သျှမ်းပြည် ရိုးရာဓလေ့ ပွဲတော် ရက်ရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်ရန်

0

Novel Corona Virus (ခိုရိုနာ) ကူးစက်မြန် အဆုတ်ရောင် ရောဂါ ကာကွယ်ရန် အတွက် သျှမ်းပြည် အတွင်း ကျင်းပလေ့ရှိသည့် ရိုးရာ ဓလေ့ ပွဲတော်များ ရက်ရွှေ့ဆိုင်ခြင်း၊ဖျက်သိမ်းခြင်း ဆောင်ရွက်ရန် သျှမ်းပြည် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

 

Photo by SHAN

အဆိုပါ ထုတ်ပြန်ချက်ကို သျှမ်းပြည် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် လက်မှတ်ဖြင့် မတ် ၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိမှာ မြန်မာနိုင်ငံတွင် ခိုရိုနာ ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ လူနာ မတွေ့ရှိသေး သော်လည်း ရောဂါ စတင်ဖြစ်ပွားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြင် နိုင်ငံပေါင်း (၇၀) ကျော် ကူးစက်ခံနေရသည်။

သျှမ်းပြည် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူ အများအပြား ရုတ်တရက် တပြိုင်နက် တွေ့ရှိလာနိုင်ပြီး ပြည်သူများအတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများ နှင့် လူမှုရေး အဖွဲ့အစည်းများ အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန မှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

ယခု ကာလ အတွင်း လူစုလူဝေးများပြားရာ နေရာများနှင့် ပွဲလမ်းသဘင် ရှိရာ နေရာများကို အတက်နိုင်ဆုံး ရှောင်ကြဉ်ကြရန်၊ အခြေအနေ အကြောင်းကြောင်း ကြောင့် မဖြစ်မနေ ကျင်းပနေမည့် လူစု လူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

SHARE