Tuesday, January 27, 2026

မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ဂိတ်ကို တရုတ်ဘက်မှ စမ်းသပ်ကာလအဖြစ် ပြန်ဖွင့်မည်

သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်းကျော့ ဂိတ်ကို စမ်းသပ်ကာလအဖြစ် တရုတ် ဘက်မှ ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှစတင်ကာ မြန်မာ – တရုတ်နယ်စပ် ကျင်ဆန်ကျော့ ဂိတ်ကို စမ်းသပ်ဆဲကာလအဖြစ် တရုတ်တို့ဘက်မှ ဖွင့်လှစ်ပြီး အောင်မြင်ပါက ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ကုန်သည်၊ ကားသမားများထံမှ သိရသည်။

“ဟုတ်ပါတယ်၊ ဒီနေ့ကနေ ၂ ရက် ၃ ရက်အတွင်းကို တရုတ်တွေက မြန်မာပြည်ဘက်က ကုန်တွေကို စတင် လက်ခံမယ်တဲ့၊ မနက်ဖြန်မှာ ကျနော်တို့လည်း အစမ်းဝင်သွားပါမယ်၊ အားလုံး အိုခေရင် ၂၅ ရက်မှာတော့ အတည်တကျပုံမှန်အတိုင်းပြန်ဖွင့်မယ်တဲ့၊ ဖွင့်ဖို့ ရာခိုင်နှုန်းများပါတယ်” ဟု ကားသမား တစ်ဦးက ပြောသည်။

တရုတ်ဘက်မှ နယ်စပ်ဂိတ်ဖွင့်ပြီး အစမ်းကာလအတွင်း ကုန်များကို ပို့ဆောင်ခွင့် ပြုသော်လည်း မြန်မာပြည်ဘက်မှ ကားများနှင့် ကားသမားများကို ဝင်ခွင့်ပြုမည်မဟုတ်သေးကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့ တရုတ်ဘက်က ကိုဗစ် ကာကွယ်ရေးအတွက်ပြင်ဆင်ပြီးပေမယ့် မြန်မာပြည်ဘက်မှ ဘာမှမရှိသေးလို့ ကုန်တွေကပဲ တရုတ်ပြည်ထဲ ဝင်ခွင့်ရမယ်ထင်တယ်၊ ကားနဲ့ ကားသမားတွေကျတော့ ဒီဘက်ပဲ ကျန်ခဲ့ရမှာ၊ တရုတ်က သူတို့ဘက်က လူနဲ့ ကားနဲ့ ကျနော်တို့ကုန်ကို သယ်ပေးမှာ ထင်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာ – တရုတ် နယ်စပ်ဂိတ်များအနက် ကျင်ဆန်ကျော့ဂိတ်ကို မြန်မာပြည်ဘက်မှာ ကုန်ပစ္စည်းများ လက်ခံရာ ဂိတ်ပေါက်အဖြစ်ထားရှိမှာဖြစ်ပြီး တရုတ်ပြည်ပစ္စည်းများကို လက်ခံရန်အတွက် ကျယ်ဂေါင် နယ်စပ်ဂိတ်ကိုထားရှိမည်ဖြစ်ကြောင်း သိသည်။

ကိုဗစ် – ၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုနှုန်းမြင့်မားနေမှုကြောင့် တရုတ်တို့ဘက်မှ နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ၂၀၂၀ ဧပြီလ ၁ ရက်နေ့ကတည်းက ယနေ့အထိ ပိတ်ထားသည်မှာ ၁ နှစ်ကျော် ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် MNDAA ထိန်းချုပ် ကျင်ဆန်ကျော့ တရုတ်ပြန်ဖွင့်၊ ကြံတင်ပို့ခွင့်ရမည်ဟုဆို

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

တရုတ်ပြည်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုကာ တရုတ်က ဖမ်းဆီး

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများ ကိုက်ညီမှု မရှိဟုဆိုပြီး တရုတ်ဘက်မှ ဖမ်းဆီးကာ သိမ်းဆည်းထားကြောင်း စုံစမ်းသိရသည်။ ယခုနှစ် မေ ၁၆ ရက်တွင် မူဆယ်မြို့ ကျင်ဆန်ကျော့မှ တဆင့် တရုတ်ပြည် ဝမ်တိန်သို့ ပဲစိမ်း...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...