တတိယမြောက် COVID-19 ရောဂါ အမျိုးသားတဦးထပ်မံတွေ့

0

မြန်မာနိုင်ငံတွင် တတိယမြောက် COVID-19 ရောဂါ အတည်ပြုလူနာ အမျိုးသားတဦး ထပ်မံ တွေ့ရှိ ကြောင်း မတ် ၂၅ ရက် မနက် ၁ နာရီက ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန က ကြေညာလိုက်သည်။

အဆိုပါ အမျိုးသား သည် အသက် ၂၆ နှစ်ရှိပြီး အင်္ဂလန် နိုင်ငံမှ မတ် ၂၁ ရက် က ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှ တဆင့် မြန်မာနိုင်ငံသို့ လေကြောင်း ဖြင့် ဝင်ရောက်လာသူဖြစ်သည်။

ထိုသူသည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး မတ် ၂၃ ရက် က အင်းစိန် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သီးသန့်ခန်းတွင်ထားရှိ ခဲ့သည်။

ထိုအမျိုးသားနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းကာ အသွားအလာ စောင့်ကြပ်သွားမည် ဟု သိရသည်။

Photo by Ministry of Health and Sports, Myanmar

မတ် ၂၃ရက်ကလည်း COVID-19 အတည်ပြု လူနာ ၂ဦး စတင်တွေ့ရှိခဲ့ပြီး တဦးမှာ ရန်ကုန် ဝေဘာဂီဆေးရုံတွင် ဆေးကုသခံယူနေခဲ့သည်။ နောက်တဦးမှာ ချင်းပြည်နယ် တီးတိန်မြို့ ဆေးကုသမှုခံယူနေသည်။

ယခုအချိန်ထိ ထိုင်းနိုင်ငံမှ ပြန်လာသူများမှ တဆင့် ရောဂါ ကူးစက် ဖြစ်ပွားမှု မရှိစေ ရန် အတွက် နေအိမ် (သို့မဟုတ်) သတ်မှတ်နေရာများတွင် နေထိုင်စေပြီး (၁၄) ရက်တာ ကာလ အသွားအလာ ကန့်သက်ခြင်း (Home/facility quarantine) နှင့် စောင့်ကြပ် ကြည့်ရှုခြင်း တို့ကို ဆောင်ရွက်ကြောင်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယမန်နေ့ တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သို့ ပြန်လာသူများအနေဖြင့် စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းခြင်း မပြုကြရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် က “ ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိပါဘူး။ လူအုပ်ထဲသွာ
းတိုး ဝယ်လို့ ရောဂါကူးမယ့် အလားအလာ က ပိုများပါတယ်” ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရ အနေဖြင့် အများပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ဈေးများနှင့် အရောင်းအဝယ် စင်တာများကို ပိတ်သိမ်းရန် အစီအစဉ် မရှိကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်က အသိပေးပြောကြားလိုက်သည်။

“ လုပ်ငန်းတွေ ၊ စက်ရုံတွေ၊ အလုပ်ရုံတွေ ကို ပိတ်မယ်။ မြို့ရွာအဝင် အထွက်တွေ ကို ပိတ်မယ်
ဆိုတဲ့ မဟုတ်မမှန် သတင်းတွေ ပျံ့နှံ့နေပါတယ်။ ဒီလို ကောလဟလတွေ ကြောင့် ပြည်သူေ
တွ အနေနဲ့ အထိတ်အလန့် မဖြစ်ကြပါနဲ့” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ တွေ့ရှိသူ ၃ဦးရှိပြီး၊ သံသယ စောင့်ကြည့်လူနာ ၂၃၈ဦး ရှိကာ ဓာတ်ခွဲ အဖြေ စောင့်ဆိုင်းသူ ၂၆ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

SHARE