မိုင်းကိုင် မြေမြုပ်မိုင်းနင်းမိပြီးနောက် စစ်ရှောင်များ စိုးရိမ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ အရပ်သား သွားလာသည့်နေရာထိ မြေမြုပ်မိုင်းများ လာရောက်ထောင်ထားသည့်အတွက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပါက မိုင်းအခြေအနေကို စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ (၅) ရက်နေ့က ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္မော်ခြံအတွင်း အမျိုးသား (၂) ဦးမြေမြုပ်မိုင်း နင်းမိသည့်အတွက် စစ်ရှောင်များသည် နေရပ်သို့ ပြန်လျှင် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြကြောင်း စစ်ရှောင်များက ဆိုသည်။

“ကျမတို့ မပြန်ရဲသေးဘူး။ မြေမြုပ် လည်း ကြောက်ရတယ်။ လက်နက်ကြီး ကျမှာလည်း ကြောက်နေရတယ်” ဟု ဟမ်းငိုင်းကျေးရွာက အသက် (၂၅) နှစ်အရွယ် အမျိုးသမီး တစ်ဦးကပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ခြံအတွင်း မြေမြုပ်မိုင်းနင်းမိခြင်းသည် ယခုမှ ရှိခဲ့ဖူးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စစ်ရှောင်တွေ ပြန်သွားရင်လည်း သူတို့ခြံတွေ တောင်ယာတွေ သွားချိန်မှာ မြေမြုပ်မိုင်း တွေ နင်းမိမှာ စိုးရိမ်နေတယ်။ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီး အသိပညာပေးတွေ ရှိဖို့ လိုအပ်နေတယ်” ဟု ဟမ်းငိုင်း စစ်ရှောင် ကော်မတီဝင် တစ်ဦး ကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲများ တင်းမာနေပြီး စစ်ရှောင်များလည်း နေ့စဉ်နှင့် အမျှ နေရပ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များသည် မြေမြုပ်မိုင်းကို စတင်အသုံးပြုလာကြပြီး၊ တိုက်ပွဲပြီးသွားပါက မိမိတပ်ဖွဲ့ထောင်ထားသည့် မိုင်းကို ရှင်းလင်းသွားခြင်းမရှိသည့်အတွက် ပြည်သူများသာ ခံနေရကြောင်း လူ့အခွင့်အရေး နှင့် ပတ်သက်ပြီး ဆောင်ရွက်နေသည့် အမျိုးသမီး တစ်ဦးကဆိုသည်။

မြေမြုပ်မိုင်း အသုံးပြုမှုကို နိုင်ငံတကာ ပိတ်ပင်တားဆီးထားသော်လည်း မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်း အများဆုံး အသုံးပြုသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ မိုင်းကိုင်မြို့နယ်တွင်း ဖြစ်ပွားသော တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲကြောင့် စစ်ရှောင်များ ပန်ကေတုကျေးရွာအုပ်စု ၊ ဟမ်းငိုင်းကျေးရွာအုပ်စု ၊ ဝိန်းငင်းဘုန်းကြီးကျောင်း စသည့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီးရောက် စစ်ရှောင်များကို စစ်တပ်က နေရပ်အတင်းပြန်ခိုင်း၊ မပြန်လျှင် မြေသိမ်းမည် ခြိမ်းခြောက်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ကရင်နီပြည်ဘက်မှ လာရောက်စစ်ရှောင်သူများကို စစ်ကော်မရှင်တပ်က နေရပ်ပြန်ရန် အတင်းဖိအားပေးနေပြီး၊ မပြန်လာလျှင် အိမ်ခြံမြေများ သိမ်ဆည်း မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် စစ်ကော်မရှင်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေး တပ် KNDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီး...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...