ဧပြီလအတွင်း သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပမည်ဟု RCSS/SSA ပြော

၂၀၁၇ ခုနှစ်ကတည်းက ကျင်းပခွင့်မရခဲ့သည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား လာမည့် ဧပြီလ ဆန်းပိုင်းအတွင်းကျင်းပသွားမည်ဟု တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က နှစ်ပတ်လည်အစည်းအဝေး အပြီး ထုတ်ပြန်ကြေငြာသည်။


RCSS/SSA ၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည်အစည်းအဝေးအား ဖေဖေါ်ဝါရီ ၂၁ ရက် မှ ၂၄ ရက်နေ့အထိ လွယ်တိုင်းလျန်းဗဟိုဌာနချုပ်တွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးအပြီး အချက် ၆ ချက်ပါ ကြေငြာချက် တစ်စောင်ထုတ်ပြန်ရာ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ND- National Dialogue ကျင်းပနိုင်ရေးဆောင်ရွက်သွားမည်ဟု ထည့်သွင်းထုတ်ပြန်ထားသည်။

RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးခမ်းစံက – “ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာ UPC ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်မယ်လို့ ဘဘောတူခဲ့တာတစ်ခုရှိပါတယ်။ အဲရှေ့မတိုင်ခင်မှာတော့ ဧပြီလဆန်းပိုင်း မှာ သျှမ်းအမျိုးသားအဆင့် ND ဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှာ ကျင်းပဖို့ သဘောတူထားတယ်” – ဟု ပြောပါသည်။

လင်းခေးမြို့တွင်ပြုလုပ်မည့် သျှမ်းအမျိုးသားအဆင့် ND ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အလုပ်အမှုဆောင်ဖွဲ့ မဖွဲ့ရသေးကြောင်း၊ အလုပ်အမှုဆောင်ဖွဲ့ ဖွဲ့စည်းနိုင်ရန် အတွက် မကြာမီ အစည်းအဝေးခေါ် ယူကျင်းပသွားမည်ဖြစ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးပါက မတ်ချ် လနှောင်းပိုင်း တွင် ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးတရပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တတိယ အကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မကျင်းပမီ ၂၀၁၇ ခု နှစ်ဆန်းပိုင်းက သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့ တွင် ပြင်ဆင်ခဲ့ဖူးသည်။

သို့သော် အစိုးရ နှင့် တပ်မတော်က ထိုမြို့များတွင် ကျင်းပခွင့်မပေးသည့်အပြင် လူထု သဘောထားရယူရန် လူထုတွေ့ဆုံပွဲများအားလည်း အစိုးရတပ်မတော်မှ လိုက်လံပိတ်ပင်သည့်အတွက် တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးစီးသွားသော်လည်း သျှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ယနေ့တိုင်ကျင်းပနိုင်ခြင်းမရှိသေးပေ။

(ယိင်းယိင်း ရေးသားပေးပို့သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...