Saturday, December 3, 2022

ရွှေ့ပြောင်းအလုပ်သမားထံ ကိုဗစ်-၁၉ စစ်ဆေးခ လျော့ပေးရန် ရွှေ့ပြောင်း ၁၆၀၀ ကျော် စာတင်ထား

Must read

ထိုင်းအစိုးရ မှ ရွှေ့ပြောင်းအလုပ်သမားများထံ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးခ ကောက်ခံမည့် ကိစ္စ အလုပ်သမား ၁၆၀၀ ကျော် လက်မှတ်ရေးထိုးပြီး စာတင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဗီဇာ၊ အလုပ်သမားကဒ် သက်တမ်းတိုးရာတွင် ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးရန် (ဘတ်၃၀၀၀) မြန်မာကျပ်ငွေ (၁၃၀၀၀၀) ထိုင်းအစိုးရ ကောက်ယူမည့်ကိစ္စ ရွှေ့ပြောင်းအလုပ်သမား ၁၆၃၀ ကျော်က ကန့်ကွက်လက်မှတ်ထိုးကာ ချင်းမိုင်ခရိုင် အစိုးရထံ ယမန်နေ့ (ဇန်နဝါရီ ၁၄)ရက်က တင်ပြခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေသည့် HRDF မှ စိုင်းပိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ HRDF ကနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကန့်ကွက်စာကို ကောက်တယ်။ အွန်လိုင်းကနေ ၁၀၀၀ကျော် ရတယ်။ အဲ့ အယောက် ၁၀၀၀ ကျော်က ထိုင်းနိုင်ငံ နေရာအနှံ့ပဲ။ နောက်ကျန်တဲ့ ၆၀၀ ကျော်ကျတော့ ချင်းမိုင်ထဲက လူတွေပါ။ မနေ့ကတော့ ချင်းမိုင်ခရိုင်အစိုးရ ဆီကို သွားပို့လိုက်ပါပြီ” ဟု စိုင်းပိန်း ကပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ထပ်မံရောက်ရှိလာသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရန် (ဘတ် ၃၀၀၀ )ကောက်မည်ဆိုသည့် ထုတ်ပြန်ချက် ထွက်လာခြင်းဖြစ်သည်။

ထို ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေး ဘတ် (၃၀၀၀) ကောက်ယူမှုသည် တရားဝင်ရောက်လာပြီးထိုင်းတွင် အလုပ်လုပ်ကာ သက်တမ်းတိုးမည့် ရွှေ့ပြောင်းအလုပ်သမားများမပါရှိကြောင်း၊ တရားမဝင်နေထိုင်ပြီး သက်သေခံကဒ် မရှိသေးသူများကိုသာကောက်မည်ဟု ကြေညာထားသော်လည်း လက်ရှိမှာ အားလုံးကို ကောက်ယူမှုရှိ နေကြောင်း သိရသည်။

အဆိုပါ ကောက်ခံမှုသည် ဇန်နဝါရီ ၂၅ရက်တွင် စတင်ကောက်မည်ဟု ကြေညာခဲ့သော်လည်း လက်ရှိမှာ ကောက်ခံနေပြီးဖြစ်ကြောင်း သိရသည်။

“ သူတို့တွေ ဒီ၂၅ရက်မှ စကောက်မယ်ပြောပေမယ့် အခုတော့ ကောက်နေတယ်။ အဲ့ဒါတွေကို ချင်းမိုင် အာဏာပိုင်တွေကို ပြောပြတော့ သူတို့ပြန်စိစစ်မယ်ပြောတယ်။ နောက်ပြီး ဘတ် (၃၀၀၀) လျော့ပြီး ကောက်ဖို့လည်း သူတို့တင်ပြမယ်ပြောပါတယ်” ဟု စိုင်းပိန်းက ဆိုသည်။

ထိုင်းအစိုးရအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးခ ဘတ် (၃၀၀၀) ကောက်မည်ဆိုပါ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဗီဇာ၊ အလုပ်သမားကဒ်ကို လာရောက် ပြုလုပ်မည် မဟုတ်ဘဲ တရားမဝင်နည်းလမ်းဖြင့် ဆက်လက် နေထိုင်သွားနိုင်ကြောင်း လည်း စိုင်းပိန်း က ဆက်လက်ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article