Wednesday, January 28, 2026

ဖယ်ခုံမြို့နယ် စစ်ကောင်စီမှ ဖမ်းသွားသည့် လူငယ်များ ထောင်ဝင်စာတွေ့ခွင့်မရှိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းနှင့် ယခု အောက်တိုဘာ လဆန်းပိုင်းအတွင်း စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုကို ခံရသည့် လူငယ်များသည် ထောင်ဝင်စာတွေ့ခွင့် မရှိကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကုန်းသာတိုက်ပွဲအပြီးတွင် စစ်ကောင်စီတို့သည် ဖယ်ခုံမြို့နယ်အတွင်း ခြေကျင်လှည့်လည်ပြီး အပြစ်မဲ့ လူငယ် ၇ ဦးထက်မနည်းကို PDF ဟု စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဖယ်ခုံမြို့နေဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်ကလည်း ကျနော်တို့နယ်ထဲမှာ အဲ့လို အဖမ်းခံရတဲ့ လူငယ်တွေရှိနေပါတယ်၊ ကုန်းသာတိုက်ပွဲအပြီးမှာ တော့ သူတို့က လူငယ် ၇ လောက်ကို ဖမ်းခေါ်သွားတယ်၊ တချို့က ခုမှ ၁၈နှစ်၊ ၁၉နှစ် အရွယ်လေးပဲရှိသေးတယ်၊ သူတို့ (စစ်ကောင်စီ)ကို လာတိုက်တဲ့ PDF တွေလို့ ထင်ပြီး ဖမ်းသွားတာ၊ ကျနော်တို့နယ်ထဲမှာ အဖမ်းခံရတဲ့ လူငယ်တွေ က ၅၀ နီးနီးရှိနေပြီ” ဟု အထက်ပါ အမျိုးသား ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ လူငယ်များကို ညောင်ရွှေမြို့ရှိ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) တွင် ဖမ်းဆီးထိန်း သိမ်းထားသည်ဟုသာ သိရပြီး မည်သည့် အဆက်အသွယ်မှ မရရှိသည့် အပြင် ထောင်ဝင်စာပေးခွင့်လည်း မရှိ သည့် အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြကြောင်း တောင်လေးလုံးအကျဉ်းသားများကို ကူညီမှုပေး နေသည့် ပရဟိတ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ရရှိထားတဲ့ စာရင်းအရတော့ ဖယ်ခုံက ၅၁ ယောက် တောင်လေးလုံးထောင်ထဲမှာ ရှိနေတယ်လို့ သတင်းကြားမိပါတယ်၊ သူတို့လေးတွေအတွက် ထောင်ဝင်စာလဲလာတွေ့ခွင့်မရှိ စောင်တွေဘာတွေလဲ မရှိတော့ တတ်နိုင်သလောက်ကူပေးပါလို့ပြောလာတယ်” ဟု အဆိုပါ ပရဟိတ အမျိုးသားက ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတို့သည် သျှမ်း – ကယား (ကရင်နီ)နယ်စပ် သျှမ်းတောင် ဖယ်ခုံမြို့ အပါအဝင် မိုးဗြဲ နှင့် လွိုင်ကော်မြို့တို့တွင်လည်း အင်အားအများအပြားတိုးချဲ့ကာ ဌာနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် KNDF ပူးပေါင်းတပ်ဖွဲတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေလျက်ရှိပြီး ဒေသခံ ကျေးရွာနေပြည်သူများစွာလည်း စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...