Tuesday, January 27, 2026

မူဆယ်မြို့နယ် MNDAA ထိန်းချုပ် ကျင်ဆန်ကျော့ တရုတ်ပြန်ဖွင့်၊ ကြံတင်ပို့ခွင့်ရမည်ဟုဆို

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့် ကြံတင်ပို့နိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောသည်။

“ကုန်တွေက တရုတ်ဘက်ကိုပဲ သယ်လို့ရတာ၊ မြန်မာဘက်ကို အဝင်မရှိဘူး။ ကျင်ဆန်ကျော့ တရုတ်ကို ပို့တာ ပြောင်းဖူး ရှိမယ်၊ နောက်ရက်က စပြီး ကြံပို့လို့ရမယ်လို့ ပြောတယ်။ မနှစ်က တိုက်ပွဲ စဖြစ်ကတည်းက ကြံတွေ၊ ပြောင်းတွေက ဘယ်မှ ပို့မရခဲ့ဘူး။ အခု MNDAA ထိန်းထားတယ် ဒီမှာ”ဟု မူဆယ်မြို့ဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျင်ဆန်ကျော့ဂိတ်တွင် တရုတ်နိုင်ငံဘက်သို့ ပြောင်းနှင့် ကြံကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရန် တရုတ်ဘက်မှ ယူနန်ပြည်နယ် အာဏာပိုင်များက ညီနောင်မဟာမိတ်တပ်များနှင့် ဆွေးနွေးပြီး ဂိတ်ပြန်ဖွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောဆိုသည်။

မူဆ​ယ် ကျင်ဆန်ကျော့နယ်စပ်ဂိတ်

အလားတူ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင်လည်း တရုတ်ဘက်မှ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များ တနိုင်တပိုင် သယ်ယူခွင့်ကို တရုတ်အာဏာပိုင်နှင့် စစ်ကောင်စီ ပူးပေါင်းပြီး အကန့်အသတ်ဖြင့် အနည်းငယ်သာ ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဟင်းသီးဟင်းရွက်ကတော့ ကျယ်ဂေါင်ကနေ နည်းနည်းချင်းစီ သယ်လို့ရတယ်။ ဆိုင်ကယ်နဲ့ သယ်မယ်ဆိုရင်တောင် တစ်ဖာချင်းစီပဲ ရတယ်။ အဲ့တာတောင် စစ်ကောင်စီက လွှတ်ပေးတဲ့အခါရှိတယ် မလွှတ်ပေးတာလည်း ရှိတယ်။ စွမ်စော်ဘက်က တံတားမှာ ဆိုင်ကယ်ဆင်းတွန်းမှ ဖြတ်လို့ရတယ်”ဟု မူဆယ်ဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ‘ဝ’နှင့် မိုင်းလားဘက်ရှိ နယ်စပ်ဂိတ်များတွင်လည်း တရုတ်နိုင်ငံဘက်မှ ပြန်ဖွင့်ပေးကာ ကုန်စည်သယ်ယူခွင့် ရနေပြီး အင်တာနက် ဆက်သွယ်ရေးကွန်ယက်များကိုလည်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အခြားတဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက်ပိတ်ထားပေးပြီး တရုတ်အစိုးရနှင့် စစ်ကောင်စီ ညှိနှိုင်း၍ တည်ငြိမ်မှုရှိမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ယူနန်ပြည်နယ် ရွှေလီလူဝင်မှုစစ်ဆေးရေး ဌာနမှူးက စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လဝက ဝန်ကြီးသည် မိုင်ထောင်ချီ ရှည်လျားသည့် တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်မှုအောက် တစ်ခုတည်း ကျန်ရှိနေသည့် မူဆယ်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ခြမ်းမှ နိုဝင်ဘာလ ၂၀ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...