သီပေါတွင် သံဃာ (၁၅)ပါး ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် သီပေါမြို့ရှိ ဘုရားကြီးကျောင်းမှ သံဃာ (၁၅)ပါး ကိုဗစ် −၁၉ ရောဂါပိုး ကူးစက်ခံရကျောင်း သိရသည်။ “မနေ့ညက Tast kit နဲ့ စစ်လိုက်တဲ့ချိန်မှာ ကိုဗစ်ပိုး ကူးစက်ခံနေရတာကို တွေ့တာပါ။ ကိုရင်(၁၄)ပါးနဲ့ ဦးဇင်း (၁)ပါး အားလုံး (၁၅)ပါးကူးစက်ခံရတယ်။ ဒီနေ့ ကျန်းမာရေးဌာနကနေ...
ပင်လုံမြို့ ကိုဗစ်-၁၉ လူနာများလာပါက မိမိနေအိမ်တွင် ဆေးကုသရမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ပိုမိုများပြာလာပါက မိမိနေအိမ်တွင် ကိုယ်တိုင်ဆေးကုသ ရမည်ဖြစ်ကြောင်း ပင်လုံမြို့ ကိုဗစ် ၁၉ ကော်မတီထံမှ စုံစမ်းသိရှိရသည်။ “ ကျနော်တို့မြို့ကသေးတယ်။ လူတွေက စကားနာမထောင်ဘူး။ အပြင်မထွက်နဲ့ဆိုတော့လည်း ထွက်တယ်။ ဈေးဆိုင်ဆိုရင်လည်းဆေးဆိုင်နဲ့ ကုန်စုံဆိုင်ပဲဖွင့်ပါလို့ပြောတယ်။ တချို့က နားမထောင်းဘူး။” ဟု ကိုဗစ်...
မိုင်းကိုင်မြို့ တိုက်ပွဲငြိမ်သဖြင့် စစ်ရှောင် (၂၀၀)ကျော်နေရပ်ပြန်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် တိုက်ပွဲငြိမ်သွားသဖြင့် စစ်ရှောင်ထဲတွင်နေရာထိုင်ခင်း ခက်ခဲမှုများစွာရှိသဖြင့် စစ်ရှောင် (၂၀၀)ကျော ်နေရပ်ပြန်သွားကြောင်း စုံစမ်းသိရသည်။ မိုင်းကိုင်မြို့နယ် မိုင်ခွန်ကျေးရွာအုပ်စုတွင် သျှမ်းတပ် ၂ တပ်တိုက်ပွဲကြောင့် ပြည်သူများ ထောင်ချီထွက်ပြေးတိမ်းရှောင် ခဲ့ရပြီး စစ်ရှောင်များသည် ထော်လဂျီပေါ် သို့မဟုတ် ယာယီတဲဆောက်ပြီး မိုးကာဖြင့် ကာရံကာ နေထိုင်ရန်အတွက် အခက်ခဲများစွာရှိသောကြောင့်...
တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး(၄)ဦး နှင့်အမျိုးသား(၂)ဦး စစ်ကောင်စီမှ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ညကြီးအချိန်မတော် အမျိုးသမီးများကို စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ည ဇူလိုင်လ ၁၁ နာရီ အချိန်ဝန်းကျင်မှ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၄ နာရီအထိ တောင်ကြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက...
သီပေါဆေးရုံ ကိုဗစ် – ၁၉ လူနာများ ကျန်းမာရေး စောင့်ရှောက်ကုသမှုမရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ လူနာများကို တာဝန်ကျသည့် ကျန်းမာရေးဝန်ထမ်းများက စောင့်ရှောက် ဆေးကုသမှုများ မရှိသည့်အပြင် တံခါးသော့ပိတ်ပြီး အမှောင်ခန်းတွင်ထားထားကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် အတွင်းရှိ ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာများကို ပရဟိတများအသင်းမှ သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပြီးသည့် နောက်ပိုင်းတွင်...
သီပေါ ပရဟိတ (၂)ဦး ကိုဗစ်ကူးစက်ခံရ
SHAN -
ဇူလိုင် ၁၆ ရက် (ယနေ့)မနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ ပရဟိတအသင်းတစ်ခုမှ အသင်းဝင် (၂)ဦး ကိုဗစ် ကူးစက်ခံရကြောင်း သိရသည်။ “ဒီနေ့မနက်ပိုင်းက ဖျားချင်သလိုလို ဖြစ်နေတဲ့တစ်ယောက်ကို စစ်လိုက်တဲ့ချိန် ပိုးတွေ့တာပါ၊ နောက်ပြီး အဖွဲ့ထဲက တစ်ယောက်ကိုလည်း ထပ်စစ်လိုက်တော့ သူလည်း (Postive)ဖြစ်နေတာပဲ၊ အဲ့တော့ ဒီနေ့...
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်ဘက် တွင် ယမန်နေ့ (ဇူလိုင် ၁၅)ရက်၌ စစ်ကောင်စီတပ် နှင့် South Shan Youths Group PDF တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် PDF တပ်ဖွဲ့များမှ ကွဲထွက်မှုများ ရှိလာကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့...
မိုင်းငေါ့စစ်ရှောင်များ ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလိုအပ်
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များ ကိုဗစ်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ အခက်ခဲဖြစ်နေကြောင်း သိရသည်။ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်း၊ အလှူငွေနည်းပါးခြင်းတွေကြောင့် စစ်ဘေးရှောင်များအား လုံလောက်စွာထောက်ပံ့ပေးနိုင်ခြင်းမရှိသေးသည့်အတွက် စိတ်ပူနေရကြောင်း စစ်ဘေးရှောင်များကို သွားရောက်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။ “မိုင်းငေါ့မှာရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက နည်းနေတယ်၊ Mask ၊ Hand...
မိုင်းယော် ကာစီနို ဖွင့်ရန် သတင်းထွက်ပေါ်နေ
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်းယော်ဒေသတွင် ကာစီနို (လောင်းကစားရုံ) များဖွင့်ရန်အတွက် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဌာနေ ဒေသခံများ ပြောပြချက် အရသိရသည်။ ထိုကာစီနို ကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်တွင် ရှိသည့် ၁၀၀ ပေပတ်လည်ခြံဝန်းထဲ အဆောက်အအုံများ ဆောက်ပြီးကြောင်း နှင့် လောင်းကစားခုံများရှိနေပြီးဟု မိုင်းယော်ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်...
ကျေးသီးမြို့နယ် တိုက်ပွဲထပ်ဖြစ်မှာကြောက် စစ်ရှောင် ၄၀၀ ကျော် နေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် သျှမ်းတပ် (၂) တပ်တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင် (၄၀၀) ကျော် နေရပ်ကို မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ထိုကျန်ရှိနေသည့် စစ်ဘေးရှောင်း (၄၀၀) ကျော်သည် အသက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များဖြစ်ပြီး၊ သျှမ်းတပ်(၂)တပ် တိုက်ပွဲ ထပ်မံဖြစ်မည်ကို စိုးရိမ်းသောကြောင့် မပြန်နိုင်သေးကြောင်းသိရသည်။ “ တစ်ချို့သူတွေတော့ အကုန်ပြန်ကုန်ပါပြီ။...





