Thursday, April 25, 2024

“ဝ” ဒေသ ဝင်၊ထွက် ယာယီ ကန့်သတ်

Must read

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်သည့် ဒေသ အတွင်း COVID-19 ကို ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှ စတင်ကာ ယာယီ ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

 

Photo by SHAN/UWSA အဝင်ဂိတ်

လက်ရှိ ဖြစ်ပွားနေသည့် COVID-19 ကာကွယ်သည့်အနေဖြင့် မတ် ၂၆ ရက်မှစတင် ကာ အဝင်၊ အထွက် ဂိတ်များကို ယာယီကန့်သတ်လိုက်ကြောင်း ၊ ရောဂါ ထိန်းချုပ်နိုင်သည့် ပေါ်မူတည်ပြီး ကန့်သတ်သွားမည် ဟု လားရှိုး အခြေစိုက် UWSA ဆက်ဆံရေး ရုံး မှ ဦးညီရမ်း က ပြောသည်။

Photo by RFA

“ မနက်ဖြန် စ မှာပါ။ ဘယ်နေ့ထိဆိုတာကတော့ COVID-19ရောဂါ ထိန်းချုပ်နိုင်တဲ့ပေါ်မူတည်မယ်။ ကျနော်တို့ “ ဝ” ဒေသကနေ ပြန်ထွက်လို့ရတယ်။ ပေးမဝင်တော့တဲ့သဘောပါ။ ဒါပေမယ့် “ဝ” ဒေသကလူဆိုရင်တော့ ဝင်လို့ရပါတယ်။ သတ်မှတ်ထားတဲ့ နေရာ မှာ ၁၄ရက်တော့ စောင့်ကြည့်မယ်” ဟု ဦးညီရမ်း က ဆိုသည်။

လက်ရှိ “ ဝ” ဒေသ သည် တရုတ်ပြည် ယူနန်နှင့် နီးစပ်သည့်ဒေသ တခုဖြစ်သော်လည်း COVID-19 သံသယရှိလူနာမတွေ့ရှိသေးကြောင်း၊ ထိုရောဂါနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများကို အသိပညာအမြဲပေးနေကြောင်းလည်း ဦးညီရမ်း က ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article