Wednesday, January 28, 2026

မူဆယ်တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ရှိ မင်္ဂလာ မူဆယ် အနီးတွင် ယနေ့မနက်ပိုင်းက အမျိုးသား တဦး သေန တ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

 

Photo by Thaung Tun /facebook

မတ်လ ၂၆ ရက် မနက် ၉ နာရီခွဲအချိန်ခန့်က မင်္ဂလာ မူဆယ် အနီး မြေဖို့ (မြေညှိ)နေသည့်ဘက်ဟိုးကားမောင်းသူများ၏ မန်နေဂျာ အသက် ၅၂ အရွယ် ဦးစိုးမောင် ကို အမည်မသိ လက်နက်ကိုင် ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း မူဆယ် ဂရုဏာ လူမှုကူညီရေး အသင်း မှ ဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနက် ၉ နာရီခွဲ မှာ ပစ်ခံရတာ။ ပွဲချင်းပြီး တော့ သေတာမဟုတ်ဘူး။ ဆေးရုံ ရောက်ပြီး ၁ နာရီလောက်ကြာတော့ သေသွားတာ။ ဘယ်သူလာပစ်တယ်ဆိုတာ မသိသေးဘူး” ဟု ဦးသောင်းထွန်း ကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့မ ရဲစခန်းကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းသည့် အခါ တာဝန်ကျ ရဲတဦးက “ မနက်က မင်္ဂလာ မူဆယ်မှာ အမျိုးသားတယောက် သေနတ်ပစ်ခံရတာ ဟုတ်ပါတယ်။ သေသွားပြီ။ တရားခံကတော့ ခုထိ မမိသေးဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ ဖြစ်ပွားသည့်နေရာသည် တရုတ်ပြည် နယ်စပ်ဖြစ်သည့် အလျောက် တရားခံများ တရုတ်ပြည်ဘက် ထွက်ပြေးသွားနိုင်ကြောင်းလည်း အဆိုပါ ရဲက ပြောသည်။

သေနတ်ပစ်ခံရ သူသည် ကျောက်မဲမြို့တွင် နေထိုင် သူတဦးဖြစ်ပြီး ယခင်က ကျောက်မဲမြို့ မိုင်းတင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့ဖူးသည်ဟု ကျောက်မဲ ဒေသခံ များပြောပြချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ -တရုတ် နယ်စပ် နမ့်ခမ်းမြို့အနီးတွင် ဗုံးပေါက်ကွဲသံကြား

0
မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ယနေ့ (မေလ ၁၉) ရက် မနက် ၇ နာရီဝန်းကျင်တွင် ဗုံးအဆက်မပြတ် ပေါက်ကွဲမှုကြားရသဖြင့် နမ့်ခမ်းမြို့‌ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယနေ့မနက်ပိုင်းအချိန်တွင် ဗုံးသံ အချက် ၂၀ ထက်မနည်း ဆက်တိုက်ကြားနေရကြောင်း...

မူဆယ်မြို့နယ် ရွာသားတစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟန်ကျေးရွာတွင် နေထိုင်သည့် ရွာသားတစ်ဦးကို စစ်ကောင်စီတို့က ရိုက်နှက်ပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မန်းဟန်ကျေးရွာရှိ ယာခင်းအတွင်းတွင် အလုပ် လုပ်နေသည့် အသက် ၅၃ နှစ်ရှိ အမျိုးသားတစ်ဦးကို စစ်ကောင်စီတို့မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

မူဆယ်မြို့မှာ အသက် ၂၀ လူငယ် တစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကချင်ဈေး လမ်းဆုံအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် ကချင်ဈေး လမ်းဆုံအနီးသို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးသည် ဦးခေါင်းပိုင်း ချိန်ပြီးပစ်သည့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့်...

မြန်မာ-တရုတ်နယ်စပ် မူဆယ် ဆန္ဒထုတ်ဖော်သူ (၁၃)ဦး ဖမ်းဆီးခံရ၊ ၁၅နှစ်အရွယ်လူငယ်ပါဝင်

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက်မူဆယ်မြို့ တွင် ယနေ့ (မတ် ၁၁)ရက် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လူစုဝေးနေစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က ပြည်သူ (၁၃)ဦးကို ဖမ်းဆီးခေါ်ေဆောင်သွားကြောင်း သတင်းရရှိသည်။ ယနေ့ မနက် (၁၀)နာရီတွင် မူဆယ်မြို့ နာရီစင်ရှေ့တွင် စစ်အာဏာရှင် ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် အနေဖြင့်...