Tuesday, January 27, 2026

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။

အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်တာ ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား များကို ဝာရားဝင်ဖြစ်စေရန် ရည်ရွယ်၍ ထိုင်းအစိုးရဘက်မှ အလုပ်လုပ်ခွင့် အသိအမှတ်ပြုလက်မှတ် (ခေါ်) ဝေါ့ခ်ပါမစ်ကို နှစ်စဉ်ထုတ်ပေးသည်။

ထိုလုပ်ငန်းစဉ်အား ဘတ်ရိုက်ခြင်း (သို့မဟုတ်) ပန်းရောင်ကတ် ပြုလုပ်သည်ဟုလည်း ခေါ်ကြသည်။

သို့သော် မြန်မာအပါအဝင် လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ပေးမည်ဟု သတင်းထွက်လာကတည်းက ဝန်ဆောင်မှုပေးသည့် ပွဲစားများကလည်း ကျသင့်မည့် ဈေးနှုန်းကို အမျိုးမျိုးသတ်မှတ်ကာ အပြိုင်အဆိုင် ကြော်ငြာထားကြသည်။

အချို့သော ပွဲစားများသည် VIP လမ်းကြောင်းဟုဆိုကာ ထိုင်းဘတ်ငွေ ၁၈,၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၂၂ သိန်းကျော်) အထိ တောင်းယူကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောကြသည်။

ဘာကြောင့် ငွေလိမ်ခံရသလဲ

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ခွင့် ဝေါ့ခ်ပါမစ် လျှောက်ထားကြမည့် မြန်မာနိုင်ငံသား အနေဖြင့် ဝန်ဆောင်မှုယူမည့် ပွဲစားများကို သေချာစိစစ်ရွေးချယ်ခြင်း မပြုလုပ်ကြသဖြင့် လိမ်လည်မှုများ ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်းအလုပ်သမားများ ဘတ်ရိုက်ရာတွင် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

“တချို့တွေက ဘတ်ရိုက်မယ့် လုပ်ငန်းစဉ်အကြောင်းတွေ မသိဘူး။ ပြီးတော့ ဘတ်ရိုက်ပေးတဲ့ ပွဲစားတွေကိုလည်း သေချာ မစုံစမ်းဘူး။ တချို့ပွဲစားက ကုန်ကျစရိတ် နည်းနည်းနဲ့ လုပ်ပေးမယ်ဆိုပြီး မက်လုံးပေးရင် သူတို့ (ရွှေ့ပြောင်းအလုပ်သမား) က သွားလုပ်ကြတာ။ အဲ့ကြောင့် ငွေတွေလိမ်ခံရတော့တာပဲ” ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမား

ထိုကြောင့် လိမ်လည်မှုများ မကြုံရအောင် ဝန်ဆောင်မှုယူမည့် ပွဲစားများကို သေချာစိစစ် ရွေးချယ်ကြရန်လည်း ၎င်းက ဆက်ပြောသည်။

“ကုန်ကျစရိတ်တစ်ခုတည်းကို မကြည့်ဘဲ ပွဲစားတွေကို သေချာစုံစမ်းဖို့ လိုပါတယ်။ စိတ်ချရတဲ့ ပွဲစားတွေမှာ သွားလုပ်ကြပါ” ဟု ရွှေ့ပြောင်းအလုပ်သမားများ ဘတ်ရိုက်ရာတွင် ဝန်ဆောင်မှုပေးနေသူတစ်ဦးက တိုက်တွန်းထားသည်။

ထိုင်းအစိုးရဘက်မှ ယခုစတင်မည့် ဘတ်အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အစအဆုံး ပေးသွင်းရမည့် ကုန်ကျစရိတ်ကို ထိုင်းဘတ်ငွေ ၃,၈၇၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး လေးသိန်းခွဲကျော်) ကျသင့်မည်ဟု တရားဝင် ကြေညာထားသည်။

အဆိုပါ ဘတ်စာရင်တင်သွင်းကြေးကိုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဝက်ဘ်ဆိုဒ်စာမျက်နှာ လင့်ခ်မှတစ်ဆင့် ပေးသွင်းရမည်ဖြစ်သည်။

သို့သော် ပြင်ပအကျိုးဆောင် ပွဲစားများဖြင့် လုပ်ဆောင်မည်ဆိုပါက ထိုင်းဘတ်ငွေ ၈,၀၀၀ မှ ၁၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၁၀ သိန်းမှ ၁၂ သိန်းကျော်) အထိ ပေါက်ဈေးရှိနေသည်ဟု ဘတ်စာရင်း အသစ်လျှောက်မည့်သူများက ပြောကြသည်။

ဘတ်ရိုက်ခြင်း လုပ်ငန်းစဉ်များ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း တင်သွင်းခြင်း၊ ဒုတိယအဆင့်ဖြစ်သော သွေးစစ်၊ လက်ဗွေနှိပ်ခြင်းနှင့် ကျန်းမာရေးအာမခံ ဝယ်ခြင်း၊ တတိယအဆင့်ဖြစ်သော ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ခြင်းနှင့် စတုတ္ထအဆင့်ဖြစ်သော Non LA Visa ထည့်ခြင်း (သို့မဟုတ်) ပန်းရောင်ကတ်လျှောက်ခြင်း ဟူ၍ အဆင့် ၄ ဆင့်ရှိသည်။

အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း Name List တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ ၁၅ ရက်တာ ခွင့်ပြုထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်တွင် ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့အပြင် သွေးစစ်၊ လက်ဗွေနှိပ်ခြင်းနှင့် ကျန်းမာရေးအာမခံ ဝယ်ယူခြင်းကို ၂၀၂၆ ဖေဖော်ဝါရီလ ၂၄ ရက်အထိ လည်းကောင်း၊ ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ခြင်းကို ၂၀၂၆ မတ်လ ၂၆ ရက်နေ့အထိ လည်းကောင်း၊ Non LA Visa ထည့်ခြင်း (သို့မဟုတ်) ပန်းရောင်ကတ်လျှောက်ခြင်းကို ၂၀၂၆ ဇွန်လ ၂၄ ရက်အထိ ပြုလုပ်ပေးမည်ဟု သိရသည်။

ယင်းနောက် အလုပ်လုပ်ခွင့်လက်မှတ် လျှောက်ထားမည့်သူများအနေဖြင့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်ရှိထားလျှင် ဗီဇာထည့်ရမည် ဖြစ်သည်။

အကယ်၍ နိုင်ငံကူးလက်မှတ် စာအုပ်မရှိသူများက မည်သူမည်ဝါဖြစ်ကြောင်း CI စခန်းသို့ စာအုပ်သွားလုပ်ပြီး ဗီဇာထည့်ရမည် ဖြစ်သည်။

ယခုဘတ်ရိုက်ပေးမည့် လုပ်ငန်းစဉ်တွင် ဝေါ့ခ်ပါမစ် သက်တမ်းကုန်ဆုံးနေသူများ၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများနှင့် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများလည်း အကျုံးဝင်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာနကလည်း ထုတ်ပြန်ကြေညာထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိ လူငယ်များသည် စစ်ရေး ပဋိက္ခများ၊ စီးပွားရေး ပြိုလဲမှုများနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် နည်းလမ်းဖြင့်လည်းကောင်း၊ တရားဝင် နည်းလမ်းဖြင့်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လာကြသည်။

အချို့သော မြန်မာနိုင်ငံသားများသည် ဘတ်ရိုက်ခြင်း (သို့မဟုတ်) အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံထဲသို့ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာပြီး ခရီးစရိတ်အတွက် ၎င်းတို့သည် (နေရာဒေသအပေါ် မူတည်၍) ပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ (မြန်မာကာလပေါက်စျေး ကျပ် ၁၈သိန်းကျော်) မှ ၄၀,၀၀၀ (မြန်မာကာလပေါက်စျေး ကျပ်သိန်း ၅၀နီးပါး) ပေးရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ကြရန် ထိုင်းအာဏာပိုင် ထပ်မံအသိပေး

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်မတိုင်ခင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ထားကြရန် ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အသိပေးလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က မြန်မာ၊...

ထိုင်းရောက် အလုပ်လုပ်ကိုင်ခွင့် (Work Permit)ရှိ ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးနိုင်တော့မည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် Work permit သက်တမ်းတိုးရန် စောင့်ဆိုင်းနေသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်ဖြင့် သက်တမ်းတိုးစရာမလိုတော့ဘဲ ပုံမှန်လုပ်ရိုး လုပ်စဉ်အတိုင်း ထိုင်းနိုင်ငံဘက်မှ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၁ ရက်က ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ဝန်းကြီးဌာနနှင့် စစ်ကောင်စီ၏...

တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကို ထိုင်းအစိုးရ အရေးယူဆောင်ရွက်မည်

0
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန မှ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကိုပါ အရေးယူဆောင်ရွက်သွားမည်ဟု Asia News သတင်းက ရေးသားဖော်ပြထားသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ၊ စိုက်ပျိုးရေး ကုမ္ပဏီ နှင့် ရေးလုပ်ငန်းစသည့်တို့ကို ထိုင်းနိုင်ငံ ဥပဒေ နှင့် အညီ လိုက်နာမှုမရှိလျှင်...

ရွှေ့ပြောင်းအလုပ်သမားထံ ကိုဗစ်-၁၉ စစ်ဆေးခ လျော့ပေးရန် ရွှေ့ပြောင်း ၁၆၀၀ ကျော် စာတင်ထား

0
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခ ကောက်ခံမည့် ကိစ္စ အလုပ်သမား ၁၆၀၀ ကျော် လက်မှတ်ရေးထိုးပြီး စာတင်ထားကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာ၊ အလုပ်သမားကဒ် သက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရန် (ဘတ်၃၀၀၀) မြန်မာကျပ်ငွေ (၁၃၀၀၀၀)...

ကိုဗစ်-၁၉ စစ်ဆေးခ (ဘတ် ၃၀၀၀) ထိုင်းအစိုးရတိုးမြင့် သည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမားများကန့်ကွက်

0
ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးခ(ဘတ် ၃၀၀၀) ကောက်ယူနေသည့် ကိစ္စ ကို အလုပ်သမားများ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာသက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရမည်ကိစ္စ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ စစ်ဆေးရာတွင် ဘတ် ၃၀၀၀...