Tuesday, January 27, 2026

မူဆယ်-မန္တလေး မောင်းသည့် ကားသမား ဓားပြတိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှ မန္တလေးမြို့သို့ ကားမောင်းသည့် ခရီးသည်တင်ကားသမားတစ်ဦးသည် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီကျော်ဝန်းကျင်အချိန်တွင် မန္တလေးမြို့မှ မူဆယ်မြို့သို့ ခရီးသည် လာပို့သည့် ကားသမားတစ်ဦးသည် မူဆယ်မြို့နယ် တုန်ခန်အနီးတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ မှ ဓားပြတိုက်ခြင်းကို ခံရကြောင်း အဆိုပါကားသမားနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အောက်တိုဘာလ ၉ ရက်နေ့မှာ ဓါးပြတိုက်ခံရပါတယ်၊ သူက မန္တလေးကထွက်လာတာ နောက်ကျလို့ မူဆယ်ကို အဝင်လည်း နောက်ကျသွားတယ်။ မူဆယ်မရောက်ခင် ၁၀၅ နားက တုန့်ခန်မှာ ဓါးပြတိုက်ခံရတယ်တဲ့၊ သူ့(ကားသမား)ကိုလက်သီးနဲ့ မျက်နှာကိုတစ်ချက် ဗိုက်ကိုတစ်ချက်ထိုးတယ်တဲ့၊ သူ့နဲ့ ခရီးသည်က ပါလာတဲ့ ပစ္စည်းတွေ ပိုက်ဆံတွေရော ကားကစ ဓားပြ အဖွဲ့က အကုန်ယူသွားတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ဓားပြလာတိုက်သည့် အဖွဲ့သည် မျက်နှာဖုံးကိုယ်စီစွပ်ထားပြီး ၎င်းတို့တွင် ဓားနှင့် သေနတ်များပါရှိ ကြောင်းလည်း သိရသည်။

“ကြည့်ရတာ သူတို့က အမြဲတမ်းလှုပ်ရှားတဲ့ အဖွဲ့တော့ မဖြစ်လောက်ပါဘူး၊ မှောင်လည်းမှောင် ကြောက်လည်း ကြောက်နေတော့ စုစုပေါင်း ဘယ်လောက်လာကြလဲတော့ မသိဘူး၊ ကားသမားကို လာရိုက်တဲ့ တစ်ယောက်က ဓားကိုင်ထားတာ၊ သူ့ဘေးကတော့ သေနတ်(အတို) ကိုင်ထားတယ်” ဟု ကားသမားနှင့် နီးစပ်သူတစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်လာသော ၎င်းတို့လူတစ်စုသည်ပစ္စည်းများနှင့် ကားများကို ယူဆောင်ပြီး ဖောင်ဆိုင်ဖက် သွားသည့်လမ်းသို့ မောင်းနှင်သွားကြောင်း ဓားပြတိုက်ခံရသည့် ကားသမားနှင့် ခရီးသည် အမျိုးသမီးနှစ်ဦး တို့သည် လမ်းကြုံကားဖြင့် မူဆယ်မြို့သို့ ပြန်ရောက်လာရကြောင်း သတင်း သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သျှမ်းပြည် မြောက်ပိုင်း အဝေးပြေး လမ်းမကြီးဖြစ်တဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမ ပေါ်တွင် ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေေသော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အပြင် ဖြတ်သန်းသွားလာနေသည့် ကားများကိုလည်း စစ်ကောင်စီက ခြိမ်းခြောက် ချောဆွဲနေတာတွေ ရှိနေကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင် လည်ပတ်နေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင် လည်ပတ်နေကြောင်း သတင်းသိရသည်။

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...