Tuesday, January 27, 2026

မူဆယ်နယ်စပ်ဂိတ်တွင် ရွှေ့ပြောင်းအလုပ်သမားများ ပုံမှန်ပြန်လည် ဝင်၊ထွက်သွားလာနေ

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့နယ် အတွင်းရှိ နယ်စပ်ဂိတ်များ ဝင်၊ ထွက်သွားလာမှု ယခင်က အတိုင်းပြန်ဖြစ်နေကြောင်း သိရသည်။

 

Photo by ထုန့်ဟွေ့လီ/ ယနေ့ တရုတ်ပြည်ဘက်သို့ ဝင်ရန် ဆင်ဖြူဂိတ်တွင် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းအလုပ်သမားများ

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (ခိုရိုနာ ဗိုင်းရပ်စ်) ကြောင့် တရုတ်နိုင်ငံအတွင်းရှိ ဈေးဆိုင်များ၊ စက်ရုံများ ယာယီပိတ်ဆိုင်း ခဲ့ကြသည်။

ထိုပိတ်ဆိုင်းမှုကြောင့် မြန်မာ- တရုတ်နယ်စပ်သို့ သွားရောက် အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ် သမားများ ယာယီခေတ္တ နားထားရာမှ ယခု တရုတ်ပြည်သို့သွားပြီး အလုပ်ပြန်လုပ်ကြကြောင်း မူဆယ်ဒေသခံ များကပြောကြားသည်။

“ တရုတ်ပြည် ပြန်ဝင်ပြီး အလုပ်ပြန်လုပ်တာ တပတ်လောက်ရှိပြီ။ တရုတ်ပြည် ဂျယ်ဂေါင်၊ ရွှေလီတွေမှာ တော့ ဆိုင်တွေပြန်ဖွင့်ဘူး။ တချို့ စက်ရုံတွေလည်းပြန်ဖွင့်ပြီလို့ ကြားတယ်” ဟု မူဆယ်မြို့ဒေသခံ စိုင်းလောဝ် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by ထုန့်ဟွေ့လီ/ ယနေ့ တရုတ်ပြည်ဘက်သို့ ဝင်ရန် ဆင်ဖြူဂိတ်တွင် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းအလုပ်သမားများ

လက်ရှိတွင် ခိုရိုနာ ဗိုင်းရပ်စ် ထက် စားဝတ်နေရေး အတွက် ပိုပြီး စိုးရိမ်နေရကြောင်း၊ တရုတ်ပြည်ရှိ ဈေးဆိုင်များ၊ စက်ရုံများ ယာယီပိတ်လိုက်သည့်အခါ ရွှေ့ပြောင်းအလုပ်သမားများအတွက် အခက်အခဲများစွာ ကြုံခဲ့ရကြောင်း စိုင်းလောဝ် က ပြောသည်။

တရုတ်ပြည် အတွင်းသို့ သွားရောက် အလုပ်လုပ်သည့် သူများသည် မြန်မာပြည်တဝှမ်းရှိ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း သိရသည်။

“ ဆိုင်တွေ ပြန်ဖွင့်နေပြီလို့ပြောလို့သွားတာပါ။ မသွားရင်လည်း လစာမရဘူးလေ။ ဝမ်းရေး က ရှိသေးတယ်” ဟု တရုတ်ပြည် ရွှေလီတွင် အလုပ်လုပ်နေသည့် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တရုတ်ပြည်သို့ သွားရောက်ပါက မြန်မာပြည်ဘက်တွင် တကြိမ်၊ တရုတ်ပြည်ဘက်တွင် တကြိမ် ကိုယ်အပူချိန် တိုင်းကြောင်း၊ ကိုယ်အပူချိန် ရှိနေပါက ဖြတ်သန်းသွားလာခွင့်မပြုကြောင်းလည်း အဆိုပါ အမျိုးသမီးက ပြောသည်။

“ မသွားရင်လည်း စားဖို့က မရှိ၊ အစစအရာရာ ဈေးက မြင့်နေတော့ ဘာဗိုင်းရပ်စ် မှ ကြောက်မနေတော့ဘူး” ဟုလည်း တရုတ်ဘက်သို့ ဝင်ပြီး အလုပ်လုပ်ရန် တန်းစီနေသည့် ရွှေ့ပြောင်းအလုပ်သမား မောင်အေး က ပြောသည်။

Photo by ဒေသခံတဦး/ တရုတ်ပြည်ဘက်သို့ ဝင်ရန် ရွှေနန်းတော် ဂိတ် (အလယ်ဂိတ်) တွင် စောင့်ဆိုင်းနေသူများ

မြန်မာ-တရုတ်နယ်စပ်ဂိတ်တိုင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်နေကြောင်း၊ နယ်စပ် အဝင်၊ အထွက်ဂိတ်တိုင်း ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်နေပြီး ကိုယ်အပူချိန် ရှိနေသူ၊ နေမကောင်းသူဖြစ်ပါက နယ်စပ်ဂိတ်ဖြတ်သန်းခွင့်မပြုကြောင်း မူဆယ်မြို့ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသည့် အဖွဲ့ မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ နယ်စပ်ဂိတ်ကတော့ ပိတ်တာမရှိဘူး။ အဝင်၊ အထွက် နည်းသွားတာပဲရှိတယ်။ တဖက် တရုတ်နိုင်ငံ အလုပ်တွေ ဈေးဆိုင်တွေပိတ်တော့ သွားတာနည်းသွားတယ်။ အခု ပြန်ဖွင့်တော့ တရုတ်ပြည်ပြန်သွားသူများလာတယ်။ မသွားနဲ့လို့လည်း တားလို့မရဘူး” ဟု ၎င်း က ပြောသည်။

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် သည် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပျံ့နှံ့နေပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူ ( ၁၂၄၁၇၁) ဦး ၊ သေဆုံးသူ ၄၆၂၂ ဦးရှိပြီဖြစ်ကြောင်း South China Morning Post သတင်း တွင်ဖော်ပြထားသည်။

သို့သော် တရုတ်ပြည်နှင့် နယ်မြေ ထိစပ်နေသည့် မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ရောဂါကူးစက်ခံရသူ၊ သေဆုံးသူတဦးတယောက်မှ မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...

မူဆယ်မြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ် ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းရွာ(ပၢင်ႇၶမ်း)နေ အမျိုးသားတစ်ဦးသည် ဘုရားမီးပူဇော်ရန် သုံးပြုသည့် သစ် သွားရှာရာမှ မန့်ဟိုပိုး(မၢၼ်ႈႁူဝ်ပူဝ်း)တွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅) ရက် နေ့လည် ၁နာရီဝန်းကျင်တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်ပြတ်သည့်အထိ...

စစ်ကောင်စီ လေကြောင်းဗုံးကြဲ အရပ်သား ၃ဦး ထိခိုက် နေအိမ်အများအပြားပျက်စီး

0
သျှမ်းမြောက် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ယမန့်နေ့ (ဒီဇင်ဘာ ၂)ရက် ည ၆နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား​(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးသွားကြောင်းစုံစမ်းသိရသည်။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ယမန်နေ ဒီဇင်ဘာလ ၂ ရက်နေ့ည ၆ နာရီကျော်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်...