်းတွေကိုခေါ်ရင် လုပ်ပေးမှာမဟုတ်ဘူးလို့သိကြလို့   ရှမ်းမဟုတ်တဲ့သူတွေ ၊ ကျိုင်းတုံထောင်က အကျဉ်းသားတွေ ကို  ခေါ်သုံးခဲ့တယ်။   ဟော် ဖျက် နေတုန်း လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သားတွေက စောင့်ကြပ်ထားတယ်။ အနီးအနားက လူတွေကို လည် အနားလာရင် ဖမ်းမယ်ဆိုပြီး ပြောဆိုခြိမ်းခြောက် တားဆီးထားကြတယ်။

လူထုကိုပိုပြီး ရင်နာစေတာကတော့  ဖြိုချလိုက်တဲ့ အမွေအနှစ်ကြီးရဲ့ အုတ်တွေကို ကျိုင်းတုံ မြို့လမ်းတွေပေါ် ဖြန့်ခင်းလိုက် တာပါဘဲ။

အဲဒီအချိန်မှာဘဲ စစ်အစိုးရက မန္တလေး၊ ပဲခူးတွေမှာရှိတဲ့ မြန်မာမင်း ဆက်တွေရဲ့ နန်းတော်တွေ ရှေးဟောင်းအမွေအနှစ်တွေကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက် နေကြပြီး ၊ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ရှမ်းတို့ရဲ့ဟော်နန်းကိုတော့ မခိုင်ခံ့တော့လို့ ဖြိုချလိုက်ပြီး ဟော်တယ်နဲ့ ခရီးသွား လုပ်ငန်း ကို အစားထိုးလိုက် တယ် လို့  သူတို့က အကြောင်းပြပါတယ်။ ဒါပေမယ့်အဲဒီ အကြောင်းပြ ချက်ကို မည်သူကမှ အယုံအကြည်မရှိခဲ့ပါဘူး။

ရှမ်းပြည်ထဲမှာဆိုရင် အခုထိ စစ်တွေဖြစ်နေကြတယ်။ ကျိုင်းတုံဟော်ကို ဖျက်လိုက်တာဟာဆိုရင် ရှမ်းတွေရဲ့ အတိတ်က ခိုင်မာတဲ့ကိုယ်ပိုင်အုပ်ချုပ်ရေး အမှတ်အသား၊ သြဇာ လက္ခဏာကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်တာဘဲ ဆိုတာ သိပ်ကိုသေချာနေပါတယ်။

Photo Amazing Kengtong Resort- ကျိုင်းတုံဟော်နန်းအားစစ်အစိုးရဖြိုချဖျက်ဆီး ဟော်တယ်ပြန်ဆောက်ပြီး စီးပွါးရေးလုပ်ငန်းရှင်ကိုနှစ် ၇၀ စာချုပ်ဖြင့်အစိုးရ ငှားရမ်းထား ပေး

ဟော်နန်းကို ဖျက်ပြီး ၅ နှစ်အကြာမှာတော့ မြန်မာစစ်တပ်က ရှမ်းပြည်နယ် အရှေ့ပိုင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ တြိဂံတိုင်း စစ်ဌာနချုပ်ကို ထူထောင်လိုက်ပါတယ်။ အဲဒီမှာ ပထမဆုံးတိုင်းမှူးကတော့ သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန် ပါဘဲ  ။ အလွှာ ၄ လွှာရှိတဲ့ New Kyaing Tong Hotel (အခု Amazing Kengtong Resort) ကိုလည်း အဲဒီနှစ်မှာဘဲ ဖွင့်လှစ်ခဲ့ပါတယ်။

ထူးခြားမှုမရှိ (တစ္ဆေခြောက်တယ်လို့နာမည်ကြီးခဲ့)တဲ့ ဒီဟော်တယ်ဟာ ကမ္ဘာ လှည့်ခရီးသွားတွေ ကြားမှာ ရေပန်းမစားဘဲ အစိုးရ အရာရှိတွေသာ အဓိက တည်းခိုကြတာပါ။  အဲတာနဲ့တပြိုင်တည်းမှာဘဲ Kyaing Tong Paradise Hotel ကိုလည်းဖွင့်လှစ်ခဲ့ပါတယ်။ ဒီဟော်တယ် ၂ ခုလုံးကို ဟော်တယ်နဲ့ ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနလက်အောက်မှာ ရှိခဲ့ပေမယ့်  Paradise Hotel ကို  ပုဂ္ဂလိက လုပ်ငန်းရှင် ဒေါက်တာ ဖုန်းမြင့်ကို တဆင့် ငှါးရမ်းလိုက်ပါတယ်။

ကျိုင်းတုံဟော်နန်းကြီးကို ဖျက်တာကြောင့် လူထုခံစားရတဲ့ စိတ်ထိခိုက်မှုနဲ့ ဒေါသတွေက ဘယ်တော့မှ  ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ယခုတိုင်ကျိုင်းတုံ ဟော် ပုံတွေက ကျိုင်းတုံနယ်မှာ ပြန့်နှံ့နေတုန်းပါ။

၂၀၀၂ ခု နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ကျိုင်းတုံဘက် စည်းရုံးရေးဆင်းတော့ ‌ဒေသခံလူထုက ဟော်နန်းဖြိုဖျက်တာကို တိုင်တန်းကြတယ်။ NLD ခေါင်းဆောင်တွေက သူတို့အာဏာရရင် ကျိုင်းတုံဟော်နေရာကို ပြန်ပေးမယ်။ ဟော်နန်းပြန်ဆောက်ခွင့်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရလို့ သူတို့အစိုးရဖြစ်လာတော့ သူတို့ကတိကို အကောင်အထည်ဖေါ်မလားလို့ ကျိုင်းတုံလူထုအပါအဝင် ရှမ်းပြည်တခွင်ကလူထုတွေက မျှော်လင့်ကြပါတယ်။

ဒီအချိန်မှာ New Kyaing Tong Hotel ပိုင်ရှင်ပြောင်းသွားတယ်။ ကာစီနို ကစားရုံလုပ်လိုက်တယ်။  မအောင်မြင်လို့  Amazing Hotels Group ဦးဆောင်တဲ့   မြန်မာ့ ဟော်တယ်ဆိုင်ရာ လုပ်ငန်း ရှင်များဥက္ကဌ ဦးအောင်မျိုးမင်းဒင် ကို ၂၀၁၅ မှာ လွှဲပေးလိုက်ပါတယ်။

၂၀၁၉ ဖေဖော်ဝါရီလ မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည် ကျိုင်းတုံကိုထပ်ပြီးရောက်လာတော့ Amazing Kengtong Resort မှာလာတည်းပါတယ်။ ဒေသခံများက ဟော်နန်းမြေပြန်ပေးဖို့ သူ့ကိုထပ်တောင်းဆိုပြန်တယ်။ ဒီတော့ ဒေါ်စုက အစိုးရဆီ တရားဝင် စာတင်ဖို့ပြောပါတယ်။ သူမ  ပြောတဲ့ အတိုင်း လူထုလုပ်ခဲ့ကြတယ်။

အခုတော့ အဖြေရပါပြီ – အနှစ် ၇၀ စာချုပ် မပြည့်မချင်း ပြန်မပေးနိုင်ဘူးတဲ့။  NLD  အစိုးရ လက်ထက်မှာဘဲ ၂၀၁၆ ဇူလိုင်လ နဲ့ ၂၀၁၇ ဇန်နဝါရီလမှာ နှစ်ရှည် မြေငှါးစာချုပ် နဲ့ငှါးလိုက်ပါတယ်။

ဖေဖော်ဝါရီလ  ၁၂ ရက်နေ့  ပင်လုံမှာနိုင်ငံတော် အတိုင်ပင်ခံ ပြောခဲ့တဲ့ ပြည်ထောင်စုနေ့ မိန့်ခွန်းမှာ ငြိမ်းချမ်း ရေးတည် ဆောက် ဖို့ အပြန်အလှန် ယုံကြည်မှု လိုအပ်တယ် လို့ ပြောတယ်။

“ဟုတ်ပါတယ် – ယုံကြည်မှု လိုအပ်တာပေါ့ – ကျိုင်းတုံမှာတော့  မရှိတော့ဘူး  ။”

 

Leave a Comments

- Advertisement -spot_img

Latest article