သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ နယ် ပါလောပါကယ် ကျေးရွာ အုပ်စု အတွင်း ထိုင်းနိုင်ငံမှ ပြန်လာ သည့် အမျိုးသမီးတဦးသည် ယနေ့ နေ့လည်ပိုင်းက ရုတ်တရက် သေဆုံးမှု ဖြစ်ပွားေ ကြာင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသမီး သည် အသက် ၃၇ နှစ်ရှိပြီး၊ လွန်ခဲ့သည့် ၁၅ ရက်ခန့်ကမှ ထိုင်းနိုင်ငံမှ ပြန်ရောက်လာကြောင်း၊ ဖျားနာသည်ကို သက်ဆိုင်ရာသို့သတင်း ပေးပို့ခြင်းမရှိဘဲ မိမိသဘော ဖြင့် ဆေးကုသ ခဲ့ရာမှ ယနေ့နေ့လည်ပိုင်းတွင် ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း ဆီဆိုင်မြို့ အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
“ လက်ရှိမှာ သေဆုံးရဲ့တစ်ရှူးစ နဲ့ နှာတို့စ ( နှာခေါင်းထဲကို ဝါဂွမ်းစ နဲ့ထိုးထည့်ပြီး COVID-19 အတွက် ယူဆောင်ထားသည့်အစ) ကိုဓာတ်ခွဲစမ်းသပ်ဖို့ပို့ပေးထားပါတယ်” ဟု ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
လက်ရှိမှာ မည်သည့် ရောဂါဖြင့်သေဆုံးသည် ကို မြို့နယ် ကျန်းမာရေး ဌာန တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“သေသွားတဲ့ အမျိုးသမီးမှာ လေးဘက်နာရောဂါ၊ ရင်သား အကြိတ်လည်းရှိတယ်” ဟု ဦးစံဝင်းမောင် က ဆိုသည်။
ရုတ်တရက်သေဆုံးသူနေထိုင်သည့်ရွာ နှင့် ဆီဆိုင်မြို့သည် ၁၂ မိုင်သာ ကွာဝေးကြောင်းသိရသည်။