ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀ ကောက်ယူမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံတွင် တရားမဝင်ထပ်မံရောက်ရှိလာသော ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ခွင့်ပြုလုပ်ရန်အတွက်ထိုသို့ စစ်ဆေးပေးခြင်းဖြစ်ကြောင်း ၊ ထိုသို့စစ်ဆေးရာတွင် ဘတ် ၃၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း ရေးသားထားသော်လည်း လက်တွေ့တွင် ယခင်ရှိရင်းစွဲ တရားဝင်နည်းလမ်းဖြင့် အလုပ်လုပ်နေသူများသက်တမ်းတိုးရာတွင်လည်း ထည့်သွင်းကောက်ခံသွားမည် ဟုဆိုသဖြင့် အလုပ်သမားများက ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီလ ၂၅ရက် ကနေစပြီး အလုပ်သမားကဒ်၊ ဗီဇာ သက်တမ်းတိုးမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ကိုဗစ်-၁၉ ကျန်းမာရေး ပါစစ်ဆေးရမယ်။ ကိုဗစ်- ၁၉ စစ်ဆေးခ ဘတ်(၃၀၀၀) ပေးရမယ်။ ဒါက အရမ်းကို များတဲ့အတွက် ကျမတို့ မပေးနိုင်ဘူး” ဟု ထိုင်းနိုင်ငံချင်းမိုင်တွင် အလုပ်လုပ်နေသည့် နန်းဆာ က ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ၂၀၂၀ ခုနှစ်အတွင်း လစာလျှော့ချခံရသကဲ့သို့ အလုပ်လက်မဲ့ခြင်းများ ရင်ဆိုင်ကြုံနေရကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ လျှော့ချပေးစေချင်ကြောင်းလည်း နန်းဆာ က ပြောသည်။

“ အခု ထိုင်းအစိုးရ က တမျိုး၊ နောက်ပွဲစားကတမျိုးနဲ့မျိုးစုံ သတင်းထွက်နေတယ်။ တချို့ ကျတော့လည်း ကိုယ် စစ်တဲ့ ဆေးရုံနဲ့ ဆိုင်တယ်လို့ ပြောတယ်။ ဒီကာလ စုဆောင်းရတဲ့ငွေကလည်း ခက်တယ်လေ” ဟု မဝင်းအေး က ပြောသည်။

လက်ရှိမှာ ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ်၃၀၀၀) ကောက်ယူမည့် ကိစ္စနှင့် ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားများနှင့် လုပ်ငန်းရှင်များ အားလုံးပူးပေါင်း ပါဝင်ကာ ကန့်ကွက်ပေးကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့ ကိုဗစ်-၁၉ စစ်ဆေးခ ဘတ် ၃၀၀၀ ပေးရမယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ အလုပ်သမားတွေ ပါဝင်ပေးဖို့ ပြောချင်ပါတယ်။ အခု ကျနော်တို့ အွန်လိုင်းကနေတဆင့် ကောက်နေပါတယ်” ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် HRDF မှ စိုင်းပိန်း ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကန့်ကွက်စာများကို ထိုင်းနိုင်ငံချင်းမိုင် နှင့် သက်ဆိုင်ရာဌာနများထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ ထို ကောက်ခံမှုကို ရွှေ့ပြောင်းအလုပ်သမားများနှင့် အလုပ်ရှင်များလည်း ပါဝင်ပေးရန် တိုက်တွန်းလိုကြောင်း စိုင်းပိန်း က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ်နေသည့် ဆမွတ်ဆာခွန်း ခရိုင် ရှိ မဟာချိုင် (ပုဇွန်ဈေး)မှ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာပြီးနောက်ပိုင်း အလုပ်သမားများအပေါ်ထိုသို့ပိုမိုတင်းကြပ်မှုများပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ချက်ရုတ်သိမ်းလိုက်သည့်နှင့် ဆီဈေးခုန်တက်

0
ထိုင်းအစိုးရမှ စက်သုံးဆီ ဈေးနှုန်းကန့်သတ်ထားမှုကို ရုတ်သိမ်းပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ပြောင်းလဲခွင့်ပြုလိုက်သည့်အတွက် ထိုင်းတနိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၆ ဘတ်ခန့် မြင့်တက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (မတ်လ ၂၆) ရက်တွင် ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ထားချက်ကို ရုတ်သိမ်းလိုက်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်သည့်အတွက် ဆီတစ်လီတာလျှင်...

ထိုင်းအစိုးရ မြစ်ချောင်း အဆိပ်သင့်ညစ်ညမ်းမှုကို အထူးအာရုံစိုက်ရန် လူထုတောင်းဆို

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့တွင် ယမန်နေ့ (မတ်လ ၂၂ ရက်) က ကျရောက်သော ကမ္ဘာ့ရေနေ့ (World Water Day) အထိမ်းအမှတ်အဖြစ် မြစ်ချောင်းအနီး နေထိုင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စုပေါင်းကာ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းကြရန် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်၍...

ထိုင်းအစိုးရဝန်ထမ်းများ အိမ်မှအလုပ်လုပ်ရန်နှင့် ပြည်ပခရီးစဉ် ရပ်ဆိုင်းထားရန် အမိန့်ထုတ်

0
လက်ရှိဖြစ်ပွားနေသည့် အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံကြား ပဋိပက္ခများကြောင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်အတွက် အစိုးရဝန်ထမ်းများ Work from Home အိမ်မှအလုပ်လုပ်ရန် ထိုင်းအစိုးရမှ အမိန့်ထုတ်ပြန်လိုက်သည်။ ကမ္ဘာ့စွမ်းအင် အရင်းအမြစ်ဖြစ်သော အရှေ့အလယ်ပိုင်း နိုင်ငံများတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး ရေနံနှင့် စွမ်းအင်ဈေးနှုန်းများ မတည်ငြိမ်ခြင်းကြောင့် အစိုးရအေဂျင်စီများ၊ နိုင်ငံပိုင်လုပ်ငန်းများအတွက် အိမ်မှအလုပ်လုပ်ရန်...

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...

ထိုင်းအစိုးရမှ ကျောင်းသားဗီဇာကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် တင်းကြပ်မည်

0
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများ၏ ဗီဇာအမျိုးအစားများကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် စစ်ဆေးပြီးမှသာ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ကျောင်းသားဗီဇာနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဗီဇာအမျိုးအစားများကို စိစစ်ပြီးနောက်...