တောင်ကြီး တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ လမ်းဉီးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ -ဟမ်းဆီး -နောင်ယာဆိုင်းလမ်းအား ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေနိုင်ရန်အတွက် လမ်းနယ်နိမိတ်အတွင်း ရေမြောင်းနှင့် လမ်းပုခုံးပေါ်ရှိ ဈေးဆိုင်များအားလုံးကို ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက လမ်းမကြီးဥပဒေနှင့်အညီ အရေးယူမည်ဟု လမ်းဦးစီးဌနမှ ဒီဇင်ဘာလ (၄)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

“ အဲ့တက္ကသိုလ်အနီးရှိ စျေးဆိုင်တွေက နှစ် (၂၀)ဝန်းကျင်လောက်ရှိပြီး စျေးရောင်းနေတာ။ အဲ့လူတွေ အလုပ်လက်မဲ့ဖြစ်သွားနိုင်တယ်” ဟု တောင်ကြီးမြို့ခံ တစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုတက္ကသိုလ်အနီးရှိ ဆိုင်ခန်းများသည် တက္ကသိုလ်တက်ရောက်နေသည့်ကျောင်းသားများ အားထားရသည့် စားသောက်ဆိုင်များဖြစ်ကြောင်း၊ ထိုဆိုင်ခန်းများဖျက်လိုက်ပါက တောင်ကြီးမြို့ထဲသို့ဝေးဝေးလံလံ သွားစားသောက်ရမည်ဖြစ်သဖြင့် ခက်ခဲသွားနိုင်ကြောင်း ၎င်း ကဆိုသည်။

ထို့အပြင် တောင်ကြီးမြို့ လမ်းဘေး ဝဲ/ယာ ရှိ နေအိမ်များကို ဆေးသုတ်ထားရန် စစ်ကောင်စီနှင့် စည်ပင်မှ ညွှန်ကြားထားပြီး ဆေးမသုတ်လျှင့် စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူမည်ဟု ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးပတ်က အသိပေးထုတ်ပြန်ထားသည်။

“သူတို့က ခရီးသွားရာသီရောက်တော့ တောင်ကြီးက သာယာနေတယ်။အဆင်ပြေပြီး ငြိမ်းချမ်းနေတယ်ဆိုတာ ပြချင်တာဖြစ်မယ်။သူတို့ ကနေအိမ်တွေကို ဆေးသုတ်ထားရမယ်။ မသုတ်ရင် အရေးယူမယ်ပြောတယ်။ တော်တော်များတော့ ဆေးသုတ်ထားကြတာပဲ။” ဟု တောင်ကြီးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့ပေါ်တွင် လူဦးရေပိုမို ထူထပ်လာပြီး ခိုးဆိုလုယက်မှုတွေ မကြာခဏ ကြုံတွေ့ရသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် တန်ဆောင်တိုင်ကာလတွင် လူဦးရေ (၁၄၀)ကျော်ကို စစ်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးကာ ရှေ့တန်းစစ်မြေပြင် ပို့ဆောင်ခဲ့ပြီး ယခုချိန်ထိ ညဘက်အချိန်တွင် လမ်းသွားလမ်းလာများကို ပေါ်တာဆွဲ ခေါ်ယူနေသည်ဟု သိရှိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...