မိုင်းခုတ်မြို့နယ် ကျပ်သိန်း တသောင်းကျော် မူးယစ်ဆေး ဖမ်းရ၊ တရားခံလွှတ်မြောက်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းခုတ်မြို့နယ်အတွင်း ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးများကို သိမ်းဆည်းရမိပြီး တရားခံ လွှတ်မြောက်ကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

မိုင်းခုတ်မြို့နယ် တန့်ဆိုင်ကျေးရွာ အုပ်စု ကျဘိုရှိး ကျေးရွာ အနီးတွင် ဖေဖော်ဝါရီ ၂၁ ရက် တွင် မူးယစ်ဆေးဝါး ကျပ်သိန်း တသောင်းကျော် ကို ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

ဖေဖော်ဝါရီ ၂၁ရက် ညနေ ၅နာရီ ဝန်းကျင်တွင် ကျဘိုရှီးကျေးရွာအနီး မသင်္ကာသူ ၅ဦးကို စစ်ဆေးရန် ရပ်ခိုင်းစဉ် ၎င်းတို့ သယ်ဆောင်လာသည့် အိတ်များကို ပစ်ချပြီး ထွက်ပြေးသွားသဖြင့် ထိုအိတ်ထဲတွင် ICE အလေးချိန် ၁၀ ကီလို (ဒေသ ပေါက်ဈေး ကျပ်သိန်း ၂၀၀၀) နှင့် စိတ်ကြွဆေးပြား ကာလပေါက်ဈေး ၉၉၉၆ သိန်း တို့ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါး များဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသည့် မသင်္ကာသူ ၅ဦး ကို ဖမ်းဆီးရမိရေး အတွက် စုံစမ်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

အီးစီးကရက် တင်သွင်းရောင်းဝယ် သုံးစွဲခွင့်ပိတ်သော်လည်း အွန်လိုင်းပေါ် ရောင်းဝယ်မှုရှိနေဆဲ

0
သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ် သုံးစွဲခွင့် ပိတ်လိုက် သော်လည်း အွန်လိုင်းပေါ်တွင် ဆက်လက်ရောင်းဝယ်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အီးစီးကရက်၊ ရှီရှား နှင့် ဆက်စပ်ပစ္စည်းတွေကို တားမြစ် ကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး ရောင်းဝယ် သုံးစွဲခြင်းပြုလုပ်လျှင် အရေးယူခံမည် ဖြစ်ကြောင်းကို...

ထိုင်းနိုင်ငံ မယ်အိုင်းမြို့နယ်တွင် စိတ်ကြွဆေးပြား၂.၅ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ထိုင်းတပ်မတော် ဒေသ ၃ လက်အောက်ခံ တပ်ဖွဲ့များက စိတ်ကြွးဆေးပြား ခန့်မှန်းအားဖြင့် ၂.၅ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...