Tuesday, January 27, 2026

မြန်မာနယ်စပ်ဂိတ်များမှ ပြည်ဝင်ခွင့် ဗီဇာ ဝင်ရောက်ခွင့် ယာယီ ပိတ်

မြန်မာနိုင်ငံ နယ်စပ် စစ်ဆေးရေး ဂိတ်များမှ ပြည်ဝင်ခွင့် ဗီဇာဖြင့် ဝင်ရောက်ခွင့် ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။

Photo by ThaiPBS North /Facebook

လက်ရှိ Covid-19 အဆုတ်ရောင် ကူးစက်မြန် ရောဂါ၊ ပြည်ပ မှ ကူးစက်ပြန့်ပွားမှု ကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် နိုင်ငံခြာသားများ နယ်စပ် စစ်ဆင်ရေး ဂိတ်မှာ ပြည်ဝင်ခွင့် ဗီဇာဖြင့် ဝင်ရောက်ခွင့် ကို ယနေ့ (မတ် ၁၉ ) ရက်စွဲဖြင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မှ ထုတ်ပြန်ကြေညာလိုက်သည်။

“ ကျနော်တို့ တာချီလိတ်မှာတော့ ဒီနေ့ က စပိတ်တယ်။ အဓိက တတိယ နိုင်ငံသားတွေကို ပေးမဝင်တော့တာပါ။ ထိုင်းဘက်ကလည်း သူတို့ Entry Permit (ပြည်ဝင်ခွင့်လက်မှတ်) ထုတ်မပေးတော့ဘူး” ဟု တာချီလိတ်မှ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သို့သော် နပ်စပ် နှစ်ဖက် ဒေသခံ ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခွင့် ( Border Pass) ဖြင့် ဝင်ရောက်ခွင့် ပေးထားကြောင်း၊ ဝင်ရောက်လာသူများကို ကိုယ်အပူချိန် တိုင်းတာမှုများ၊ ကျန်းမာရေး စိစစ်မှုများ တင်းကြပ်ဆောင်ရွက် သွားမည် ဟု လည်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

Photo by ThaiPBS North/ Facebook

မြန်မာနိုင်ငံသို့ပြည်ဝင်ခွင့် ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများ အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှသာ တည်ဆဲ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆက်လက် ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည် ဟုလည်း ထည့်သွင်းရေးသားထားသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ရှိ နယ်စပ်ဂိတ် များတွင် တရုတ်ပြည်သို့ အလုပ်သွားလုပ်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရက်လျှင် ၁သောင်းကျော် ရှိနေကြောင်းသိရသည်။

“ ကျနော်တို့ မူဆယ်နယ်စပ်ဂိတ်တွေလည်း ပိတ်စေချင်တယ်။ အခု တရုတ်ပြည်မှာ Corona (ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်ခံရသူတော့ပေမယ့် မြန်မာပြည်မှာဖြစ်လာရင် ကုဖို့ ကခက်တယ်” ဟု မူဆယ် ဒေသခံ စိုင်းမောဝ် က ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် ဝင်၊ထွက် သွားလာသည့်နေရာတွင် တင်းကြပ်စွာ ဆောင်ရွက်မှု ရှိသကဲ့သို့ မြန်မာ- တရုတ် နယ်စပ် ဂိတ်များတွင် စည်းကမ်းတည်းကြပ်မှု မရှိကာ ဝင်၊ထွက် သွားလာနေမှုများနေကြောင်းလည်း စိုင်းမောဝ် က ဆိုသည်။

ထိုင်းနိုင်ငံ ဘက်မှ EP( Entry Permit) ပြည်ဝင်ခွင့် လက်မှတ်ဖြင့် တာချီလိတ်မြို့သို့ဝင်လာသည့် တရုတ်နိုင်ငံသား ၅၃၇ ဦး၊ တာချီလိတ်တွင် သောင်တင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ခံရသည့် သူ တဦးတယောက်မှ မရှိသေးသော်လည်း Covid-19 စောင့်ကြည့်လူနာ သေဆုံးမှု ၅ဦး ရှိခဲ့ရာ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ ဆေးရုံတွင် Covid-19 စောင့်ကြည့်ခံရ လူနာ တဦး သေဆုံးခဲ့သည်။

ထိုင်းနိုင်ငံတွင် Covid-19 ရောဂါ တွေ့ရှိသူ ၂၇၂ ဦးရှိကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...