Wednesday, January 28, 2026

တရုတ်နယ်စပ်ဂိတ်များ ရက်ကန့်သတ်မရှိ ပိတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် အတွင်းရှိ တရားဝင် / မဝင်သော နယ်စပ်ဂိတ်များအားလုံး ရက်အကန့်အသတ်မရှိ ပိတ်လိုက်သဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အခက်ကြုံနေရကြောင်းသိရသည်။

Photo by ထုန့်ဟွေ့လီ၊ ယနေ့ စတင်ပိတ်လိုက်သည့် မူဆယ်မြို့နန်းတော်ဂိတ်(အလယ်ဂိတ်) မြင်တွေ့ရသည့် ပုံ

ယနေ့(ဧပြီ ၁) မှ စတင်ကာ တရုတ်နိုင်ငံ မှ မူဆယ်မြို့နယ် အတွင်း ရှိ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်များအပါအဝင် တရားမဝင် ရွာချင်းဆက်ဂိတ်များအားလုံးလည်းပိတ်ထားကြောင်း မူစယ်မှ ကုန်ကားသမားများကပြောသည်။

အဆိုပါဂိတ်များ မည်သည့်ရက် ပြန်ဖွင့်မည်ကို မသိရှိကြောင်း မူဆယ်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) စိုင်းကျော်သိန်း က ပြောသည်။

“ ကျနော်တို့ မြန်မာနိုင်ငံသားတွေ တရုတ်ဘက် အဝင်မခံတော့သလို တရုတ်နိုင်ငံသားလည်း မြန်မာဘက် အထွက် လက်မခံတော့ဘူး။ လူဝင်၊ ထွက် ကန့်သတ်လိုက်တယ်။ ဒါပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေး ကိုတော့ မထိခိုက်အောင် ဂျင်းဆန်းကျော့ ဂိတ်ကိုဖွင့်ထားပါတယ်” ဟု စိုင်းကျော်သိန်း က ပြောသည်။

တရုတ်နိုင်ငံ လူဝင်၊ထွက် ကန့်သတ်လိုက်သည့် အပေါ် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်ကြုံကြောင်း၊ တရုတ်နိုင်ငံ အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကျန်နေသေးကြောင်း လည်း စိုင်းကျော်သိန်း က ပြောသည်။

“ မြန်မာနိုင်ငံမှာ COVID-19 သံသယရှိသူ ရှိကတည်း က တရုတ်က ပိတ်ချင်နေတာ။ သျှမ်းပြည်မှာဘာမှ မဖြစ်သေးလို့ မပိတ်တာ။ ပြီးခဲ့တဲ့ ၂ရက် ကျောက်မဲမှာ ရှိတာလည်း ကြားရော သူတို့ မနေ့က ပိတ်ဖို့ အကြောင်းကြားလာတာပဲ” ဟု စိုင်းကျော်သိန်း က ဆိုသည်။

လက်ရှိမှာ မြန်မာ-တရုတ်နယ်စပ် ဂိတ်များ လူဝင်၊ထွက် ကန့်သတ်လိုက်သော်လည်း ကုန်သည်ကားများ၊ သစ်သီးကားများ ဝင်ခွင့်ရသေးကြောင်း မူဆယ်မြို့သစ်သီဝလံ ကုန်စည်ဒိုင် ဥက္ကဌ စိုင်းခင်မောင် က ပြောသည်။

“ လူဝင်၊ထွက်ကတော့ အားလုံးပိတ်တယ်။ ကားနဲ့ ကားမောင်းသူ တဦးပဲပေးဝင်တယ်” ဟု စိုင်းခင်မောင် က ဆိုသည်။

ထို့ပြင် တရုတ်ပြည်သို့သွားရောက် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ခ လစာ မရရှိဘဲ ယခုရက်ပိုင်း မြန်မာပြည်သို့ ပြန်လာရကြောင်း ယနေ့ မနက် မြန်မာပြည်သို့ ပြန်လာသည့် ရွှေ့ပြောင်းအလုပ်သမား စိုင်းမောင် က ပြောသည်။

“ ကျနော် ဟိုမှာနေတာ ၄လ လောက်ရှိပြီ၊ ကြံခုတ်တယ်။ လစာ ပေးတယ် ဒါပေမယ့် အပြည့်မပေးဘူး။ အခု ပြန်လာတာ ကားခပဲ ကျန်တယ်” ဟု စိုင်းမောင် က ဆိုသည်။

နမ့်ခမ်းမြို့တွင်လည်း မန့်ဟောင်း-နောင်တောင်းဂိတ်အပါအဝင် နယ်စပ်ရှိ ကူးတို့ဆိပ်များအားလုံး ပိတ်ထားပြီဖြစ်ကြောင်း နမ့်ခမ်းဒေသခံကုန်သည်အိုက်စိုင်းက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အခုလိုပိတ်လိုက်တော့ ဟိုးဘက်ကလာမယ့် ကုန်ကားရော ဒီဘက်ကမ်းကနေ တရုတ်ဘက်ကိုသွားမယ့်ကုန်ကားတွေရော ပိတ်မိနေတာအများကြီးဘဲ။ ရွှေ့ပြောင်းအလုပ်သမားအတွက်ရော၊ ကုန်သည်တွေရော၊ ဒေသတွင်း ဟင်းရွက်ရောင်းတဲ့လူတွေအကုန်လုံးကိုထိခိုက်ရပါတယ်။ ” ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့်ဒီဇင်ဘာ လကုန်ပိုင်းမှစတင်ကာ တရုတ်ပြည် ဝူဟန်ပြည်နယ် မှ စတင်သည် COVID-19 ကူးစက်မြန် အဆုတ်ရောင် ရောဂါသည် ကမ္ဘာတဝှမ်းကူးစက်ပျံ့နှံ့သွားခဲ့သော်လည်း လက်ရှိမှာ တရုတ်နိုင်ငံတွင် ၎င်း ရောဂါ မဖြစ်ပွားတော့ပေ။

လက်ရှိတွင် အဆိုပါရောဂါသည် မြန်မာနိုင်ငံသို့ကူးစက်လာပြီး ကူးစက်ခံနေရသူ ၁၅ ဦး နှင့် သေဆုံးသူ ၁ ဦးရှိပြီဖြစ်ကြောင်းအားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ၁၅ ယောက်မြောက် ကူးစက်ခံရကြောင်းကြေငြာပြီးနောက် တရုတ်က မြန်မာနိုင်ငံသားများကို ပြည်ဝင်ခွင့် ပိတ်လိုက်ခြင်း ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

KIA လက်အောက် မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို MNDAA မှ ဖျက်ဆီး

0
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက် ဒေသခံမူးယစ်တိုက်ဖျက်ရေးအဖွဲ့များ၏ သတိပေးဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA) မှ ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် မုံးပေါ်ဒေသရှိ ကျေးရွာများတွင် စိုက်ထူးထားသော မူးယစ်တိုက်ဖျက်ရေး (Pat Jasan) အဖွဲ့များ၏ သတိပေးကြေညာချက် ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ယမန်နေ့...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မူဆယ် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများ ဝင်ရောက်စီးနင်းခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး မူဆယ်မြို့ရှိ ဆင်ဖြူအိမ်ရာနှင့် စွမ်စော်ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်း လုပ်ကိုင်သည့် နေရာများကို စစ်ကောင်စီတပ်က အင်အားသုံးပြီး ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံများက...