သီပေါမြို့ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံးမှု ဆွေမျိုးများထံတောင်းပန်ပြီးကြောင်း SSPP ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းဆာကျေးရွာအုပ်ချုပ်ရေးမှူး လုံးဆိုင်ဟန် ၏ ရုပ်အလောင်းကို SSPP/SSA နှင့်ရွာသားများ စုပေါင်းရှာဖွေခဲ့ကြပြီးနောက် ယမန်နေ့က မီးသဂြိုလ်ခဲ့ ကြသည်။ အသတ်ခံရသည့် လုံးဆိုင်ဟန်၏ အလောင်းကို ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အရိုးကိုလည်း သီပေါမြို့ ကုန်းဆာကျေးရွာသို့ ပြန်သယ်လာခဲ့ကြောင်း...
သျှမ်းပြည်တွင် ဆေးကုသနေသည့် ကိုဗစ်-၁၉ လူနာ (၉၆) ဦးရှိ
SHAN -
လက်ရှိအချိန်ထိ သျှမ်းပြည်တွင် ဆေးကုသခံယူနေသည့် ကိုဗစ်-၁၉ လူနာ ၉၆ ဦးရှိနေသေးကြောင်း စုံစမ်းသိရသည်။ ထိုဆေးရုံတက်နေသည့် ကိုဗစ်-၁၉ လူနာ( ၉၆) ဦးသည် သျှမ်းတောင် တွင်(၃၆)ဦး၊ သျှမ်းမြောက်တွင် (၅၄)ဦးနှင့် သျှမ်းရှေ့တွင် (၄)ဦးတို့ဖြစ်ကြောင်း သျှမ်းပြည် တောင်ကြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။ သျှမ်းပြည်တွင် ဇန်နဝါရီ...
တပ်မတော်ထောက်ခံသူ နှင့် NLDထောက်ခံသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ ၊ နောင်အင်ဘောလုံးကွင်းတွင် ယနေ့ ပြုလုပ်သော တပ်မတော် ထောက်ခံသူ နှင့် NLD ထောက်ခံသူကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလ ၂၂ ရက် ယနေ့မနက်ကပြုလုပ်သည့် တပ်မတော် ထောက်ခံပွဲမှ တပ်မတော်ထောက်ခံသူများ ဆန္ဒထုတ်ဖော်နေစဉ် အမျိုးသား...
မူဆယ် ကိုဗစ်-၁၉ လူနာ အမျိုးသားတဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ အမျိုးသား တဦး ယနေ့ (ဇန်နဝါရီ ၂၂)ရက် ညနေ ၆နာရီတွင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ သေဆုံးသွားသည့် ကိုဗစ်-၁၉ လူနာသည် အသက် ၄၅နှစ် အရွယ်ရှိပြီး၊ ထိုအမျိုးသားထံတွင် ဆီချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိကြောင်း...
မူဆယ်မြို့ မီးသွေးတင် ယာဉ်မောင်းတဦး သေနတ်ပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅) မိုင်အုပ်စုအနီးတွင် မီးသွေးတင်ဆောင်လာသည့် ကားဆရာတဦး ယမန်နေ့ မနက်၂နာရီခွဲတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ် (၁၀၅) မိုင် အုပ်စု အောက်နမ့်ဟွမ်ကျေးရွာ ဘောလုံးကွင်းအနီးတွင် ဇန်နဝါရီ (၂၁) ရက် မနက် ၂ နာရီခွဲအချိန်တွင် မီးသွေးတင်ဆောင်လာသည့် ကားဆရာကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ...
ဒေသခံလူထုအသုံးပြုသည့်လမ်းပေါ် RCSS နှောင့်ယှက်နေဟု ဒေသခံများပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ စု အသုံးပြုနေသည့် လမ်းပေါ်တွင်သံချောင်းများ စိုက်ထားသဖြင့် ဖယ်ရှားပေးပါရန် မြို့နယ်အုပ်ချုပ်ရေးမှူး ထံ တင်ပြတောင်းဆိုထားသည်ဟုသိရသည်။ နမ့်ဆန်မြို့နယ် ကျေးလက်ပြည်သူများ အဓိက အသုံးပြုနေသည့် နမ့်ဆန် - နမ္မတူ လမ်းမပေါ် နောင်ကန်-မုံးဟွေ လမ်းပိုင်းတွင် RCSS/SSA မှ သံချောင်းများ...
မူဆယ်မြို့ နေအိမ်ထဲနေ အမျိုးသမီးတဦး ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်ရှိ နေအိမ်တလုံး တွင် ယနေ့ (ဇန်နဝါရီ ၂၂)ရက် နေ့လည် ၁၂နာရီ အချိန်၌ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါနေအိမ်ထဲတွင် အမျိုးသမီး တဦးတည်းနေချိန် အမျိုးသား ၂ဦးက ဝင်ရောက်လာပြီး ဓားပြတိုက်ရန် ကြိုးစားရာ၊ အမျိုးသမီးမှ ပြန်လည်ခုခံလိုက်သဖြင့် အမျိုးသမီး...
သျှမ်းပြည် ကိုဗစ်-၁၉ လူနာသစ် (၈)ဦးတိုး
SHAN -
သျှမ်းပြည်တဝှမ်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာသစ် (၈) ဦး တိုးလာကြောင်း စုံစမ်းသိရှိရသည်။ ထိုလူနာ (၈) ဦးသည် သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဌာနဆိုင်ရာ (တောင်ကြီး) မှ (၄) ဦး နှင့် သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှု ဌာနဆိုင်ရာ (မူဆယ်) ၄...
ကျန်းမာရေးဝန်ထမ်း နှင့်အစိုးရအဖွဲ့ဝင်များကို COVIDကာကွယ်ဆေး ဦးစွာထိုးနှံပေးမည်
SHAN -
အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့(ဇန်နဝါရီ ၂၂)ရက်ရောက်ရှိလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရအဖွဲ့ဝင်များအား ဦးစားပေး ထိုးနှံပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။ ကိုဗစ် ကာကွယ်ဆေးကို ရှေ့တန်းရှိ ကျန်းမာရေး ဝန်ထမ်း၊ အဓိကကျသည့် အစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို...
RCSS နှင့်TNLA စစ်ရေးတင်းမာနေသေး ကျောက်မဲစစ်ရှောင်များနေရပ်မပြန်ရဲ
SHAN -
RCSS/SSA နှင့် TNLA တို့သည့် ယနေ့ချိန်ထိ နှစ်ဖက်တပ် စစ်ရေး တင်းမာနေသေးသဖြင့် ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်များနေရပ်မပြန်ရဲသေးကြောင်း သတင်းရရှိသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွှတ်မြောက်ရေးတပ်မတော်(TNLA) တို့ ၂၀၂၀ခုနစ် ဒီဇင်ဘာ(၂၅)ရက်မှ စတင်ကာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊...





