မူဆယ်မြို့မှာ အသက် ၂၀ လူငယ် တစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကချင်ဈေး လမ်းဆုံအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် ကချင်ဈေး လမ်းဆုံအနီးသို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးသည် ဦးခေါင်းပိုင်း ချိန်ပြီးပစ်သည့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးရကြောင်း သိရသည်။

“ကောင်လေးက ဈေးရပ်ကွက်ထဲနေတယ်၊ ကျည်ဆံက ခေါင်းတစ်ချက်နဲ့ လည်ပင်းကို တစ်ချက် ဖောက်ဝင်သွားတယ်၊ အခု Dead body က မူဆယ် ဆေးရုံကို ပို့ထားပြီ” ဟု ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သည့် ဂရုဏာ ပရဟိတအသင်းမှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ုးသား

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသည့် လူငယ်သည် မူဆယ်မြို့ရှိ ဈေးရပ်ကွက်တွင် မိဘများနှင့် နေထိုင်သူ တစ်ဦးဖြစ်ပြီး မည်သည့် အကြောင်းကြောင့် ပစ်သတ်ခံရသည်ကို မသိရကြောင်းလည်း ဒေသခံများက ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် ယခုကဲ့သို့ အကြောင်းရင်းမသိ တရားခံမပေါ်သည့် အသတ်ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း လူမှုကူညီရေးအသင်းဝင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...