ကျောက်မဲ အမှိုက်ပြဿနာ ဖြေရှင်းပေးရန် ဒေသခံများ မျှော်လင့်

သျှမ်းမြောက် ကျောက်မဲမြို့တွင်းရှိ ရပ်ကွက်များတွင် အမှိုက်သိမ်းယူမှုစနစ် အားနည်းနေခြင်းကြောင့် တာဝန်ရှိသူတို့မှ ဖြေရှင်းပေးရန် ဒေသခံများက မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်သည့်အပြင် နှစ်စဉ် လူဦးရေတိုးပွားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းယူမှုစနစ် အားနည်းခြင်းတို့ကြောင့် မြို့ပေါ် ရပ်ကွက်များတွင် အမှိုက်ပြဿနာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မိန်းလမ်းပေါ်တော့ အမှိုက်သိမ်းတာတွေ့တယ်၊ ဒါပေမယ့် ကျန်တဲ့ ရပ်ကွက်တွေထဲမှာ သိမ်းပေးဖို့ လိုတာ၊ အမှိုက်သွားပစ်ရတဲ့ နေရာကလည်း ဝေးတယ်၊ ကြုံတဲ့နေရာပစ်နေတဲ့သူက ပိုများတော့ အနံ့တွေလည်း မကောင်းတော့ဘူး” ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ မိန်းလမ်းတစ်လျှောက်နှင့် ဈေးအနီးတို့တွင် အမှိုက်သိမ်းယူမှုများ ရှိသော်လည်း ရပ်ကွက်များအတွင်းထိ အမှိုက်သိမ်းယူမှု မရှိကြောင်း၊ ထို့အပြင် ဒေသခံတချို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေသည့်အတွက် ရပ်ကွက်လမ်းများပေါ်တွင် အမှိုက်များ ပျံ့ကျဲကာ အနံ့အသက်ဆိုးများ ထွက်နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ နေအိမ်အတွင်း အမှိုက်များမီးရှို့ပါက ပတ်ဝန်းကျင်များကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် အမှိုက်စွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာအထိ သွားရောက်စွန့်ပစ်နေရကြောင်း ရပ်ကွက်(၂) အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“အမှိုက်ကို ကိုယ့်ဝိုင်းထဲ မီးရှို့မယ်ဆိုရင်လည်း အနံ့တွေက မကောင်းဘူး၊ ပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေဘူး၊ အဲ့တော့ အမှိုက်ကို စုပြီး (၃/၄)ရက်တစ်ကြိမ် သျှမ်းကျောင်းကြီးနောက်က အမှိုက်ပုံထိ သွားပစ်ရတယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။

ကျောက်မဲမြို့တွင်း အမှိုက်သိမ်းယူမှုနှင့်ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က ကုမ္ပဏီတစ်ခုအား တာဝန်ပေးရန် ညှိနှိုင်းမှုရှိခဲ့သော်လည်း ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးကြောင်း လူမှုအသိုင်းဝိုင်းမှ ဒေသခံတစ်ဦးထံမှ သိရသည်။

“အရင် အစိုးရလက်ထက်တုန်းက အမှိုက်ကို စနစ်တကျသိမ်းဖို့ ကုမ္ပဏီကို တာဝန်ပေးမယ်ဆိုပြီး ဆွေးနွေးတယ်ဆိုပြီး ကြားဖူးတယ်၊ ဒါပေမယ့် ဘယ်လိုပြဿနာတွေ ရှိခဲ့လဲတော့ သေခြာမသိဘူး၊ ခုထိ အကောင်အထည် မဖော်နိုင်သေးဘူး” ဟု အထက်ပါဒေသခံ က ပြောသည်။

ကျောက်မဲမြို့တွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၄)သိန်းဝန်းကျင်နေထိုင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ ပြင်းထန်ခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်သို့ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင် (၁၇၀၀)ကျော်ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကျောက်မဲမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၀)ရက်နေ့က စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ရေကြီးရေလျံမှုဖြစ်ကာ အိမ်ခြေ (၄၀၀)ခန့်ထိ ရေဘေးကြုံတွေ့ခဲ့ရကြောင်း၊ ထိုရေကြီးရေလျံမှုသည် (၄)နှစ်အတွင်း အကြီးမားဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...