ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေအသစ်ကြေညာ

ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းဆိုင်ရာ ဉပဒေများနှင့် ပတ်သက်၍ မလိုက်နာသူများကို ယခင်ကထက် ပိုမိုတင်းကြပ် စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး အရေးယူသွားမည်ဟု ထိုင်းအစိုးရ ကြေညာချက်အရ သတင်းသိရသည်။

.

ယခု စက်တင်ဘာလပိုင်းမှစပြီး ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေစောင့်ကြည့် လေ့လာသည့် ဌာနမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မရှိပါက ဘတ်ငွေ ၁၀၀၀ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးပြီး မောင်းနှင်ပါက ဘတ်ငွေ ၂၀၀၀ ပေးဆောင်ရမည်ဟု ကြေညာထားသည်။

( Photo by ตำรวจทางหลวง)

အလားတူ ယာဉ်မောင်း ဉပဒေ နှင့် ပတ်သက်ပြီး ဆက်စပ်၍ လမ်းမပေါ်ရှိ ရေအိုင်များ မရှောင်ဘဲ မောင်းနှင်ကာ တခြားသူကို စင်မိပါက ထိုင်းဘတ် ၁ သောင်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရမည် ဖြစ်သလို လမ်းမပေါ် ရှိ ခွေး၊ ကြောင်များကို ယာဉ်ဖြင့်တိုက်မိပါက ဘတ် ၄ သောင်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရမည် ဖြစ်သည်။

“ ဒီလ ၂၅ ရက် ကစပြီး ထိုင်းအစိုးရကနေ တရုတ်ခရီးသွား နိုင်ငံသားတွေကို (Free Visa) ပေးပြီး ဝင်ခိုင်းမယ်။ အဲ့ကြောင့် ထိုင်းနိုင်ငံထဲကို ဝင်လာမယ့်သူ လူဦးရေတွေ များလာတာကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဉပဒေ အသစ်ထုတ်ပြန်မယ်လို့ ကြေညာခဲ့တာ။ ဒါ့ကြောင့် ကျနော်တို့ မြန်မာလုပ်သားတွေ အသွားအလာ၊ သတိထားဖို့ လိုအပ်တယ် “ ဟု ချင်းမိုင်မြို့ နယ်ရှိ မြန်မာလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။

ထိုသို့ သတ်မှတ်ထားသည့် ဉပဒေအတိုင်း မလိုက်နာဘဲ ဆက်လက်ယာဉ်မောင်းနှင်ခြင်း ပြုလုပ်ပါက ဘတ်ငွေ ၄၀၀၀ နှင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိဘဲ နေထိုင်သူများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...