ကျောက်မဲမြို့အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံ လက်နက်ကြီးသံများကြောင့်လူထုထိတ်လှန့်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း အမြှောက်တပ်ဘက်တွင် ပစ်ခတ်သံများကြားရသဖြင့် ဒေသခံလူထု ထိတ်လှန့်မှုရှိနေကြောင်းသိရသည်။ သြဂုတ်လ ၁၆ ရက် ည ၁၀ နာရီခန့်က သေနတ်ပစ်ခတ်သံ လက်နက်ကြီးငယ်ပစ်ခတ်သံများကြား ရခြင်းဖြစ်ကြောင်း ကျောက်မဲဒေသခံများကပြောသည်။ “ကနေ့ည ၁၀ နာရီအချိန်လောက်မှာပေါ့ ၃၅၂ အမြှောက်တပ်နားမှာ ပစ်ခတ်သံလက်နက်ကြီးသံကြားတယ်။ ဘယ်သူ့လက်ချက်၊ ဘယ်လိုဖြစ်လဲဆိုတာတော့မသိရသေးဘူခင်ဗျ။ ညလည်းနက်ပြီဆိုတော့ ဘယ်သူမှနေအိမ်ကနေမထွက်ရဲကြဘူးလေ။...
မူဆယ်မြေပြို အိမ် ၁၀ လုံးကျော် ပျက်စီး လူသူသေကြေထိခိုက်မှုမရှိ
သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ယခုရက်ပိုင်း မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ခရစ်ယာန်ရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက် နေအိမ် ၁၀ လုံးကျော်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။ ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် တောင်စောင်းတွင် နေထိုင်သည့် ခရစ်ယာန်ရပ်ကွက်နေအိမ် ၁၃လုံး နှင့်...
နောင်ချိုတိုက်ပွဲအပြီး TNLA နှင့် RCSS တို့ ဆက်လက်တိုက်ပွဲဖြစ်ပွါး TNLA တဦးကျ
သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချို မြို့နယ် မန်ပန်ရွာ နှင့် ပန်မိုလု ရွာကြား တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ သြဂုတ်လ ၁၅ ရက် ညနေ...
မန္တလေးတိုင်း ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် အနီးရှိ တောင်ကုန်းပေါ်တွင် ဘတ္တရီအိုး၊ ဝါယာကြိုးများ နှင့် ချိတ်ဆက်ထားသည့် ဒုံးသီး ၆ လုံး နှင့် ဘတ္တရီ ၁ လုံး တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက် အရ...
နောင်ချိုမြို့နယ် အတွင်း ဖြစ်ပွါးသောတိုက်ပွဲတွင် လူ ၁၀ ဦးထက်မနဲသေဆုံး
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အတွင်း ယနေ့မနက်ပိုင်းကဖြစ်ပွါးသော ညီနောင်မဟာမိတ် အဖွဲ့နှင့် မြန်မာ့ တပ်မတော် တို့ကြား တိုက်ပွဲကြောင့် သေဆုံးသူ ၁၄ ဦး ၏ရုပ်အလောင်းများအားတွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။ လက်ရှိ မြေပြင် သတင်း အရ မဟာမိတ်တပ်များဝင်ရောက်ပစ်ခတ်ခဲ့သော ဂုတ်တွင်းရဲကင်း၌ ညနေ ၄ နာရီ...
တာမိုးညဲ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တဦး ကျည်ထိမှန်သေဆုံး
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ မုံးစီးကျေးရွာ တွင် တိုက်ပွဲကြောင့် အသက် ၁၉ နှစ် အရွယ် လူငယ်တဦး ဦးခေါင်း ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၃ ရက် ညနေ ၃ နာရီခွဲက တာမိုးညဲ မုံးစီး ကြား...
မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ ဂုတ်တွင်းတံတားတိုက်ခိုက်မှု သျှမ်းပြည်မြောက်ပိုင်းလမ်း ပြတ်တောက်
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကြား ရှိ ဂုတ်တွင်းတံတား နှင့် ရဲကင်းအား မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးပြတ်တောက်သွားသည်ဟု သိရှိရသည်။ “တံတားတော့ တကယ်ထိမံသွားတယ်။ တံတားကော ၊ ကားလမ်းကော ဘယ်တော့ ပြန်သွားလာနိုင်မလဲ တော့မသိဘူး။ အခု...
သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
သျှမ်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာ သမားများ မှ သတင်းသမားနှင့် လုံခြုံရေး ခေါင်းစဉ်ဖြင့် တောင်ကြီး မြို့ ၊စိန်ပန်းရပ် ၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် ဆွေးနွေးပွဲ ကျင်းပခဲ့သည် ။ သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် သျှမ်းပြည််နယ်တွင်းရှိသတင်းသမားများအားလုံးစည်းလုံး ညီညွတ်မှုရှိစေရန်နှင့် ခိုင်မာအားကောင်း သော...
ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခု ကို ညီနောင် ၃ တပ် ပေါင်းတိုက်
သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါ အဝင် နေရာ ၅ ခုကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ် မတော်...
မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာ ကျောင်းသား ၁၆ ဦးကို မစင်သုတ်လိမ်းသည့် ဆရာမတဦး တိုင်ကြားခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပန်းဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ နမ့်တောင်းကျေးရွာ အထက်တန်းခွဲ၌ လပတ် စာမေးပွဲကျသည့် စတုတ္ထတန်းကျောင်းသား ၁၆ ဦးကို ဆရာမ တဦးက မစင်သုတ်လိမ်းသဖြင့် ကျောင်းသားမိဘများက တိုင်ကြားထားသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်နေ့က စာမေးပွဲ အောင်သည့် ကျောင်းသား...





