ထိုင်းမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ၁၁ ဦး ခိုရိုနာ သံသယ စောင့်ကြည့်

0

ထိုင်းနိုင်ငံ မှလွှဲပြောင်းသည့် မြန်မာနိုင်ငံသား ၉၂ ဦး တွင် COVID-19 သံသယရှိလူနာ ၁၁ ဦး ပါရှိနေကြောင်း သတင်းရရှိသည်။

Photo by MeKong News -မဲခေါင်သတင်း/ ယနေ့ ထိုင်းမှ လွှဲပြောင်းပေးသည့်မြန်မာနိုင်ငံသား ၉၂ ဦးပုံ

အဆိုပါ သူများကို ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာနိုင်ငံ တာချီလိတ်မြို့ ရှိ သက်ဆိုင်ရာ သို့ ယနေ့ မတ်လ ၂၃ ရက်က လွှဲပြောင်းပေးခဲ့ ခြင်းဖြစ်ပါသည်။

ထို မြန်မာနိုင်ငံသား ၉၂ ဦးသည် ထိုင်းနိုင်ငံ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်စေ့ပြီး ပြန်လွှတ်လာသည့်သူများဖြစ်ကြောင်း၊ ထိုထဲမှ ၁၁ ဦးသည် နေမကောင်းသဖြင့် COVID-19 သံသယ စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်လိုက်ကြောင်း၊ ကျန် ၈၁ ဦးကိုလည်း ၁၄ ရက် စောင့်ကြည့် မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း COVID-19 အရေးပေါ် တုံ့ပြန်ရေး အဖွဲ့မှ ဒေါက်တာ ဂျန်ယံဆက် က မဲခေါင်မီဒီယာ တွင် ပြောဆိုထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာန မှ တာချီလိတ်မှ သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးကို ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ကြခြင်းမရှိပေ။

ထို လူနာ ၁၁ ဦးသည် ဘန်ကောက် အကျဉ်းထောင် မှ လာကြသည့် သူများဖြစ်ပြီး၊ ကိုယ်အပူချိန် စစ်ဆေးသည့် အခါ အရမ်မြင့်နေကြောင်းလည်း ဒေါက်တာ ဂျန်ယံဆက်က ပြောသည်။

“လူနာ ၁၁ ဦးက သီးသန့်ထားတယ်။ လိုအပ်တဲ့ ဓာတ်ခွဲမှုတွေပြုလုပ်မယ်။ နောက် ၈၁ ယောက်ကို လည်း ၁၄ရက် စောင့်ကြည့်သွားမယ်” ဟု ဒေါက်တာ ဂျန်ယံဆက် ကဆိုသည်။

သံသယရှိလူနာ ၁၁ ဦးကို တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး၊ ကျန် ၈၁ဦးကို မိုးကုတ်ဝိပဿနာ ရိပ်သာတွင် ထားမည် ဟု လည်း သိရသည်။

Leave a Comments

SHARE