Tuesday, January 27, 2026

တရုတ်ရောက် မြန်မာလုပ်သားများ ယနေ့ထိ နေရပ်ပြန်ဆဲ

မူဆယ်မြို့ တရုတ်နယ်စပ်ဂိတ်များတွင် ယနေ့အချိန်ထိ တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာအလုပ်သမားများ ရှိနေဆဲ ဟု သတင်းရရှိသည်။

Photo by ထုန်ဟွေ့လီ/ တရုတ်ပြည်မှ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပုံ

တရုတ်နိုင်ငံ တွင် ဖြစ်ပေါ်နေသည့် Nobel Corona Virus (နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေး ပေါ် အခြေအနေတရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာကာ ဇန်နဝါရီလ ၃၀ ရက် ယနေ့လက်ရှိအချိန် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၂၀ အတွင်း ထို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇၈၇၅ ဦး သေဆုံးသူ ၁၇၀ ဦးရှိပြီဖြစ်ကြောင်း South China Morning Post သတင်းတွင်ဖော်ပြထားသည်။

တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင်မူ ယနေ့ချိန်ထိ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံမှ ပြန်လာသည့် အလုပ်သမား တရက်လျှင် ၂၀၀ ဦးခန့်ရှိကြောင်း မူဆယ်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမတ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ နယ်စပ် ဂိတ် တံခါး က မပိတ်ဘူး။ တရုတ်ရော မြန်မာရော မပိတ်ဘူး။ တရုတ်နှစ်သစ်ကူး အလုပ်တွေ ပိတ်တော့ အလုပ်သမားတွေ ကပြန်လာတယ်။ တကယ်တော့ ပိတ်လိုက်ရင် သူတို့ ခိုးပေါက်ကနေ လာမယ်။ခိုးပေါက်ကနေဆိုရင် ကျန်းမာရေး စစ်လို့ မရတော့ဘူး” ဟု စိုင်းကျော်သိန်း က ဆိုသည်။

Photo by ထုန်ဟွေ့လီ/ တရုတ်ပြည်မှ နေရပ်ပြန်လာသည့် မြန်မာလုပ်သားများပုံ

လက်ရှိ မူဆယ်- တရုတ်နယ်စပ်ဂိတ်တွင် တရုတ်ပြည်မှ ပြန်လာသည့် မြန်မာလုပ်သားများသာရှိကြောင်း၊ တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်လာခြင်းမရှိတော့ကြောင်း၊ မြန်မာပြည်ပြန်လာသည့် မြန်မာလုပ်သားများကို ကျန်းမာရေး မှ စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း စိုင်းကျော်သိန်း က ရှင်းပြသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့က တရုတ်ပြည်မှ ပြန်လာသည့်မြန်မာ အလုပ်သမား ၂ ဦး သည် ကိုယ်အပူချိန်တက်နေရာ မူဆယ်ဆေးရုံတွင် စစ်ဆေးမှု ခံယူစေခဲ့သည်။ ၎င်း ၂ ဦးအနက် အမျိုးသားမှာ သာမာန် အဖျားရောဂါဖြစ်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။ လက်ရှိတွင် ကျန်အမျိုးသမီးတဦးကို မူဆယ်ဆေးရုံတွင် ဆေး ကုသပေးနေကြောင်း သိရသည်။

“ အမျိုးသားကိုတော့ ပြန်လွှတ်လိုက်ပြီ။ အမျိုးသမီးကတော့ အခုထိ ဆေးရုံမှာရှိတယ်။ ဆရာဝန် တွေပြောပြချက် အရ သူတို့က သာမာန်ဖျားတာပါ။ အမျိုးသမီးလည်း အခု သက်သာလာပါပြီ” ဟု စိုင်းကျော်သိန်း က ဆက်လက်ပြောသည်။

လက်ရှိ တရုတ်ပြည် မှ ပြန်လာသည့် အလုပ်သမားများကို ကျန်းမာရေး ဌာန က သေချာ စိစစ်မှုပြုလုပ်နေသော်လည်း ကော်ရိုနာ ဗိုင်းရပ်( ဝူဟန်) ကူးစက်မြန် သည့် ရောဂါ ဖြစ်နေပြီး ရောဂါ လက္ခဏာသည် ရက်တပတ်ကြာမှ ပေါ်လာနိုင်သည့်အတွက် တရုတ်နယ်စပ်တွင်နေထိုင်သည့် ပြည်သူများအတွက် စိုးရိမ်မှုအရှိန် မြင့်တက်လာနေပါသည်။
“ ဒီရောဂါ အကြောင်း ကျနော်တို့ သိရသလောက် ရိုးရိုးအဖျားတိုင်းတာနဲ့ လည်း မတွေ့ရဘူးလို့ကြားတယ်။ ဒီမှာ က နေ့တိုင်းတရုတ်ပြည်က လာတဲ့ အလုပ်သမားတွေရှိနေတော့ ရောဂါပိုးပါလာမှာ ကြောက်နေရတယ်” ဟု မူဆယ်မြို့ဒေသခံ နန်းရွှေအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တရုတ်နယ်စပ် ဂိတ်များ ယနေ့တိုင် ဖွင့်လှစ်နေမှု သည် ဒေသခံများအတွက် စိုးရိမ်စရာ အချက်ဖြစ်နေကြောင်း၊ နေရပ်ပြန်လာသည့် အလုပ်သမား ကို မိမိနေရပ် မပြန်ခိုင်းသေးဘဲ သေချာ စိစစ်ပြီးမှသာ ပြန်လွှတ်သင့်သည် ဟု နန်းရွှေအောင် က ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရန်အတွက် အရှေ့တောင်အာရှရှိ နိုင်ငံတိုင်း Mask (နှာခေါင်းအုပ်)များကိုအလုအယက်ဝယ်ယူတပ်ဆင်ကြရာ မြန်မာနိုင်ငံတွင်လည်း ယခင်က ထက် ဈေးတင်ရောင်းနေကြကြောင်းလည်း မူဆယ်ဒေသခံများက ပြောဆိုလိုက်သည်။

“ Mask က ဆေးဆိုင်တွေမှာတောင် ပြတ်နေပြီ။ တချို့ ဆေးဆိုင်တွေက ဈေး တင်ရောင်းနေကြတယ်။ အရင်က တထုတ် ၅၀၀ ကျပ် ကို အခု ၂၀၀၀ကျပ်နဲ့ ပေးဝယ်နေရတယ်” ဟု နန်းရွှေအောင် က ဆိုသည်။

ထိုင်းနိုင်ငံတွင် Mask ကို ပုံမှန်ဈေးနှုန်းထက်ပိုမြင့်သောဈေးနှုန်းဖြင့် ရောင်းချပါက ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁၄၀၀၀၀( မြန်မာငွေ ကျပ်သိန်း ၇၀)၊ သို့မဟုတ် ပြစ်ဒဏ် ၂ ခု စလုံး ကျခံရမည်ဟုလည်း ထိုင်းမီဒီယာများတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် တရုတ်နယ်စပ် နှင့် ပိုပြီး နီးစပ်သည့် နိုင်ငံဖြစ်သော်လည်း ကိုရိုနာ ဗိုင်းရပ်စ် နှင့် ပတ်သက်ပြီး အသိပညာပေးမှု အားနည်းနေကြောင်း လည်း ပြည်သူများ က ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို တရုတ်ဘက်မှ စမ်းသပ်ကာလအဖြစ် ပြန်ဖွင့်မည်

0
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ် ဘက်မှ ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှစတင်ကာ မြန်မာ - တရုတ်နယ်စပ် ကျင်ဆန်ကျော့ ဂိတ်ကို စမ်းသပ်ဆဲကာလအဖြစ် တရုတ်တို့ဘက်မှ...

ကိုဗစ်မွေးရပ် ဝူဟန်တွင်အကျဉ်းကျသူ မြန်မာနိုင်ငံသားများ မူဆယ်နယ်စပ်ဂိတ်သို့ ပြန်ရောက်

0
ကိုဗစ် -၁၉ စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့တွင် အကျဉ်းကျသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် ယနေ့ မနက်ပိုင်းက သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထောင်ချခံရသည့် မြန်မာနိုင်ငံသား ၂၆၀ ကျော် အား မေလ ရ ရက် ယနေ့မနက်ပိုင်း...

မူဆယ်နယ်စပ်ဂိတ်တွင် ရွှေ့ပြောင်းအလုပ်သမားများ ပုံမှန်ပြန်လည် ဝင်၊ထွက်သွားလာနေ

0
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့နယ် အတွင်းရှိ နယ်စပ်ဂိတ်များ ဝင်၊ ထွက်သွားလာမှု ယခင်က အတိုင်းပြန်ဖြစ်နေကြောင်း သိရသည်။   တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နိုင်ငံအတွင်းရှိ ဈေးဆိုင်များ၊ စက်ရုံများ ယာယီပိတ်ဆိုင်း ခဲ့ကြသည်။ ထိုပိတ်ဆိုင်းမှုကြောင့်...

တရုတ်ပြည်မှ ပြန်လာသူတဦး လားရှိုးဆေးရုံတွင်သေဆုံး

0
မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့မှ လာသည့် မှန်လုံကားပေါ်တွင် လူနာတဦး နေမကောင်းဖြစ်ပွါးရာ လားရှိုးဆေးရုံတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။   မတ်လ ၅ ရက် ယမန်နေ့ ည ၈ နာရီခွဲက မူဆယ်မြို့ မှ လာသည့် မှန်လုံကားတစီးတွင် ပါလာသည့် ခရီးသည်တဦးနေမကောင်းဖြစ်ရာ လူမှုကူညီရေး အသင်း...

သျှမ်းပြည် ရိုးရာဓလေ့ ပွဲတော် ရက်ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်ရန်

0
Novel Corona Virus (ခိုရိုနာ) ကူးစက်မြန် အဆုတ်ရောင် ရောဂါ ကာကွယ်ရန် အတွက် သျှမ်းပြည် အတွင်း ကျင်းပလေ့ရှိသည့် ရိုးရာ ဓလေ့ ပွဲတော်များ ရက်ရွှေ့ဆိုင်ခြင်း၊ဖျက်သိမ်းခြင်း ဆောင်ရွက်ရန် သျှမ်းပြည် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။   အဆိုပါ...