မြန်မာနိုင်ငံ ပထမဆုံး COVID-19 အတည်ပြု လူနာ ၂ဦး တွေ့ရှိ

0

မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 အတည်ပြု လူနာ အမျိုးသား ၂ဦး စတင်တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကြေညာလိုက်သည်။

 

Photo by ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန

အဆိုပါ ကြေညာချက်သည် မတ် ၂၃ ရက် ည ၁၁နာရီ ၄၅မိနစ်တွင် ထုတ်ပြန်လိုက်သည်။

COVID-19 အတည်ပြု လူနာတဦးသည် ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သည့် အသက် ၃၆နှစ် အရွယ် အမျိုးသားဖြစ်ပြီး၊ မတ် ၁၃ရက်နေ့တွင် အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့လေကြောင်းဖြင့်ဝင်ရောက်လာသူဖြစ်သည်။

ထို့ပြင် နောက်တဦးသည် အသက် ၂၆နှစ်အရွယ် ဖြစ်ပြီး အင်္ဂလန်နိုင်ငံမှ မတ် ၂၂ရက်နေ့တွင် လေကြောင်းလိုင်းဖြင့် ဝင်လာသူဖြစ်သည်။

အသက် ၃၆နှစ် COVID-19 လူနာတဦးကို ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသနေပြီး၊ အသက် ၂၆နှစ် အရွယ် လူနာကို ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကု ဆေးရုံတွင် ဆေးကုသခံယူနေကြောင်းသိရသည်။

အဆိုပါ အမျိုးသား ၂ဦးနှင့် ထိတွေ့ခဲ့သည့် သူများကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE