Tuesday, January 27, 2026

မယ်ဆိုင်တွင်ပိတ်မိနေသော ရွှေ့ပြောင်းအလုပ်သမားများ စစ်ဆေးပြီး ဖြတ်သန်းခွင့်ပေး

မြန်မာ-ထိုင်း နယ်စပ် ချစ်ကြည်ရေး တံတား ကို ယနေ့ (မတ် ၂၃) ရက်တွင်စတင်ပိတ်မည် ဟု ကြေညာ ထားသော်လည်း ပိတ်ရက်အမှီမရောက်နိုင်သော ရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် အား ယနေ့ မနက်အစောပိုင်းက စစ်ဆေးမှုများပြုလုပ်ကာ တာချီလိတ်သို့ ဝင်ခွင့်ပေးလိုက်ပြီဖြစ် ကြောင်း သတင်း ရရှိသည်။

Photo by – Aung Kyaw Win Sein

COVID-19 ဖြစ်ပွားမှု ထိန်းချုပ်သည့် အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အမှတ်(၂) ချစ်ကြည်ရေးတံတား ကို မတ် ၂၁ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံဘက်က စတင် ပိတ်ထားခဲ့ပြီး၊ အမှတ် (၂) တံတားကို မတ် ၂၃ ရက် ပိတ်မည်ဟု သက်ဆိုင်ရာများက ထိုနေ့တွင်ကြေညာချက်ထုတ်ခဲ့သည်။

သို့သော် ထိုင်းနိုင်ငံ ဘန်ကောက် ၊ချင်းမိုင်နှင့်တခြားဒေသသို့ တရားဝင် ဗီဇာဖြင့် သွားရောက် အလုပ် လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀ ကျော် မှာ နေရပ်ပြန်ရန် နယ်စပ်ဂိတ် သို့အချိန်မှီ မရောက်နိုင်ဘဲ မတ် ၂၃ ရက် မနက်အစောပိုင်းမှ ရောက်ရှိလာသဖြင့် နှစ်နိုင်ငံ အာဏာပိုင်များ ညှိနှိုင်းကာ စစ်ဆေးမှုပြုပြီးမှတာချီလိတ်ဘက်သို့ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ တကယ်တော့ ဒီနေ့ စပြီး ဂိတ်ပိတ်မယ်လို့ကြေငြာထားတာ။ ဒါပေမယ့် ထိုင်းမှာ အလုပ်သွားလုပ်တဲ့ သူတွေ နယ်စပ်ဂိတ်ကို ရောက်လာတာများတော့ ဂိတ်ပြန်ဖွင့်လိုက်ရတယ်” ဟု တာချီလိတ် မှ တာဝန်ရှိ လူဝင်မှု ကြီးကြပ်ရေး တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by – Aung Kyaw Win Sein

မတ်လ ၂၃ တွင်ပိတ်မည်ဟု ကြေငြာထားသော်လည်း ထိုင်းအာဏာပိုင်များက ညသန်းခေါင်ကတည်းက တံခါးပိတ်လိုက်ကြောင်း တာချီလိတ်မြို့ခံများကပြောသည်။

ထိုင်းပြန်ဝင်မည့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး မှ Re-entry ပြုလုပ်ပေး ပြီး ဂိတ် ၂ ဖက်စလုံးမှ အာဏာပိုင်များက အပူချိန်တိုင်းစစ်ဆေးမှုများပြုလုပ်ပေး ခဲ့သည်ဟုသိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၇၂၁ ဦး၊ ပြင်းထန် လူနာ ၇ ဦးရှိကာ သေဆုံးသူ ၁ ဦးရှိကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ယနေ့ မတ် ၂၃ ရက် မနက်ပိုင်း ထုတ်ပြန်ချက် အရသိရသည်။

ယခုရက်ပိုင်း မြန်မာ-ထိုင်း နယ်စပ်ဂိတ် များမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တသောင်းကျော် ရှိကြောင်း သိရသည်။

Photo by – Aung Kyaw Win Sein

ထိုင်းနိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား အများအပြား နေရပ်ပြန်နေသည့်အခြေအနေကြောင့် မြန်မာနိုင်ငံသို့ ရောဂါဝင်ရောက်ကူးစက်နိုင်ချေ မြင့်မားလာနိုင်ကြောင်း မတ် ၂၂ရက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင်ပြောကြားခဲ့သည်။

မြန်မာပြည်သို့ ပြန်ဝင်လာသည့် ရွှေ့ပြောင်းအလုပ်သမား အလွန်များသဖြင့် ၎င်းတို့ အတွက် သတ်မှတ်နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (facility quarantine) ကို ဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာ ကန့်သတ်ခြင်း ( home quarantine) ကိုသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါက်တာ မြင့်ထွေးက ထည့်သွင်းပြောကြားခဲ့သည်။

“ ကျနော်တို့နယ်စပ်ဂိတ်ပိတ်ရင်တော့ အဓိက စားသောက်ကုန် ကိစ္စ အခက်အခဲဖြစ်လာနိုင်တယ်။ နောက် ပြန်ဝင်လာတဲ့သူတွေကိုလည်း မိမိ ကျန်းမာရေးအထူးဂရုစိုက်ဖို့ ပြောချင်တယ်။ သတ်မှတ်ထားတဲ့ ၁၄ရက်မှာ နေအိမ်ထဲမှာ သီးသန့်နေဖို့ ပြောချင်ပါတယ်” ဟု တာချီလိတ်ဒေသခံ စိုင်းတစ် က ပြောသည်။

မြန်မာပြည်သို့ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေး ဌာနမှ ထုတ်ပြန်ချက်ကို သေချာ လိုက်နာစေလိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်ပြီးထူးခြားချက်များရှိပါက ဆေးရုံဆေးခန်း ကျန်းမာရေးဌာနသို့ အကြောင်းကြား ကာ ဆေးကုသမှု ခံယူသင့်ကြောင်း စိုင်းတစ် က ပြောဆိုလိုက်သည်။

“ ထိုင်းနိုင်ငံကနေ လူတွေအများကြီးပြန်ဝင်လာတော့ လန့်တယ်။ အဓိကတော့ ရပ်ရွာတွေကနေ ပြန်လာတဲ့သူကို သတိထားပေးဖို့၊ ပြန်လာတဲ့သူနေကောင်း၊ မကောင်း သေချာ ဂရုစိုက် စောင့်ကြည့်ဖို့ ပြုလုပ်စေချင်တယ်” ဟု တာချီလိတ်မှာ စိုင်းရွှေ က ပြောသည်။

လက်ရှိ အချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသည့် သူ တဦးတယောက်မှ မရှိသေးသော်လည်း COVID-19 သံသယ စောင့်ကြည့်ခံရလူနာ ၈ ဦးသေဆုံးခဲ့ပြီဖြစ်ရာ ထိုထဲတွင် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ တွင် အမျိုးသားတဦး နှင့် သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အမျိုးသမီးတဦး သေဆုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကို ထိုင်းအစိုးရ အရေးယူဆောင်ရွက်မည်

0
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန မှ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကိုပါ အရေးယူဆောင်ရွက်သွားမည်ဟု Asia News သတင်းက ရေးသားဖော်ပြထားသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ၊ စိုက်ပျိုးရေး ကုမ္ပဏီ နှင့် ရေးလုပ်ငန်းစသည့်တို့ကို ထိုင်းနိုင်ငံ ဥပဒေ နှင့် အညီ လိုက်နာမှုမရှိလျှင်...

မြန်မာ – ထိုင်းနယ်စပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်ရ

0
မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ၏ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈) ရက်နေ့တွင် လေထုညစ်ညမ်းမှုကို စစ်ဆေးပေးသည့် အဖွဲ့ IQAir က သျှမ်းပြည် တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...