ပင်လောင်းမြို့နယ် ကိုဗစ် ကာကွယ်ဆေးထိုးပြီး သေဆုံးသူ(၃)ဦးထိရှိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေဆုံးသူ( ၃) ဦး ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့ အရှေ့ဘက် ရပ်ကွက်တွင် စက်တင်ဘာ လလယ်က စတင်ပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီးသူများ (၂) ရက်ကြာတွင် သေဆုံးသွားကြောင်း၊ လက်ရှိတွင် သေဆုံးသူ (၃) ဦးလောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

ထိုသေဆုံးသွားသူများသည် အသက်ကြီးသူများဖြစ်ပြီး ရောဂါအခံရှိသူများ ဖြစ်ကြောင်း သိရသည်။

“ သေသွားတာရှိတယ်။ သူတို့တွေက အသက်ကြီးတဲ့သူဖြစ်တယ်။ ၆၀ လောက်ရှိပြီ။ ရောဂါအခံလည်းရှိတဲ့ သူတွေ။ ဒါမဲ့ သူတို့က ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပြီး (၂) ရက်နေပြီးတော့ သေသွားတယ်။ ဘာကြောင့်သေလည်းတော့ သေချာပြောလို့မရသေးဘူး။ ဒါမဲ့ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း သေတာ။ ကျမသိရသလောက်တော့ (၃) ယောက်လောက်ရှိနေပြီး ” ဟု ပင်လောင်းမြို့ ဒေသခံ ကိုယ်တွေ့ကြုံရသူက ပြောသည်။

ပင်လောင်းမြို့နယ် ကျေးရွာဘက်တွင် ကိုဗစ် -၁၉ ပိုးကူးစက်သူမြင့်တက်လာကြောင်း၊ ထိုကိစ္စနှင့်ပတ်သတ်ပြီး တာဝန်ရှိသူများ သတင်းဖုံးကွယ်ရန် ကြိုးစားနေလျက်ရှိကြောင်းသိရသည်။

ပင်လောင်းမြို့နယ်တွင်း ကိုဗစ် -၁၉ မြင့်တက်လာရခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာ (၂) ရက်နေ့က ဟိုပုံးကိုရင်းလေး ဈာပနပွဲကို သွားလာပြီးပြန်လာသူများမှ တဆင့် ပြန်ပွားလာကြောင်းသိရသည်။

“ ရွာကဖြစ်တယ်ဆိုတော့ သူတို့သတင်းဖုံးချင်နေတာ။ ဟိုပုံးကိုရင်းလေး ဈာပနာသွားလာပြီးနောက် သေတဲ့သူများ လာတယ်။ သေတဲ့သူကလည်း ရောဂါအခံရှိသူနဲ့ ကာကွယ်ဆေးထိုးပြီးတာသူတွေဖြစ်တယ်လို့ပြောတယ်။ အခုက ရွာတွေဘက်မှာ ပေးမဝင်တော့ဘူး” ဟု ပင်လောင်းမြို့ ပရဟိတ လုပ်ကူးပေးနေသည့် သူက ပြောသည်။

ပင်လောင်းမြို့ ကျေးရွာဘက်တွင် ကိုဗစ် -၁၉ မြင့်တက်လာသော်လည်း ရွာသူကြီးများက ရွာတွင်း ‌ပေးမဝင်ဘဲ သာမာန်တုတ်ကွေးတာ ဖြစ်ကြောင်း ပရဟိတ အဖွဲ့များကို ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။

“ ရွာသူကြီးတွေက ရွာထဲ ပေးမဝင်ကြဘူး။ သာမာန်တုတ်ကွေးဖြစ်တယ်ဆိုပြီး ကြိတ်ကုနေကြတာလား မသိဘူး။ ဆေးဖြန်းအဖွဲ့တွေ ရဲတွေလာလည်း ရွာထဲပေးမဝင်ဘူး။ ဟိုပုံးကိုရင်လေး ဈာပနာသွားလာပြီးတော့ ကိုဗစ် ရောဂါက အရမ်းထနေတယ်။ ရေဦးရွာနားကဆို အိမ်စေ့တိုင်းက ဖြစ်ချင်နေပြီး။” ဟု အမည်မဖော်လိုသည့် ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်တွင် လက်ရှိကိုဗစ် -၁၉ မြင့်တက်နေသည့် ကျေးရွာသည် ရေဦးနှင့် ဆောင်းပြောင်း ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့တွင် ကိုဗစ်- ၁၉ ပိုးမြင့်တက်လာမှုကြောင့် လက်ရှိအချိန်တွင် ပိုးတွေ့လူနာ နှင့် သေဆုံးသူ မည်မျှရှိကြောင်းကို မသိရှိရတော့ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

နှစ်စဉ်ကြုံရသည့် ခရမ်းချဉ်သီးပြဿနာ

0
စျေးကွက် ကောင်းလာနိုင်သည် ဆိုသည့် မျှော်လင့်ချက်ဖြင့် သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ပျိုးခဲ့သော်လည်း စျေးကွက် မရကာ လမ်းဘေးတွင် သွန်လိုက်ရသည့် အခြေအနေသို့ ထပ်မံရောက်ရှိနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်မှ စပြီး ခရမ်းချဉ်သီး စျေးနှုန်းသည် တပိဿလျှင် ၄၀၀ကျပ်နှင့် ၅၀၀ကျပ်ထိ ထိုးကျဆင်းလာခဲ့သည်။ ခရမ်းချဉ်သီးများသည်...