Wednesday, January 28, 2026

ကွတ်ခိုင်မြို့ တွင် တဖတ်သတ်ပစ်ခတ်သံကြားရ

သျှမ်းမြောက် ကွတ်ခိုင်မြို့နယ် ခိုလုံကျေးရွာ အနီး တွင် ယနေ့ (ဇွန် ၃)ရက် မနက်ပိုင်းတွင် တဖတ်သတ် သေနတ်ပစ်ခတ် သည့် သံကြားနေရကြောင်း သတင်းရရှိသည်။

“ ဒီ မနက် (၁၀)နာရီလောက်မှာ သေနတ်ပစ်သံကြားရတယ်။ အပြန်အလှန်ပစ်တာတော့မဟုတ်ဘူး။ တဖက်သတ်အသံ ပါပဲ” ဟု ကွတ်ခိုင်မြို့နယ် တွင်နေထိုင်သည့်ဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့် ကို ပြောသည်။

ကွတ်ခိုင်မြို့ နယ် ခိုလုံကျေးရွာအနီးတွင် ယမန်နေ့ (ဇွန် ၂)ရက် ညနေ (၅)နာရီကျော်တွင် ညီနောင်မဟာမိတ်ဖြစ်သည် တာအာင်း(ပလောင်) တပ်မတော် (TNLA )၊ ရက္ခိုင့်တပ်မတော် (AA) ပူးပေါင်းနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုအပြင် စစ်ကောင်စီ ဘက်မှ လက်နက်ကြီး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ရဟတ်ယာဉ် (၂)စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၅နာရီခွဲကနေ ၆ နာရီအထိ လက်နက်ကြီး (၁၀ )ကျော်ကျောက်လောက်ကို စစ်တပ်က ပစ်တယ်၊ ပြီးတော့ ဟိုက်စကီးနဲ့ပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထပ်ပစ်သေးတယ်၊ အခုဆို အဲ့နားရွာက လူတွေ ထွက်ပြေးကြပြီ” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ရဟတ်ယာဉ်ပျံဝဲသံများပါ ကြားနေရသဖြင့် ဒီကနေ့မှာ မြိုပေါ်၌ အသွားအလာမရှိသလောက် ရှင်းလင်းနေကြောင်းလည်း ၎င်းက ပြောသည်။

ကွတ်ခိုင်မြို့နယ်တွင် ညီနောင်မဟာမိတ်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့သည် မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာတခု ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...

ကွတ်ခိုင်မြို့ ငလျင်ဒဏ်အလှူငွေကောက်ခံသည့်နေရာ TNLA နှင့် MNDAA ခိုက်ရန်ဖြစ်ပွား၊ TNLA တပ်သားတစ်ဦး သေဆုံးဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ငလျင်ဒဏ်အတွက် အလှူငွေ ကောက်ခံသည့် နေရာ၌ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မဈေး နေရာ၌ ကိုးကန့်တပ်ဖွဲ့ MNDAA...

ကွတ်ခိုင်မြို့ စစ်ကောင်စီထပ်မံဗုံးကြဲတိုက်ခိုက် ဒေသခံ ၃ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၇ရက်)နေ့ည ၁၂နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄) ရေထွက်ဦးပန်ခြံ ဈေးအနီးရှိ လူနေအိမ်ပေါ်သို့ ပေါင်...

ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂)...

မူဆယ်မြို့ အတွင်း ပြည်သူ့ စစ်နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) နေ့လည် ၁၂ နာရီခွဲဝန်းကျင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းတွင် မြို့မပြည်သူ့စစ် အဖွဲ့ နှင့် နမ့်ဖတ်ကာပြည်သူ့ စစ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွဲခဲ့ကြောင်း...