မူဆယ်မြို့နယ် MNDAA ထိန်းချုပ် ကျင်ဆန်ကျော့ တရုတ်ပြန်ဖွင့်၊ ကြံတင်ပို့ခွင့်ရမည်ဟုဆို

သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့် ကြံတင်ပို့နိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောသည်။

“ကုန်တွေက တရုတ်ဘက်ကိုပဲ သယ်လို့ရတာ၊ မြန်မာဘက်ကို အဝင်မရှိဘူး။ ကျင်ဆန်ကျော့ တရုတ်ကို ပို့တာ ပြောင်းဖူး ရှိမယ်၊ နောက်ရက်က စပြီး ကြံပို့လို့ရမယ်လို့ ပြောတယ်။ မနှစ်က တိုက်ပွဲ စဖြစ်ကတည်းက ကြံတွေ၊ ပြောင်းတွေက ဘယ်မှ ပို့မရခဲ့ဘူး။ အခု MNDAA ထိန်းထားတယ် ဒီမှာ”ဟု မူဆယ်မြို့ဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျင်ဆန်ကျော့ဂိတ်တွင် တရုတ်နိုင်ငံဘက်သို့ ပြောင်းနှင့် ကြံကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရန် တရုတ်ဘက်မှ ယူနန်ပြည်နယ် အာဏာပိုင်များက ညီနောင်မဟာမိတ်တပ်များနှင့် ဆွေးနွေးပြီး ဂိတ်ပြန်ဖွင့်ပေးခြင်း ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောဆိုသည်။

မူဆ​ယ် ကျင်ဆန်ကျော့နယ်စပ်ဂိတ်

အလားတူ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင်လည်း တရုတ်ဘက်မှ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များ တနိုင်တပိုင် သယ်ယူခွင့်ကို တရုတ်အာဏာပိုင်နှင့် စစ်ကောင်စီ ပူးပေါင်းပြီး အကန့်အသတ်ဖြင့် အနည်းငယ်သာ ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဟင်းသီးဟင်းရွက်ကတော့ ကျယ်ဂေါင်ကနေ နည်းနည်းချင်းစီ သယ်လို့ရတယ်။ ဆိုင်ကယ်နဲ့ သယ်မယ်ဆိုရင်တောင် တစ်ဖာချင်းစီပဲ ရတယ်။ အဲ့တာတောင် စစ်ကောင်စီက လွှတ်ပေးတဲ့အခါရှိတယ် မလွှတ်ပေးတာလည်း ရှိတယ်။ စွမ်စော်ဘက်က တံတားမှာ ဆိုင်ကယ်ဆင်းတွန်းမှ ဖြတ်လို့ရတယ်”ဟု မူဆယ်ဒေသခံ အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ‘ဝ’နှင့် မိုင်းလားဘက်ရှိ နယ်စပ်ဂိတ်များတွင်လည်း တရုတ်နိုင်ငံဘက်မှ ပြန်ဖွင့်ပေးကာ ကုန်စည်သယ်ယူခွင့် ရနေပြီး အင်တာနက် ဆက်သွယ်ရေးကွန်ယက်များကိုလည်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အခြားတဘက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက်ပိတ်ထားပေးပြီး တရုတ်အစိုးရနှင့် စစ်ကောင်စီ ညှိနှိုင်း၍ တည်ငြိမ်မှုရှိမှသာ ပြန်လည်ဖွင့်လှစ်ပေးမည်ဟု ယူနန်ပြည်နယ် ရွှေလီလူဝင်မှုစစ်ဆေးရေး ဌာနမှူးက စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးခဲ့သည်ဟု စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

စစ်ကောင်စီ လဝက ဝန်ကြီးသည် မိုင်ထောင်ချီ ရှည်လျားသည့် တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်မှုအောက် တစ်ခုတည်း ကျန်ရှိနေသည့် မူဆယ်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ခြမ်းမှ နိုဝင်ဘာလ ၂၀ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...