ထိုင်းနိုင်ငံ အရေးပေါ် အခြေအနေ ကြေညာ

0

ထိုင်းနိုင်ငံ COVID-19 ပျံ့နှံ့မှု ကာကွယ်ရန် အတွက် မတ် ၂၆ ရက်မှ စတင်ကာ အရေးပေါ် အခြေအနေအဖြစ် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ က ယနေ့ (မတ် ၂၄) တွင် ကြေညာလိုက်သည်။

Photo by TaiPBS

အရေးပေါ် အခြေအနေသည် မတ် ၂၆ ရက်မှ ဧပြီလကုန်ထိ သတ်မှတ်ကြောင်း၊ အခြေအနေပေါ်မူတည်ပြီး လူစု လူဝေးများ ထပ်မံ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း လည်း ပြောဆိုလိုက်သည်။

အရေးပေါ် အခြေအနေ ကာလ များတွင် ညနေ ၇နာရီမှ မနက် ၇ နာရီ အထိ အပြင်မထွက်ရဟု ထည့်သွင်းကြေညာထားသည်။

ပြည်သူများအနေဖြင့် နေရပ်မပြန်ရန်လည်းတိုက်တွန်းထားပြီး၊ နေရပ်ပြန်သူများအတွက် ကန့်သတ်ချက်များပြုလုပ်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ပြစ်ဒဏ်ချသွားမည် ဟုလည်း ထိုင်းဝန်ကြီးချုပ်သည် ထိုင်းရုပ်သံလိုင်းမှ တဆင့် ပြောကြားသွားသည်။

COVID-19 သည် ကူးစက်မှု မြန်ဆန်သည့်အတွက် ပြည်သူများအနေဖြင့် အစိုးရ ထုတ်ပြန်ချက်ကို လုပ်နာသင့်ကြောင်း သတ်မှတ်ချက်များအဆင်မပြေပါက ထိုင်းနိုင်ငံ တနိုင်ငံလုံး ပိတ်ချ(Lockdown) ပြုလုပ်သွားမည် ဟု ဝန်ကြီးချုပ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောသည်။

ဆက်လက်ပြီး အရေးပေါ်ကာလ အတွင်း ပြည်သူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ် သတင်းမှား ဖြန့်ချိမှုများ မပြုလုပ်ရန်၊ လူမှုကွန်ရက် တွင် တွေ့သမျှ မယုံကြရန်နှင့် သတင်းအမှား ဖြန့်ချိသူများကိုလည်း အရေးယူသွားမည်ဟု ထည့်သွင်းပြောသွားသည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၈၂၇ ဦးရှိပြီး သေဆုံးသူ ၄ဦးထိရှိလာကြောင်း သိရသည်။

Leave a Comments

SHARE