ဟူးကွက်ကျေးရွာ သောက်သုံးရေ ပိုးသတ်ဆေးအနံ့ရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်း သဘာဝတောင်ကျ သောက်သုံးရေ ပိုးသတ်ဆေးအနံ့ရနေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

ကျောက်မဲမြို့နယ် ဟူးကွက်ကျေးရွာ အရှေ့ဘက်ခြမ်းရှိ သဘာဝ တောင်ကျရေသည် ယမန်နေ့ (အောက်တိုဘာ ၇) မနက် ၉ နာရီမှ စပြီး ရေများအမြှုပ်ထကာ ပိုးသတ်ဆေးနံ့ရနေကြောင်း ဒေသခံများက ပြောသည်။


“ ရေကို လာဖွင့်ကြည့်တော့ အမြှုပ်ထလာတာ။ ပြီးတော့ ပိုးသတ်ဆေးနံ့ အရမ်းနံတယ်။ အခုချိန်ထရနေသေးတယ်။ အဲရေကို သုံးလိုမရသေးဘူး” ဟု ဟူးကွက်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

ထို သဘာဝတောင်ကျရေသည် ကျေးရွာနှင့် (၄) မိုင်လောက်ဝေးပြီး၊ ထိုနေရာမတွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့က တပ်ဆွဲထားသည့် နေရာဖြစ်ကြောင်းသိရသည်။

ထိုသို့ ရေအမြှုပ်ထလာခြင်းသည် ဟူးကွက်ကျေးရွာတွင် ယခင်က တခါမျှမဖြစ်ဖူးကြောင်း၊ ဒေသခံများက ဆေးအဆိပ်လာရောက်ခပ်မည်ကို စိုးရိမ်သဖြင့် ထိုရေကို မသောက်သုံးရဲကြောင်း သိရသည်။

“ ကျနော်တို့က ဒီရေကို သောက်တယ်။ ထမင်းချက်တယ်။ အကုန်သုံးတယ်။ ဒီအရှေ့ဘက်ခြမ်းရေက သဘာဝတောင်ကျရေဖြစ်တယ်။သုံးလို့ကောင်းတယ်။ ဒီလိုရေတွေအမြှုပ်ထလာတာ အရင်က တခါမှမဖြစ်ဖူးဘူး။ အခုက ရွာအနောက်ဘက်ကရှိတဲ့ ရေကိုအသုံးပြုနေရတယ် ” ဟု ကျေးရွာခံဒေသတဦးက ပြောသည်။

ယခုလို ရေအမြှုပ်ထလာမှုကြောင့် ကျေးရွာခံ ပြည်သူများက အသက်အန္တာရယ်ထိ ထိခိုက်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“ ကြောက်တာပေါ့။ ကံကောင်းလို့ ဘယ်သူမှ မသုံးမိဘူး။ သောက်မိသုံးမိရင် ကျနော်တို့ အသက်အတွက် စိုးရိမ်ရတယ်လေ။ သူတို့ဒီလိုလုပ်တာတော့ မကောင်းဘူး။” ဟု ဒေသခံက ထပ်လောင်းပြောသည်။

ထိုသို့ ရေအမြှုပ်ထ အဆိပ်ခပ်သည့် ကိစ္စနှင့် ပတ်သတ်ပြီး (RCSS/SSA ) မှ မလုပ်ရကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒါက မဖြစ်နိုင်ဘူး။ ကျနော်တို့မလုပ်ရဘူး။ ကျနော်တို့ ပေါ်လစီမှာလည်း ဒေသခံပြည်သူတွေကို ဒီလိုလုပ်တာမျိုးမရှိဘူး။” ဟု RCSS ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

ဟူးကွက်ကျေးရွာတွင် အရှေ့ဘက်ခြမ်းတွင် RCSS/SSA တို့က တပ်ဆွဲထားပြီး အနောက်ဘက်ခြမ်းတွင် တပ်ပေါင်းစု SSPP , TNLA တို့က တပ်ဆွဲထားကြောင်းသိရသည်။

ဟူးကွက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားချိန်တွင် RCSS/SSA တပ်ဖွဲ့က ကျေးရွာခံဒေသများကို အသွားအလာ ပိတ်ပင်ခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်တွင် ဩဂုတ်လက စပြီး တပ်ပေါင်းစု (SSPP/SSA , TNLA ) နှင့် RCSS/SSA တိုက်ပွဲ များပြင်းထန်ခဲ့ပြီး ဒေသခံပြည်သူမျာက လွတ်မြောက်ရာဒေသတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...