စပါးခွံပုံ မီးရှို့မှု ပြဿနာ ဖြေရှင်းပေးရန်

0

သို့ / သျှမ်းသံတော်ဆင့် မှတဆင့်

သက်ဆိုင်ရာ စည်ပင်သာယာရေးဌာန မှ တာဝန်ရှိလူကြီးမင်းများ၊ သက်ဆိုင်ရာ နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိလူကြီးမင်းများ နှင့် နမ့်ခမ်းပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင် သိရှိစေရန်

သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့နယ် ၊ပေါက်တိုက်ရပ်ကွက် (နောင်မရွာသွားရာလမ်း ညာဘက် ထိပ်ဘေး) ရှိ ဆန်စပါးကြိတ် စက်ရုံမှ စပါးခွံ မီးစွဲရှို့မှုကြောင့် ထွက်ရှိလာသော ညှော်နံ့ဆိုးများကြောင့် အနီးပတ်ဝန်းကျင်နေ မိဘပြည်သူများသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ကြသော ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း ၊ အသက်ရှူမွန်းကြပ်ခြင်း ၊ ညအချိန်များတွင်လည်း ကောင်းကောင်း မအိပ်စက်နိုင်ခြင်းနှင့် မျက်လုံး နီစပ်ခြင်းများ ခံစားနေရသည်မှာ ငါးရက် ငါးည ခန့် ရှိနေပြီဖြစ်ပါသည်။

စပါးခွံပုံ မီးလောင်နေသည်ကိုတွေ့ရစဉ်

၎င်း စပါးခွံပုံကြီးများမှာ လူနေအိမ် ထက်ကြီးသော ပဏာမခန့်ပုံထားရှိပြီး ဆက်တိုက်မီးစွဲရှို့ပါက (၃)လ လည်း ကုန်သွားမည်မဟုတ်ပါ။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်ဌာနမှ တာဝန်ရှိလူကြီးမင်းများနှင့် နမ့်ခမ်းမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းလှတင် တို့ အမြန်ဆုံးကွင်းဆင်းကြည့်ရှုစစ်ဆေး ဖြေရှင်းပေးပါရန် သျှမ်းသံတော်ဆင့်သတင်းဌာန မှတဆင့် ရိုသေလေးစားစွာ တင်ပြတောင်းခံအပ်ပါတယ်ရှင့်။

လေးစားစွာဖြင့်
အောင်မေတ္တာရပ်ကွက်သူတဉီး


eastern_breeze
SHARE