မုံးကိုးမြို့နယ် တိုက်ပွဲများဆက်လက်ဖြစ် စစ်ကောင်စီဘက် စစ်ကူအင်အားချီတက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတို့မှ စစ်ကူအင်အား အများအပြား ဆက်လက်ချီတက်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့( အောက်တိုဘာ ၇ )ရက် ညပိုင်းအချိန်မှ စတင်ကာ မုံးကိုးမြို့နယ် ဖောင်းဆိုင်ကျေးရွာတွင် ဖြစ်ပွားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲသည် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ အာရုဏ်ဦးချိန်အထိ ပြင်းထန်နေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ကိုးကန့်တပ်က ဖောင်းဆိုင်ဖက် ရွာနီးကို နေရာယူပြီးတော့ စစ်ကောင်စီနဲ့တိုက်တယ်၊ ည ဦးပိုင်းအထိ ပစ်ခတ်သံတွေကြားရတုန်းပဲ၊ ဒီနေ့တော့ မိုးတောင်မလင်းသေးဘူး ပစ်ခတ်သံတွေ စကြားရတာ၊ စစ်ကောင်စီ တွေက မုံးကိုးဘက်မှာလည်းတိုက်တယ်၊ ဖောင်းဆိုင်ဘက်မှာလည်းသူတို့က နေရာယူပြီးတော့ ကိုးကန့်တွေကို ပစ်တာ၊ လက်နက်ကြီးရော လက်နက်ငယ်ရော သေနတ်သံတွေရော ကြားရတယ်” ဟု ဖောင်းဆိုင်ရွာဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၇ )ရက်တွင် ပန်ဆိုင်းမြို့နယ်ဘက်၌ ညနေ ၅ နာရီဝန်းကျင်မှ ၈နာရီကျော် သည်အထိ စစ်ကောင်စီနဲ့ ကိုးကန့် တပ်မတော် (MNDAA) တို့သည် နမ့်တာဘတ်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း နမ့်တာဘတ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ရွာနားမှာပဲတိုက်ပွဲဖြစ်ပွားတာ၊ နှစ်ဖက်ကအချင်းချင်းပစ်တဲ့ ယမ်းငွေ့တွေရော မီးလျှံတွေရော လှမ်း မြင်ရတယ်။ မိုင်း ပေါက်သံတွေ လည်းကြားတယ်။ လက်နက်ငယ်ရောပဲ။ တစ်ခါတစ်ခါ သေနတ်ကျည်ဆန်တွေက ရွာနားဖက်တောင်လာကျသေးတယ်” ဟု နမ့်တာဘတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ (အောက်တိုဘာ ၈ )ရက် မနက် ၄ နာရီဝန်းကျင်အချိန် တိုက်ပွဲသံများ စထွက်ပေါ်ကာစတွင် စစ်ကောင်စီဘက်က စစ်ကား ၁၀ စီးခန့်နှင့် အင်အား ၂၀၀ နီးပါးခန့်သည် အင်အားထပ်ဖြည့်ဖို့ ပန်ဆိုင်းမှ မုံးကိုးမြို့ဘက်သို့ ဦးတည်သွားတာ တွေ့ရှိရကြောင်းလည်း သတင်းသိရသည်။

မူဆယ်ခရိုင် မုံးကိုးမြို့နယ်အတွင်းတွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကတည်းက စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော်တို့က တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်ထွက်ပြေးနေရပြီး တိုက်ပွဲက ဒီထက်ကြာရှည်ပြီး ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...