Friday, April 19, 2024

COVID -19 အတည်ပြု လူနာ နှင့် အတူ ကားစီးခဲ့သော မူဆယ် ဒေသခံ ၂ ဦး စောင့်ကြည်လူနာအဖြစ်သတ်မှတ်

Must read

COVID-19 အတည်ပြုလူနာနှင့် ကားအတူ စီးလာသည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ခရီးသည် ၂ဦးကို စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။

Photo by San Sna Htwe/COVID -19 အတည်ပြု လူနာ နှင့် အတူ ကားစီးခဲ့သော မူဆယ် ဒေသခံ ၂ဦးနေထိုင်သည့်နေအိမ်လမ်းကြောင်း ယာယီပိတ်ဆိုင်းထား

ယနေ့ မနက် ၁နာရီ ၄၅မိနစ်တွင် မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၂ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ကြေညာချက်ထုတ်ခဲ့သည်။

ထိုထဲတွင် တဦးသည် အသက် ၆၉ နှစ် အရွယ် သြစတြေးလျနိုင်ငံနှင့် စင်္ကာပူနိုင်ငံတွင် ပြန်လာသည်သူဖြစ်ပြီး ရန်ကုန်မြို့ ပြည်သူ့ဆေးရံကြီးတွင် ဆေးကုသခံယူနေသည်။

ကျန်တဦးမှာ မတ် ၁၉ ရက်က အမေရိကန် နိုင်ငံ မှ ပြန်ရောက်လာသည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း သိရသည်။ ၎င်းသည် မတ်လ ၂၀ ရက်ညက ရန်ကုန်မှ မန္တလေးသို့ ခိုင်မန္တလေး ကားဖြင့်တက်လာခဲ့သည်။

၎င်းနှင့်ကားတစီးထဲတွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်နေထိုင်သူ ၃ဦး လည်း အတူစီးနင်းလိုက်ပါရာ လက်ရှိ ၎င်း ၂ ဦးအား မူဆယ်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် ထားထားကြောင်း သိရသည်။

ခိုင်မန္တလေး ကားလက်မှတ်ဖြတ်ရာတွင် ၃ဦး နာမည် ပေးခဲ့သော်လည်း မူဆယ်ကို ၂ဦးသာ လိုက်ပါခဲ့ကြောင်းသိရသည်။

“ သူတို့ ၂ယောက်ကို မူဆယ်ဆေးရုံ မှာ စောင့်ကြည့်လူနာအဖြစ် ပို့ထားရပါတယ်။ မနေ့က ကြေညာလိုက်တဲ့ ပိုးရှိလူတယောက်နဲ့ အတူ ကားစီးလာလို့ပါ။ သူတို့ ၃ဦးကတော့ လက်ရှိကျန်းမာရေး ကောင်းပါတယ်” ဟု မူဆယ်တောင်ရပ်ကွက် ဒေသခံ တဦးက ပြောသည်။

စောင့်ကြည့်ခံရသူ မူဆယ်ဒေသခံ ၂ ဦးနေထိုင်သည့် နေအိမ် အနီးပတ်ဝန်းကျင်ကိုလည်း ပိုးသတ်ဆေးများဖြန်းထားပြီး ထို ၂ ဦး နှင့် ထိတွေ့မှုရှိခဲ့သည့် ဆွေမျိုးများ၊ တခြားသူများကိုလည်း စောင့်ကြည့်သွားမည် ဟု လည်း ၎င်းက ပြောသည်။

“ ဒီနေ့ နေ့လည်ကတော့ ဆေးတွေလာဖြန်းတယ်။ အခု အဲ့အိမ် အဝင်လမ်းကိုတော့ လမ်းပိတ်ထားတယ်။ လူနာတင်ကားတွေနဲ့ လာခေါ်သွားတာပဲ” ဟု စောင့်ကြည့်ခံရသူ နေအိမ်အနီးတွင် နေထိုင်သည့် စိုင်းကွမ်း က ပြောသည်။

ထို ကိစ္စနှင့်ပတ်သက်ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံ အနေဖြင့် ဆောင်ရွက်ထားပုံနှင့် လက်ရှိ စောင့်ကြည့်ခံ လူနာ ၂ဦး ကျန်းမာရေး အခြေအနေကို မေးမြန်းရန် သျှမ်းသံတော်ဆင့် က ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။

Leave a Comments

- Advertisement -spot_img

Latest article