Tuesday, January 27, 2026

ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေအသစ်ကြေညာ

ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းဆိုင်ရာ ဉပဒေများနှင့် ပတ်သက်၍ မလိုက်နာသူများကို ယခင်ကထက် ပိုမိုတင်းကြပ် စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး အရေးယူသွားမည်ဟု ထိုင်းအစိုးရ ကြေညာချက်အရ သတင်းသိရသည်။

.

ယခု စက်တင်ဘာလပိုင်းမှစပြီး ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေစောင့်ကြည့် လေ့လာသည့် ဌာနမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မရှိပါက ဘတ်ငွေ ၁၀၀၀ နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်ဆုံးပြီး မောင်းနှင်ပါက ဘတ်ငွေ ၂၀၀၀ ပေးဆောင်ရမည်ဟု ကြေညာထားသည်။

( Photo by ตำรวจทางหลวง)

အလားတူ ယာဉ်မောင်း ဉပဒေ နှင့် ပတ်သက်ပြီး ဆက်စပ်၍ လမ်းမပေါ်ရှိ ရေအိုင်များ မရှောင်ဘဲ မောင်းနှင်ကာ တခြားသူကို စင်မိပါက ထိုင်းဘတ် ၁ သောင်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရမည် ဖြစ်သလို လမ်းမပေါ် ရှိ ခွေး၊ ကြောင်များကို ယာဉ်ဖြင့်တိုက်မိပါက ဘတ် ၄ သောင်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရမည် ဖြစ်သည်။

“ ဒီလ ၂၅ ရက် ကစပြီး ထိုင်းအစိုးရကနေ တရုတ်ခရီးသွား နိုင်ငံသားတွေကို (Free Visa) ပေးပြီး ဝင်ခိုင်းမယ်။ အဲ့ကြောင့် ထိုင်းနိုင်ငံထဲကို ဝင်လာမယ့်သူ လူဦးရေတွေ များလာတာကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဉပဒေ အသစ်ထုတ်ပြန်မယ်လို့ ကြေညာခဲ့တာ။ ဒါ့ကြောင့် ကျနော်တို့ မြန်မာလုပ်သားတွေ အသွားအလာ၊ သတိထားဖို့ လိုအပ်တယ် “ ဟု ချင်းမိုင်မြို့ နယ်ရှိ မြန်မာလုပ်သားအရေး ဆောင်ရွက်သူတစ်ဦးက ပြောသည်။

ထိုသို့ သတ်မှတ်ထားသည့် ဉပဒေအတိုင်း မလိုက်နာဘဲ ဆက်လက်ယာဉ်မောင်းနှင်ခြင်း ပြုလုပ်ပါက ဘတ်ငွေ ၄၀၀၀ နှင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း အထောက်အထားမရှိဘဲ နေထိုင်သူများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...