သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကိုရိုနာ သံသယလူနာ တစ်ဦးတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသော အမျိုးသားတစ်ဦးသည် လည်ချောင်း နာခြင်း ၊ ချောင်းဆိုးခြင်း စသော အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid 19 ရောဂါသံသယ လက္ခဏာဖြစ်ပေါ်နေသည်ဟု နမ့်စန်မြို့နယ်ကုသရေး ဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းကထုတ်ပြန်ထားသည်။

နမ့်စန်မြို့နယ်၊ နောင်ဟီးအုပ်စု၊ ကျောက်တိုင်ကျေးရွာနေ ဦးလာဗွေ (၂၃) နှစ်သည် ၂၀၂၀ မတ် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှပြန်ရောက်ပြီး လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းစသည့် ကိုရိုနာရောဂါ သံသယလက္ခဏာဖြစ်ပေါ်သောကြောင့် ကျောက်တိုင်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ၂ ပတ် ၁၄ရက်အတွင်း ပြင်ပသို့ ထွက်ခွာခြင်းမရှိစေရေး ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က – ” နောင်ဟီးအုပ်စု နမ့်တိန်းချောင်းတစ်ဘက်ကမ်းမှာ ရှိတဲ့ ကျောက်တိုင်ရွာမှာ ထိုင်းကနေပြန်လာတဲ့ တစ်ယောက် ပအိုဝ်းလူမျိုး ဦးလာဗွေပေါ့ သူကချောင်း ဆိုးတယ် လည်ချောင်းနာတယ် ဒီလက္ခဏာလေးတွေတွေ့လို့ သူ့ကိုတော့ ရွာမှာသီးသန့် အိမ်ထဲက အိမ်ပြင်လုံးဝပေးမထွက်ပဲ သံသယလူနာအဖြစ်ထားရှိတယ်။ လက်ရှိအချိန်မှာ သူကတော့ ကျန်းမာရေးကောင်းနေတယ်။” – ဟု ပြောပါသည်။

ယနေ့အချိန်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃၀၀ နီးပါး ရှိပြီဟု ၎င်းကပြောသည်။

အဆိုပါ ဦးလာဗွေအား နမ့်စန်မြို့နယ်ကုသရေးဌာနမှ စနစ်တကျစောင့်ကြည့်စေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်းနှင့် ထူးခြားမှုရှိပါက အချိန်နှင့်တပြေးညီ တင်ပြမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ်ကုသရေးဌာန အကြောင်းကြားစာစောင်အရ သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က – ” သံသယလူနာ တစ်ကယ်လို့များ ရှိခဲ့ရင် ဆေးရုံမှာ ကုသနိုင်ဖို့အတွက် သံသယလူနာ ၈ ယောက်စာ ကုတင် ၈ လုံးကို သံဃာဆောင်မှာ ပြင်ထားတယ်။ နောက်တစ်ခုက အဲနားမှာ ဝန်ထမ်းအိမ်ယာအသစ် ၄ ခန်း ၄ ထပ် အခန်း ၁၆ ခန်းကို ကုတင် ၁၆ လုံးကိုချထားပြီးပြင်ဆင်ထားတယ်။ ” – ဟုပြောသည်။

နမ့်စန်မြို့ အမှတ် ၂ ရပ်ကွက် တွင်နေထိုင်သည့် ဒီမိုကရေစီပါတီဥက္ကဌ ဦးနေဇော်ကလည်း  –  “ကျနော်တို့ မြို့ပေါ် ရပ်ကွက်မှာက  လူစုလူဝေး အလှူတွေအကုန်ဖျက်ထားတယ်။ လက်ဆေးစင်တွေစီစဉ်ထားပေးတယ် ” – ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦး ရှိပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ယနေ့အချိန်ထိ တစ်ဦးမှ မတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ်နိုင်ငံတွင် သေဆုံးသူ ၃၂၈၇ ဦး၊ ကူးစက်ခံရသူ ၈ သောင်းကျော် ရှိကြောင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်သော်လည်း လက်ရှိ တွင် ကမ္ဘာတလွှား ၁၉၆ နိုင်ငံ ကူစက်ပျံ့နှံ့နေသောကြောင့် ကမ္ဘာ့ ကျန်းမာရေးဌာန WHO ကူးစက်လွယ် ကပ်ရောဂါ အဖြစ်သတ်မှတ်ထားပါသည်။

(ယိင်းယိင်းရေးသားပေးပို့သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

တာချီလိတ်နယ်စပ် ပတ်စပိုစ့် ရှိသော်လည်း ဘတ်ထောင်ချီပေးမှ ဖြတ်သန်းခွင့်ရနေ

0
စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိ မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့်...