Wednesday, January 28, 2026

(၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပုံစာ- နေရပ်ပြန်ရန် ပြင်ဆင်နေသည့် စစ်ရှောင်များ

စက်တင်ဘာ (၁၄) ရက်နေ့ကတည်းက သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

“မနေ့တော့ တစ်နေ့လုံး လက်နက်သံတွေ မကြားရတော့ဘူး။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဟိုခဲကျေးရွာအုပ်စုထဲက ကျေးရွာ တွေ အများကြီး ပြန်သွားကြပြီ သူတို့လာတာလဲ တစ်လ ရှိတော့မယ် အဲ့ကြောင့် သူတို့လဲ ပြန်ချင်နေကြပြီ” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦး ကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၃၀၀၀) ကျော် ကျန်ရှိနေပြီး ၎င်းတို့သည် ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၀၀) ခန့် နှင့် ပန်ကေတု ကျေးရွာအုပ်စုမှာ (၂၁၀၀) ကျော်ခန့် ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

“၃ ထောင်ကျော်လောက်တော့ ကျန်သေးတယ်။ ဟိုခဲကျေးရွာအုပ်စုထဲက တိုက်ပွဲတွေ ငြိမ်သွားပြီ။ နောက်ဆုံးလာဖြစ်တာက ပန်ကေတုမှာပဲ လာဖြစ်တော့တာ” ဟု ပန်ကေတု က စစ်ရှောင်ကူညီပေးသူ တစ်ဦးကပြောသည်။

အောက်တိုဘာ (၉) ရက်နေ့က စပြီး ဟိုခဲကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စုထဲ အတွင်းရှိ ကျေးရွာတစ်ချို့ စစ်ဘေးတိမ်းလာသည့် ဒေသခံများ နေရပ် ပြန်သွားကြပြီဖြစ်သည်။

“တိုက်ပွဲနဲ့ မနီးတဲ့ ကျေးရွာ တစ်ချို့တွေတော့ အိမ်အခြေနေကို ပြန်ကြည့်ကြတယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းတော့ တိုက်ပွဲ ကြီးကြီးမားမားတော့ မရှိဘူး။ စစ်ရေးတင်းမာတာတွေတော့ ရှိတယ်။ တိုက်ပွဲတော့ ငြိမ်နေသေးတယ်”ဟု RCSS ၏ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ ဟိုခဲကျေးရွာအုပ်စု ဟမ်းငိုင်းကျေးရွာအုပ်စု ပန်ကေတုကျေးရွာအုပ်စု ရှိ ဒေသခံများ (၅၀၀၀) ကျော် နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲကြောင့် ဒေသခံများ လက်နက်ကြီး (၄) ဦးထိမှန်ပြီး တစ်ဦး သေဆုံးခြင်း၊ ခြံအတွင်း မြေမြုပ်မိုင်း နင်းမိပြီး (၂) ဦး ဒဏ်ရာ ရရှိခဲ့ခြင်း များ ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...