ကျောက်မဲမြို့နယ် အမျိုးသားတဦး မိုင်းနင်းမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာနေထိုင်သည့် အမျိုးသား တဦးသည် ယမန်နေ့ (ဇန်နဝါရီ ၂၆)ရက် ညနေပိုင်းတွင် မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ (၂၆) ရက် ညနေပိုင်းအချိန်တွင် ညောင်မောင်းကျေးရွာနေသူ အသက် (၃၅) နှစ်အရွယ် အမျိုးသားတဦး မြင်းသွားရှာရာ မိုင်းနင်းမိကြောင်း ဇိဝိတ...
တပ်မတော်ထုတ်ပြန်တဲ့ ရွေးကောက်ပွဲရလဒ်ကိစ္စ တတိယအကြိမ်လွှတ်တော်ကို အဟန့်အတားဖြစ်စေလား
အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေရက်မှ ရက် ၉၀ အတွင်းမှာ လွှတ်တော် ပြန်လည် ခေါ်ယူကျင်းပရမယ့်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၃ မှာ ပြဌာန်းထားပါတယ်။ ထိုပြဌာန်းချက်နဲ့ အညီ တတိယ အကြိမ် လွှတ်တော်ကို လာမယ့် ရှေ့လဆန်းမှာ ကျင်းပမှာဖြစ်ပြီး၊ အနိုင်ရ...
ရေကာတာစီမံကိန်း ရပ်တန့်ရေးကိစ္စ ဦးဆောင်သူများကို သက်ဆိုင်ရာ ကခေါ်ယူစစ်ဆေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ မြစ်ငယ်မြစ်ပေါ်တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများ ရပ်တန့်ရန် အတွက် ဦးဆောင်လှုပ်ရှားသူ (၄)ဦးကို သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ၂၀၂၀ ခုနစ် အောက်တိုဘာ ၂၇ရက်တွင် သီပေါ၊နမ္မတူ၊ ကျောက်မဲ နှင့် လားရှိုးမြို့နယ် ဒေသခံများ (၂၀၀၀)...
သီန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၉၀၀ ကျော်ရှိ မူးယစ်ဆေး ဖမ်းဆီးရ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် သီန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၉၀၀ ရှိ မူးယစ်ဆေးများ ကိုဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီ ၂၅ ရက်နေ့ တွင် သီန္နီမြို့နယ်၊ လားရှိုး-သီန္နီသွားကားလမ်းတွင် အသက် ၂၇နှစ်အရွယ်ရှိ ထွယ်အောင် မောင်းနှင်လာပြီး အသက် ၂၆နှစ် အရွယ် ရှိ ဂွမ်ဆန်အောင် လိုက်ပါသည့် မော်တော်ဆိုင်ကယ်အား...
တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့မှတ်ယူလို့မရကြောင်း -တပ်သတင်းမှန်ဖြေ
တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း ယနေ့ (ဇန်နဝါရီ ၂၆)ရက်တွင် ကျင်းပသည့် တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဖြေကြားခဲ့သည်။ "တပ်မတော်အနေဖြင့် အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား ခင်ဗျ" ဟု အဆာဟိရှင်ဘွန်းသတင်းဌာနမှ သတင်းထောက် နော်ကို က သတင်းစာရှင်းလင်းပွဲတွင်...
RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲကြား တပ်မတော်ဘက်မှကျဆုံးသူ၊ ဒဏ်ရာရသူရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ်မတော်တို့သည် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ကျဆုံးသူ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီ (၂၅) ရက်နေ့က မိုင်းပန်မြို့နယ် နမ့်တိန်ကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အနီးမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မိုင်းပန်မြို့နယ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း...
သျှမ်းတောင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် ကျန်းမာရေးဝန်ထမ်း ၅၀၀၀ ကျော်ရှိ
SHAN -
သျှမ်းပြည် တောင်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် ကျန်းမားရေးဝန်ထမ်း (၅၀၉၆) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုကိုဗစ်- ၁၉ ကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ထိုးပေးမည်ဖြစ်ပြီး၊ ကျန်းမားရေးဝန်းထမ်းများကို အရင်ဆုံးထိုးပေးမည်ဖြစ်ကြောင်း သျှမ်းပြည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးကို...
ကျောက်မဲမြို့ စားသောက်ဆိုင်တွင် ပစ်ခတ်မှုဖြစ် လူငယ် (၂)ဦး ကျည်ထိ
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိစားသောက်ဆိုင် တွင် ထိုင်စားနေသည့် သူများကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ က ယနေ့ (ဇန်နဝါရီ ၂၅)ရက် ည ၈နာရီခွဲ၌ ဝင်ရောက်ပစ်ခတ်သွားခဲ့ပြီး အမျိုးသား ၂ဦး ဒဏ်ရာထိမှန်ခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက် (၈) နယ်မြေ (၂) အောင်ဆန်းလမ်းပေါ်ရှိ...
ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော
SHAN -
၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။ “တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP...
မိုင်းပန်မြို့နယ်တွင် RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် RCSS/SSAနှင့် အစိုးရတပ်မတော်တို့သည် ယနေ့( ၈နာရီ )ကျော်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယနေ့ မနက် (၈)နာရီ ၂၀မိနစ်တွင် မိုင်းပန်မြို့နယ် နမ့်တိန်ကျေးရွာအုပ်စု မိုင်းဟောင်းကျေးရွာ အနီး၌ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) ရှိသည့်နေရာကို မိုင်းပန်မြိ့နယ်အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း (ခမရ...





