Tuesday, January 27, 2026

ထိုင်းရောက် အလုပ်လုပ်ကိုင်ခွင့် (Work Permit)ရှိ ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးနိုင်တော့မည်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် Work permit သက်တမ်းတိုးရန် စောင့်ဆိုင်းနေသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်ဖြင့် သက်တမ်းတိုးစရာမလိုတော့ဘဲ ပုံမှန်လုပ်ရိုး လုပ်စဉ်အတိုင်း ထိုင်းနိုင်ငံဘက်မှ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၁ ရက်က ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ဝန်းကြီးဌာနနှင့် စစ်ကောင်စီ၏ မြန်မာအလုပ်သမားဝန်းကြီးဌာနတို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုကဲ့သို့ သဘာတူညီချက်များရရှိခဲ့ခြင်းဖြစ်သည်။

“အခုက သဘောတူညီချက်ပဲ ရသေးတယ်။ တရားဝင် ထိုင်းအစိုးရအနေနဲ့ စာထုတ်ပြန်လာတာ မတွေ့ရသေးဘူး။ အတိအကျ မသိရသေးဘူး” ဟု ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အလုပ်လုပ်ကိုင်ခွင့် Work Permit နှင့် ဗီဇာသက်တမ်း ကုန်ဆုံးသွား၍ သက်တမ်းဆက်တိုးရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမား ၁.၇ သန်းကျော်ရှိကြောင်း သိရသည်။

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမား

၂၀၂၄ ခုနှစ် စက်တင်ဘာလက ဝန်ကြီးများအစည်းအဝေး၏ ထုတ်ပြန်အရ သက်တမ်းတိုးရမည့် အလုပ်သမားများအနေဖြင့် နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်ဖြင့် သက်တမ်းတိုးရမည်ဟု ကနဦးတွင် သဘောတူချက်ရရှိခဲ့သည်။

သို့ရာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က သက်တမ်းကုန်ဆုံးသွားသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်တမ်းတိုးလုပ်ငန်းစဉ် လုပ်ဆောင်ရန် ထိုင်းပြည်ထဲရေးဝန်းကြီးဌာနက ၆ လထပ်မံဖြေလျှော့ ပေးခဲ့သော်လည်း လုပ်ငန်းစဉ်များမှာ ကြန့်ကြာနေလျက်ရှိသည်။

ယခုတွင် ထိုင်းနိုင်ငံဘက်မှ နှစ်စဉ်ပုံမှန်သက်တမ်းတိုးဆောင်ရွက်သည့် ပုံစံအတိုင်းသာ လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့် Work permit သက်တမ်းမှာ ယခင်အတိုင်းပင် တစ်နှစ်ထပ်မံ ရရှိမည်ဖြစ်သည်။

Photo – Credit ( ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား/ နန်းဆိုင်နွမ်)

MOU စနစ်ဖြင့် သက်တမ်းတိုးပါက နှစ်နှစ်ရရှိမည်ဖြစ်သော်လည်း မြန်မာသံရုံးဘက်မှ စိစစ်လုပ်ဆောင်မှု အချိန် ကြန့်ကြာမည်ကို အလုပ်သမားများက စိုးရိမ်နေကြသည်။

ထို့အပြင် CI (Certificate of Identity) စာအုပ်အစိမ်း သက်တမ်းတိုးရမည့်သူများ၊ စာအုပ်အသစ်လဲရမည့်သူများအတွက်လည်း ပြန်လဲပေးရန် ထပ်မံဆွေးနွေးလုပ်ဆောင်နေသည်။

ထို့အတူ သင်္ကြန်ကာလအတွင်း မြန်မာပြည်သို့ ခေတ္တပြန်လိုသည့် အလုပ်သမားများအတွက်လည်း ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် (Reentry Visa) တံဆိပ်တုံး ထုစရာမလိုဘဲ ပြန်လည် ဝင်ရောက်နိုင်ရန် ဆက်လက်ဆွေးနွေးလုပ် ဆောင်သွားမည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ကြရန် ထိုင်းအာဏာပိုင် ထပ်မံအသိပေး

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်မတိုင်ခင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ထားကြရန် ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အသိပေးလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က မြန်မာ၊...

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...