Tuesday, January 27, 2026

တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကို ထိုင်းအစိုးရ အရေးယူဆောင်ရွက်မည်

ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန မှ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကိုပါ အရေးယူဆောင်ရွက်သွားမည်ဟု Asia News သတင်းက ရေးသားဖော်ပြထားသည်။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ

ဆောက်လုပ်ရေး ကုမ္ပဏီ၊ စိုက်ပျိုးရေး ကုမ္ပဏီ နှင့် ရေးလုပ်ငန်းစသည့်တို့ကို ထိုင်းနိုင်ငံ ဥပဒေ နှင့် အညီ လိုက်နာမှုမရှိလျှင် ထိုင်းအစိုးရမှ အမည်ပျက် စာရင်းသွင်းထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားရှိသည့်အတွက် ထိုင်းအာဏာပိုင်များမှ စည်းမျဥ်းဥပဒေ မလိုက်နာသူများကို အရေးယူဆောင်ရွက်ရခြင်း ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ

မြန်မာနိုင်ငံအတွင်း ရုံးစိုက်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံတွင်းသို့ အလုပ်ရှာဖွေပေးသည့် ကုမ္ပဏီ (၈) ခုကိုလည်း ထိုင်းအစိုးရက ဗီဇာ (၁) နှစ် ရပ်တန့်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမား ၄ သန်းကျော်ရှိပြီး အများစုသည် မြန်မာနိုင်ငံမှ လာရောက်သည့် သူများဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာဝန်ကြီး ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

ရွှေ့ပြောင်းအလုပ်သမားထံ ကိုဗစ်-၁၉ စစ်ဆေးခ လျော့ပေးရန် ရွှေ့ပြောင်း ၁၆၀၀ ကျော် စာတင်ထား

0
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခ ကောက်ခံမည့် ကိစ္စ အလုပ်သမား ၁၆၀၀ ကျော် လက်မှတ်ရေးထိုးပြီး စာတင်ထားကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာ၊ အလုပ်သမားကဒ် သက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရန် (ဘတ်၃၀၀၀) မြန်မာကျပ်ငွေ (၁၃၀၀၀၀)...

ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

0
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...

တရုတ်နယ်စပ်ဂိတ်များ ရက်ကန့်သတ်မရှိ ပိတ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် အတွင်းရှိ တရားဝင် / မဝင်သော နယ်စပ်ဂိတ်များအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်သဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်ကြုံနေရကြောင်းသိရသည်။ ယနေ့(ဧပြီ ၁) မှ စတင်ကာ တရုတ်နိုင်ငံ မှ မူဆယ်မြို့နယ် အတွင်း ရှိ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်များအပါအဝင် တရားမဝင်...