တက္ကသိုလ် စာမေးပွဲများရပ်ဆိုင်း ဟု ပညာရေး ဝန်ကြီး ထုတ်ပြန်

0

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂ဦး တွေ့ရှိသည့်အတွက် ယနေ့ (မတ်၂၄) ရက်မှ စတင်ကာ စာမေးပွဲ များအားလုံး ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။

 

Photo by Wikipedia

ထိုထဲတွင် သျှမ်းပြည် အတွင်းရှိ တက္ကသိုလ်များလည်း မတ် ၂၄ မှ စတင်ပြီး စာမေးပွဲ အားလုံး ရပ်ဆိုင်းလိုက်သည့် ထဲပါဝင်ကြောင်း ပညာရေး ဝန်ကြီးဌာန က ထုတ်ပြန်သည်။

ထို့ကြောင့် တက္ကသိုလ် ကျောင်းသားများအနေဖြင့် မိမိနေရပ်ကို အမြန်ပြန်ပြီး ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည် ညွှန်ကြားချက်များကို လိုက်နာ နေထိုင်ရန်လည်း တိုက်တွန်းထားသည်။

ဆက်လက်ပြီး အဝေးသင် သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် စာစဉ်ထုတ်ယူခြင်း၊ တင်သွင်းခြင်းကိစ္စရပ်များကို လည်း ယနေ့မှ စတင် ပြီး ယာယီ ရပ်ဆိုင်းလိုက်သည်။

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၂ဦးထဲမှ အသက် ၃၆နှစ်အရွယ် အမျိုးသားသည် ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသနေပြီး၊ အသက် ၂၆ နှစ် အရွယ် အမျိုးသားသည် ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကု ဆေးရုံတွင်ဆေးကုသခံယူနေသည်။

ယခုရက်ပိုင်း ထိုင်းနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ တသောင်းကျော် ရှိပြီး ထို နေရပ်ပြန် သူများမိမိနေအိမ်အတွင်း ( Home quarantine) နေထိုင်ရန် လည်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

ယမန်နေ့တွင် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည် မြန်မာနိုင်ငံသား ၉ ၂ဦးထဲတွင် COVID-19 သံသယရှိသူ ၁၁ဦး ပါရှိကြောင်း သိရသည်။

Leave a Comments

SHARE