တိုက်ပွဲကြောင့်အရပ်သားများ သေဆုံးမှု သျှမ်း/မြောက် လူသားစာနာမှုအဖွဲ့ ရှုပ်ချ
သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံလူထု ထိခိုက်ဒဏ်ရာရ သေကြေ ပျက်စီးဆုံးရှုံးမှု အပေါ် ရှုပ်ချကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က ထုတ်ပြန်ကြေငြာလိုက်သည်။ သြဂုတ်လ ၁၉ ရက်နေ့က ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Humanitarian Strategic Team...
အလံဖြူထောင်ထားသည့် လူမှု ကူညီရေးကား သေနတ်ပစ် ခြိမ်းခြောက်ခံရ
သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒဏ်ရာရထားသည့် တောင်သူ ၂ ဦးကိုသွားရောက် ကူညီ ခေါ်ဆောင်မည့် ဂရုဏာ လူမှုကူညီရေး (မူဆယ်) ကား လက်နက်ပစ်ခတ်ကာ ခြိမ်းခြောက်ခံရ ဟု သတင်းရရှိ သည်။ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ကွတ်ခိုင် နှင် နမ့်ဖတ်ကာကြားရှိ ဖာဖိန့်ရွာ...
မိုင်းခွဲဖျက်ဆီးခံရသော ဂုတ်တွင်းတံတားအား ပြန်လည်မွမ်းမံဆောက်လုပ်ပြီးစီး
သျှမ်းပြည်မြောက်ပိုင်းနှင့်မန္တလေးတိုင်းနယ်စပ် နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအား ဘေလီတံတားအဖြစ်ပြန်လည် ဆောက်လုပ်ပြီးစီးပြီးဖြစ်သဖြင့် ယနေ့ ကားများပြန်လည်ဖြတ်သန်းခွင့် ပေးနေကြောင်းသိရသည်။ သြဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက ကားငယ်များ ပြန်လည်ဖြတ်သန်းနိုင်ပြီဖြစ်ပြီး တံတားခံနိုင်ဝန် ၃၆ တန်အထိ ကား များဖြတ်သန်းခွင့်ပေးကြည့်မည်ဖြစ်ကြောင်း သျှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်က သျှမ်းသံတော်ဆင့်အားပြောသည်။ “ဂုတ်တွင်းတံတား မိုင်းခွဲခံရပြီးနောက် ၀န်ကြီးချုပ်ကိုယ်တိုင်သွားကြည့်ရှုစစ်ဆေးပြီးတော့ အမြန်ဆုံး...
မှိုရှာထွက်သည့် မိုင်းပျဉ်းမှ အမျိုးသမီး ၃ ဦး မိုင်းနင်းမိ ၂ ဦး ဒဏ်ရာရ
သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံကျေးရွာအုပ်စု စွမ်တောင်းကျေးရွာ သူ အမျိုးသမီး ၃ ဦးသည် လယ်ယာတောတောင်အတွင်းမှိုရှာထွက်စဉ် မြေမြုပ်မိုင်းနင်းမိကာဒဏ်ရာရရှိသွားကြကြောင်းသိရသည်။ သြဂုတ် ၁၁ ရက်နေ့ က မိုင်းနင်းမိခြင်းဖြစ်ပြီး အသက် ၁၅ နှစ် အရွယ် နန်းစောလှမှာ ဒဏ်ရာ အနည်းငယ် ရရှိကာ...
သျှမ်းပြည်မြောက်ပိုင်းမှာဖြစ်ပွါးနေတဲ့တိုက်ပွဲနှင့်ပတ်သက်ပြီး သူတို့ဘာပြောကြသလဲ
တပ်မတော်က မြောက်ပိုင်းမှာ စစ်ဆင်ရေး အပြင်းအထန် လုပ်လာနိုင်မဲ့ အနေအထားရှိနေ
မြောက်ပိုင်းမဟာမိတ်က အတွင်းစည်းထိ ဝင်ရောက်လှုပ်ရှားလို့ တပ်မတော်က လည်း ပြန်ပြီး စစ်ဆင်ရေး လုပ်မယ့် အနေအထား ရှိနေအတွက် မြောက်ပိုင်းမှာ စစ်ရေး ပိုပြီး ပြင်းထန်လာနိုင်တယ် - လို့ နယ်စပ်တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ မြောက်ပိုင်းမဟာမိတ်...
နမ့်ဖတ်ကာတိုက်ပွဲတွင် မြန်မာ့တပ်သား ၆ ဦး ကျဆုံး
သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ဖတ်ကာရွာအဝင်တွင်ဖြစ်ပွားခဲ့သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် မြန်မာ့တပ်မတော်တိုက်ပွဲတွင် မြန်မာ့တပ်သား ၆ ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။ သြဂုတ် ၁၇ ရက်နေ့ ကဖြစ်ပွါးသော တိုက်ပွဲကြောင့်ကျဆုံးသွားသည့် မြန်မာ့တပ်မတော် စစ်သား (၆) ဦးကို မေတ္တာရှင် လူမှုကူညီရေး...
NRPC နှင့် အပစ်ရပ် ၁၀ဖွဲ့ ချင်းမိုင်တွင် တွေ့ဆုံ
အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘာတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ ၌ အလွှတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ သြဂုတ်လ ၁၉...
သျှမ်းမြောက် တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀၀ ကျော် စားရိက္ခာ လိုအပ်နေ
သျှမ်းပြည်နယ်မြောက်ပိုင်း တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှု ကြောင့် ဒေသခံ ၂၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ကာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည် ဟု သတင်းရရှိသည်။ သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း သြဂုတ် ၁၅ ရက်နေ့ မှစတင်ကာ ညီနောင် မဟာမိတ် (၃) ဖွဲ့ နှင့်...
လွိုင်လင်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံးစိုက်ရာ လွိုင်လင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ သြဂုတ် ၁၆ ရက် နေ့လည် ၁၁ နာရီက လွိုင်လင်မြို့ မှ တောင်ကြီး သို့ အသွားလမ်းရှိ ဟိုတင့် ကျေးရွာ အနီးတွင် ယာဉ်မောင်း...
လားရှိုး ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျ အမျိုးသားတဦးသေ
သျှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ် ကုန်းဆာ ကျေးရွာ အုပ်စု ကုန်းဆာရွာ အတွင်း လက်နက်ကြီးကျရာ ဒေသခံ အမျိုးသား တဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိခဲ့သည်။ သြဂုတ်လ ၁၈ ရက် ယမန်နေ့ ည ၈ နာရီ ဝန်းကျင်က ကုန်းဆာကျေးရွာအတွင်း လက်နက်ကြီးကျမှုကြောင့် အသက် ၅၀...





