ကျောက်မဲ ပုံဝိုးကျေးရွာ ဒေသခံ (၁၆၀)ကျော် ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင် ဒေသခံ (၁၆၀)ကျော် ကိုဗစ်ပိုး ကူးစက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းကစပြီး ပုံဝိုးကျောင်းတိုက်ရှိ ဦးဇင်းတစ်ပါး အနံ့ပျောက်ရာမှ ကိုဗစ်စစ်ဆေးလိုက်ရာ ပိုးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

“ကျောင်းမှာ ဦးဇင်းတစ်ပါးက အနံ့မရလို့ စစ်ကြည့်လိုက်တာ ပိုးတွေ့တယ်၊ နောက်ထပ်စစ်ကြည့် လိုက်တော့ ကိုရင်နဲ့ဦးဇင်း အားလုံး (၃၈)ပါး ကိုဗစ်ပိုး တွေ့ခဲ့တယ်။ အဲ့ချိန် ရွာထဲမှာလည်း နေမကောင်းတဲ့သူတွေ အရမ်းများနေတော့ စစ်ကြည့်လိုက်တာ၊ ပိုးကူးစက်တဲ့သူတွေက အရမ်းကို များသွားတယ်” ဟု ပုံဟိုးကျောင်းတိုက်မှ ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်မှစပြီး ယနေ့ချိန်ထိ ကျောက်မဲမြို့ ပုံဝိုးကျေးရွာ တစ်ရွာထဲတွင် ကိုဗစ်ကူးစက်ခံခဲ့ရသူ (၁၆၈)ဦးထိ ရှိခဲ့ပြီး အခြားကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်ခံရသူ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိုဗစ်ကူးစက်ခံရသူများထဲမှ အောက်ဆီဂျင်ကျသည့် လူနာတချို့သာ နောင်ပိန်နှင့် မြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရတာဖြစ်ပြီး ကျန်သည့် ကိုဗစ်လူနာများကို ကျေးရွာကျောင်းတိုက်တွင်သာ သီးသန့်ထားကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တာဖြစ်ကြောင်း သိရသည်။

“မြို့ကို သယ်သွားရင် ကုန်ကျစရိတ်လည်း များတယ်၊ နေရာလည်း ခက်တယ်လေ၊ စားသောက်ဖို့၊ သွားလာဖို့က အစ အခက်အခဲရှိတယ်၊ အဲ့တော့ ဒီမှာပဲ ကျန်းမာရေးပိုင်းနဲ့ တိုင်ပင်ပြီး စောင့်ရှောက်ပေး နေတာ၊ ခု အောက်ဆီဂျင်ရှူရတဲ့ လူနာလည်း တစ်ယောက်ပဲရှိတယ်” ဟု ပုံဝိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပုံဝိုးကျေးရွာကျောင်းတိုက်တွင် ကိုဗစ်လူနာ (၁၀)ဦးကျော်သာ ကျန်ရှိပြီး ကူးစက်ခံရသူထဲမှ (၁၀၀)ကျော် သက်သာပြီဖြစ်ကြောင်း၊ အသက် (၇၅)နှစ်အရွယ် သက်ကြီးလူနာတစ်ဦး အောက်ဆီဂျင် ရှူနေရကြောင်း ကျန်းမာရေးဆရာမ ထံမှ သိရသည်။

ထိုကျေးရွာအတွင်း နေထိုင်ကြသူများအနေဖြင့် ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ Mask တပ်ဆင်ခြင်းတို့ကို စနစ်တကျ ပြုလုပ်သင့်ကြောင်း၊ ထို့အပြင် နေမကောင်းပါက အမြန်ဆုံး ကိုဗစ်စစ်ဆေးမှုခံယူသင့်ကြောင်း အထက်ပါကျန်းမာရေး ဆရာမ က တိုက်တွန်းထားသည်။

ကျောက်မဲမြို့နယ်တွင် အောက်တိုဘာလ (၁၀)ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ (၁၅၆၈)ဦးထိ ရှိခဲ့ပြီး သေဆုံးသူ (၈၅)ဦးထိ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...