မြန်မာနိုင်ငံ တွင် ခိုရိုနာ ဗိုင်းရပ်စ် ရုတ်တရက် တပြိုင်နက် တွေ့ရှိ၊ ကူးစက်လာနိုင်

0

မြန်မာနိုင်ငံတွင် Novel Corona Virus (ခိုရိုနာ ဗိုင်းရပ်စ်) ရုတ်တရက် တပြိုင်နက် တွေ့ရှိလာနိုင်ပြီး၊ ကူးစက်လာနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်သည် ဖေဖော်ဝါရီ ၂၃ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ခိုရိုနာ ဗိုင်းရပ်စ် ) ကူးစက်မြန် အဆုတ်ရောဂါ ရုတ်တရက် တွေ့ရှိလာနိုင်ပြီး၊ကူးစက်လာနိုင်သည့် အတွက် ယခု ကာလအတွင်း လူစု လူဝေးများသည့်နေရာ ပွဲလမ်းသဘင် များရှိရာနေရာ ရှောင်ကြဉ်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီး က ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လူစုလူဝေး နှင့် ပွဲလမ်းသဘင်များ ကို မဖြစ်မနေ ကျင်းပရပါက ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေး နှင့် ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကို တိကျ စွာ လိုက်နာရန်လည်း အသိပေးထားသည်။

Source by South China Morning Post

ခိုရိုနာ ဗိုင်းရပ်စ်သည့် ဖေဖော်ဝါရီ ၂၄ ရက် ညနေ အချိန်ထိ နိုင်ငံပေါင်း ၂၉ နိုင်ငံ ကူးစက်ခံရပြီး သေဆုံးသူ ဦးရေ (၂၆၂၅) ဦးရှိပြီး၊ ကူးစက်ခံရသူ ပေါင်း (၇၉၄၃၄) ဦးရှိကြောင်း သိရသည်။

Leave a Comments

SHARE