Tuesday, January 27, 2026

Covid-19 ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ရပ်ဆိုင်းခံရ

Covid-19 ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား များစု အလုပ်ရပ်ဆိုင်း ခံရကြောင်း သတင်းရရှိသည်။

 

Photo by Wassana Nanuam/ ထိုင်း စစ်တပ်မှ ဘန်ကောက်မြို့တွင်း ပိုးသတ်ဆေးဖြန်းနေသည့်ပုံ

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှစတင်လာသည့် Covid-19 အဆုတ်ရောင်ကူးစက်မြန် ရောဂါသည် နိုင်ငံပေါင်း ၁၅၆ နိုင်ငံကျော် ကူးစက်ခံနေရသည်။

ထိုထဲတွင် ထိုင်းနိုင်ငံ လည်း အပါအဝင် ဖြစ်သည်။

Covid-19 ကြောင့် စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ ကျောင်းများ ပိတ်ဆိုင်းခဲ့ရသဖြင့် ရွှေ့ပြောင်းအလုပ်သမား များလည်း အလုပ်ရပ်နားရကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား များက ပြောသည်။

“ ကျမ ဒီလ က စပြီး အလုပ်နားလိုက်ရတယ်။ အဓိကတော့ Covid-19 ဖြစ်လာတော့ တရုတ်တွေကလည်း မလာတော့ဘူး။ ဒါနဲ့ အလုပ်ရှင်က အလုပ်သမားလျော့လိုက်တာ။ အဲ့မှာ ကျမ ပါသွားတယ်” ဟု ချင်းမိုင်မြို့ ထိုင်းရိုးရာ အနှိပ်ခန်းတွင် အလုပ်လုပ်သည့် နန်းလင်း က ပြောသည်။

လက်ရှိမှာ ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမား ကဒ် သက်တမ်းတိုးရသည့် ကိစ္စရပ်များ လည်း ရှိကြောင်း၊ ထိုကိစ္စများကို အလုပ်ရှင်များက မပြုလုပ်ပေးစေချင်သည့် သဘောလည်းပါကြောင်း နန်းလင်း ကပြောသည်။

Photo by Wassana Nanuam/ ထိုင်း စစ်တပ်မှ ဘန်ကောက်မြို့တွင်း ပိုးသတ်ဆေးဖြန်းနေသည့်ပုံ

“ အလုပ်ရှင်က လည်း တရုတ်ခရီးသွားတွေ မလာတော့ သူလည်း အခက်ကြုံနေရတယ်။ ကျမတို့ ကျတော့ အလုပ်သမားကဒ် သက်တမ်းတိုးရတာတွေ လည်း သူတို့ က ထပ်မရှှုပ်ချင်တော့ အလုပ်နားခိုင်းလိုက်တာပါ” နန်းလင်း ကဆိုသည်။

လက်ရှိ အလုပ်ရပ်နားလိုက်ရသဖြင့် လစာမရသည့်အပြင် လစဉ် သုံးစွဲနေရသည့် အိမ်လခ၊ ကျောင်းလခများအတွက် စိုးရိမ်ပန်နေရကြောင်းလည်း သူမ ကဆိုသည်။

“ ကျမ ကျောင်းကတဖက်နဲ့ဆိုတော့ ဘာဆက်လုပ်ရမှန်းမသိဘူး။ အလုပ်ကလည်း ရှားတော့ ဘာဆက်လုပ်ရမှန်းမသိဘူး။ Covid-19 ကလည်း ရှိတော့ အရမ်းခက်နေတယ်” ဟု နန်းလင်း ကဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံ တွင် Covid-19 ကူးစက်ခံရသူ ၃၂၂ ဦးရှိနေပြီး ထိုထဲတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အဓိက လာရောက်လည်ပတ်သူ ၇၀ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနစ်နှစ်ကုန်ပိုင်း မှ စတင်ကာ Covid-19 ဖြစ်ပွားခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်မည့် တရုတ်လူမျိုးများ မရှိသလောက်နည်းပါးသွားသဖြင့် ထိုင်း နိုင်ငံ စားသောက်ဆိုင် များစု လွန်ခဲ့သည့် ၂လ တွင် အလုပ်သမား အလုပ်ချိန် လျော့ချ ခဲ့ရာ အခုနောက်ပိုင်း ရွှေ့ပြောင်းအလုပ်သမား အလုပ်လက်မဲ့ ဖြစ်ရသည့် အဆင့် ရောက်သွားသည် ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် စိုင်းဆေးတိုင်း က ပြောသည်။

“ အရင် ၂လ က တရုတ်တွေ မလာလို့ စားသောက်ဆိုင်တွေ အလုပ်သမား ရဲ့ အလုပ်ချိန်လျော့လိုက်တယ်။ တလကို ၁၅ရက်ပဲ လုပ်ရတယ်။ အခု လကျတော့ အလုပ်ပါ နား၊ အလုပ်ထွက် ရတယ်” ဟု စိုင်းဆေတိုင်းက ပြောသည်။

Covid -19 သည် အဖက်ဖက် ထိခိုက်မှုရှိသော်လည်း ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိခိုက်မှု များကြောင်း၊ လက်ရှိ အချိန်သည် အလုပ်မရှိသည့်အခါ ဝင်ငွေ မရှိ သကဲ့သို့ အလုပ်သမား သက်တမ်းတိုးကဒ် လုပ်ဆောင်ရန်လည်း ခက်ခဲလာနိုင်ကြောင်း စိုင်းဆေတိုင်း က ထပ်လောင်းပြောသည်။

ဆက်လက်ပြီး ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်ကူညီပေးနေသည့် MAP ဖောင်ဒေးရှင်း မှ စိုင်းဆိုင်မိန်း က “ Covid-19 က အဖက်ဖက်ကို ထိခိုက်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားပဲမဟုတ်ပါဘူး။ အလုပ်သမား အနေနဲ့ တော့ သတိထားပြီးနေဖို့တော့လိုပါတယ်။ နောက် သေချာ မှန်ကန်တဲ့သတင်းတွေ အမြဲနားထောင်ပါ။ အရမ်း လည်း ထိန့်လန့်မှုတွေ မဖြစ်စေချင်ဘူး” ဟု ပြောဆိုလိုက်သည်။

ယခုနောက်ပိုင်း အလုပ်ရပ်နားခံရသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား များစုသည် မိမိနေရပ်သို့ပြန်သွားရသည့် သူများရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းခွဲနီးပါးရှိ၊ ထိုင်းမြောက်ပိုင်းတွင် အများဆုံးခရိုင်ဖြစ်

0
ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသော ခရိုင်တစ်ခု ဖြစ်လာကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ လက်ရှိ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူ ၄၃,၅၇၄ ဦးရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား ၄၃,၀၁၁ ဦးရှိကြောင်း ယမန်နေ့ သြဂုတ်...

ချင်းမိုင်မြို့ ရဲများ နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေး၊ ရဲကင်းများလည်း အရင်ကထက်ပိုများလာ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အတွင်း ထိုင်းရဲတပ်ဖွဲ့များက ယခုရက်ပိုင်း နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးမှုရှိသကဲ့သို့ ရဲကင်းစောင့်များတွင်လည်း စစ်ဆေးမှု ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ချင်းမိုင်မြို့အတွင်း ယခုရက်တစ်ပတ် ညအချိန်များတွင် ထိုင်းရဲ့တပ်ဖွဲ့များက ယခင်ထပ်ပို၍ စစ်ဆေးတင်း ကြပ်မှုများ ပြုလုပ်လာပြီး ရွှေ့ပြောင်းအလုပ်သမားများ သတိထားသွားလာရန် လိုအပ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေအသစ်ကြေညာ

0
ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းဆိုင်ရာ ဉပဒေများနှင့် ပတ်သက်၍ မလိုက်နာသူများကို ယခင်ကထက် ပိုမိုတင်းကြပ် စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး အရေးယူသွားမည်ဟု ထိုင်းအစိုးရ ကြေညာချက်အရ သတင်းသိရသည်။ . ယခု စက်တင်ဘာလပိုင်းမှစပြီး ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေစောင့်ကြည့် လေ့လာသည့် ဌာနမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မရှိပါက ဘတ်ငွေ ၁၀၀၀...

ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်သူများကို တင်းကြပ်စွာ စစ်ဆေးသွားမည်

0
ထိုင်းနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေးဌာနမှနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများကို စစ်ဆေးသွားမည်ဟု သိရှိရသည်။ . အဆိုပါ စစ်ဆေးမှုတွင် စက်တင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့်သူများ၊ ခိုးဆိုးလုယက်သူများ၊ တရားမဝင် အလုပ်လုပ်ကိုင်သူများ၊ ဗီဇာ...